ပစ္စည်းေ ဟာင်းတွေကို မျက်လှည့်ပြ လိုက်သ လို အကောင်း ဆုံးဖြစ်အောင် ပြင် ဆင်နိုင်ခဲ့တဲ့ ဓာတ်ပုံေ တွအေ ကြာင်းပဲ ဖြစ်ပါတယ်။ လူတိုင်း က ပစ္စည်းအသစ် အ ဆန်းလေးတွေ တွေ့ရင် ဝယ်ချင်၊ သိမ်းချင်ြ ကလေ့ရှိေ ပမယ့်လည်း တကယ်တမ်း မှာတော့ လိုအပ်တာ မလိုအပ်တာတွေ သေချာမစဉ်းစားပဲ ဝယ်ခဲ့တာမို့ တစ်ချို့ အိမ်တွေဆိုရင်လည်း ပစ္စည်းတွေနဲ့ ပြည့်နှက်နေ တတ်ပါတယ်။
ဒီလိုပါပဲ ပစ္စည်းအေ ဟာင်းတွေကို ပြန်လည် အသုံးမပြုတော့ပဲ လွှင့်ပစ်လိုက်တ ယ်ဆိုတာ ကလည်း ငွေကြေး ဖြုန်းတီးရာရော က်စေတာမို့ အခုဖော်ပြပေးလို က်တဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ပြန်လည်ပြင် ဆင်သုံးစွဲနိုင်တဲ့ အိုင်ဒီယာကော င်းတွေရ လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
(၁)

ဒီကားကို ပြန်လည်ပြင်ဆင်ဖို့အတွက် ၂ နှစ်ကြာခဲ့ပါတယ်။ လူတစ်ယောက်ဟာ သူတို့မှာရှိတဲ့ ရှေးတုန်းကကားအဟောင်းလေးကို မရရအောင် ပြန်လည်ပြင်ဆင်ဖို့အတွက် သူ့နဲ့ သူ့ပထွေးတို့က ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်နှစ်ကြာအချိန်ယူပြီး ပြင်ဆင်လိုက်တဲ့အခါမှာတော့ လုံးဝအသစ်တိုင်းနီးပါးကောင်းမွန်တဲ့ ကားလေးကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
(၂)

စုတ်တံအဟောင်းတွေကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ စုတ်တံဟောင်းတွေ ဆိုတာကလည်း အိမ်တိုင်းမှာ ရှိတတ်တဲ့အရာမျိုး ဖြစ်ပြီး သုံးပြီးရင် လွှင့်ပစ်လိုက်ကြတာမျိုးပါ။ အခုလို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ် အသုံးဝင်နေတဲ့အတွက် တီထွင်သူရဲ့ အိုင်ဒီယာကို ကျေးဇူးတင်ရမှာပဲ ဖြစ်ပါတယ်။
(၃)

သစ်ပင်အစိတ်အပိုင်းတွေနဲ့ လုပ်ထားတဲ့ ကြမ်းပြင်တစ်ခု။ အရီဇိုးနားပြည်နယ်မှ အမျိုးသမီးတစ်ဦးက သစ်တောထဲက သစ်ပင်သေတွေကို တရားဝင်တောင်းယူခဲ့ပြီးတော့ သူမနေအိမ်ကြမ်းပြင်ပေါ်မှာ သစ်မာပြား တစ်ချပ်ခင်းပြီး ခင်ပွန်းဖြစ်သူနဲ့အတူလှပတဲ့ ကြမ်းပြင်တစ်ခုကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
(၄)

ပွယောင်းနေတဲ့ ရှပ်အင်္ကျီ တစ်ထည်လည်း ပြန်လည်ပြုပြင်တတ်ရင် လှပတဲ့ ဂါဝန်တစ်ထည် ဖြစ်လာနိုင်ပါတယ်။ ကဲလိုက်ဖက်သွားပါပြီ။
(၅)

အသစ်ဖြစ်သွားတဲ့ ထိုင်ခုံပြင်ဆင်မှုလေးတစ်ခုဖြစ်ပါတယ်။ ဈေးပေါပေမယ့် အသုံးပြုဖို့ကောင်းမွန်နေတာ လုံလောက်တာထက်တောင် ပိုနေခဲ့ပါတယ်။ ထိုင်ခုံကို ဆေးပြန်သုတ်ဖို့ သုံးဒေါ်လာလောက်သာ သုံးခဲ့တာဖြစ်ပြီး ထိုင်ခုံကူရှင်ချုပ်ဖု့ိအတွက်ကတော့ အဝတ်ဟောင်းတစ်ထည်ကိုသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။
(၆)

အလှကုန်ပစ္စည်းတွေထည့်သုံးရတဲ့ ရေခဲသေတ္တာကို အထွေထွေသုံးစွဲနိုင်အောင်အတွက် ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့်မိန်းမက ဒီရေခဲသေတ္တာအဟောင်းကို ဒေါ်လာ ၈၀ နဲ့ ရလိုက်တာပါ။ ရေခဲသေတ္တာက သုံးလို့ရသေးတယ်ဆိုတာလောက်ပဲ သိခဲ့တာပါ။
ခြစ်ရာတွေ ၊ချိုင့်ခွက်တွေ သံချေးတက်တာတွေ အပြည့်ပါပဲ။ ဒါတွေအကုန်လုံးကို ပြင်ပြီးနောက်မှာ အရောင်ပါပြောင်းပစ်လိုက်ပါတယ်။ အခုတော့ ဒီရေခဲသေတ္တာထဲကို ဘီယာတွေအပြည့် ထည့်ထားပါတယ်။
(၇)

ခရီးဆောင်သေတ္တာ အဟောင်းကို ကက်ဆက်ပုံစံပြင်ဆ င်လိုက်ပါတယ်။ ဟိုးအရင်တုန်းက ခေတ်ဟော င်းကက်ဆက်ကြီး ပုံစံမျိုးတပ်ဆင်လိုက်တာ ဖြစ်ပြီး အိတ်အဟောင်းက မယုံနိုင်စရာ လှပသွားပါတော့တယ်။
(၈)

ဂျက်လေယာဉ်တာဘိုင်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးကျင်းပနိုင်တဲ့ စားပွဲတစ်ခုဖြစ်ပါတယ်။ အိုင်ဒီယာဆန်းဆန်း လေးတစ်ခုဖြစ်ပြီး တကယ်လည်း အသုံးဝင်စေတဲ့ တီထွင်မှုဖြစ်ပါတယ်။
(၉)

ရှေးဟောင်းပစ္စည်းဆိုင်ကနေ ဝယ်လာခဲ့တဲ့ ဒယ်အိုးတစ်လုံးကို ပြန်လည်အသုံးပြုလို့ရအောင် စီစဉ်ခဲ့ပါတယ်။ အိုးရဲ့မျက်နှာပြင်အပေါ်ယံမှာ သံချေးတွေရှိနေခဲ့ပြီး အဲဒါတွေကို ရေနဲ့ရှာလကာရည်ရောဖျော်စပ် ထားတဲ့ရေမှာ စိမ်ပြီး ဆေးကြောခဲ့ပါတယ်။
ပြီးနောက်မှာတော့ အိုးထဲကို ဆီထည့်ပြီး မီးဖိုထဲမှာ အစမ်းထား ကြည့်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒီဒယ်အိုးဟာ ကြေးနီပါဝင်မှုများတဲ့ ဒယ်အိုးလေးဖြစ်နိုင်ပြီး အခုဆိုရင် ကောင်းကောင်းအလုပ်လုပ်နေပြီ ပဲဖြစ်ပါတယ်။
(၁၀)

ဖန်ခွက်ဖန်အိုးများနဲ့ ပြုလုပ်ထားတဲ့ ဖန်လုံအိမ်ဥယျာဉ်လေး တစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အိုင်ဒီယာတွေ က ဘယ်လိုပစ္စည်းမျိုးကိုမဆိုလှပအသုံးဝင်အောင် ဖန်တီးလို့ရတယ်ဆိုတာ သက်သေပြနေပါတယ်။
(၁၁)

လှေကားဟောင်းနဲ့လှပတဲ့ စင်လေးတစ်ခုပြုလုပ်နိုင်ပါတယ်။ အိမ်တွေတော်တော်များများမှာတော့ လှေကားဟောင်းတွေ ရှိတတ်ကြပေမယ့် များသောအားဖြင့် ချောင်မှာ ထိုးထားတာပဲများပါတယ်။ ဒီလိုလေးသာ ပြန်ပြင်လိုက်မယ်ဆိုရင်တော့ လှပတဲ့စင်လေးတစ်ခုကို ရရှိမှာပဲဖြစ်ပါတယ်။
(၁၂)

ကွန်ပျူတာအဟောင်းများမှ အစိတ်အပိုင်းများကို ဘောပင်လ်လေးတစ်ခု ပြုလုပ်လိုက်တာဖြစ်ပါတယ်။လိုက်လုပ်ဖို့ မလွယ်ပေမယ့်လည်း ဒါကတီထွင်ဆန်းသစ်မှုတစ်ခု ဖြစ်တဲ့အတွက် မှတ်တမ်းတင်ထားဖို့သင့်လှပါတယ်။
(၁၃)

သစ်သားအဟောင်းတွေနဲ့ သံချေးတက်နေတဲ့ ချိန်းကြိုးတွေကို အသုံးပြုပြီးတော့ ကော်ဖီစားပွဲလေးပြုလုပ်ထားတာ တကယ့်ကိုမှ လှပပြီးလိုချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။
(၁၄)

ထမင်းစားပွဲဟောင်းကြီးကို ကစားပွဲကျင်းပရာနေရာတစ်ခုကို အဖေနဲ့ ကျွန်တော်ပူးပေါင်းပြီး ပြန်ပြင်ခဲ့ပါတယ်။
(၁၅)

စက်ဘီးတာယာအဟောင်းတွေက ဒီလို အသုံးပြုလို့ရတယ်ဆိုတာ အခုမှပဲသိပါတော့တယ်။ နက်ကတိုင် ဖဲပြားလေးကို စက်ဘီးတာယာအဟောင်းနဲ့ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
(၁၆)

အသုံးဝင်လွန်းလှတဲ့ တောင်မွှေးတစ်ချောင်းပါပဲ။ ဒီလမ်းလျှောက်အကူတုတ်မှာ ဓား၊ နာရီ၊ သံလိုက်အိမ်မြှောင်၊ လက်နှိပ်ဓာတ်မီး စတဲ့ တကိုယ်ရည်သုံး ဆောင်မှုပစ္စည်းတွေ အကုန်ပါတဲ့ အောလ်အင်ဝမ်း တုတ်ပဲ ဖြစ်ပါတယ်။
(၁၇)

အသုံးမပြုတော့တဲ့ ဒီဗီဒီခွေတွေကို လွှင့်ပစ်နေဦးမှာလား။ ဒီဗီဒီအပိုင်းအစတွေနဲ့လုပ်ထားတဲ့ ပန်းချီကားပုံစံ ကောင်တာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ပါတေးရှင်း လှလှလေးလုပ်ချင်တယ်ဆိုရင် ဒီဗီဒီခွေ အဟောင်းတွေကို သတိရလိုက်ပါ။
(၁၈)

ခြံစည်းရိုးအဟောင်းကိုသုံးပြီး တံခါးသစ်တစ်ခု ဖန်တီးလိုက်တဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ ငွေကြေးချွေတာရာလည်း ရောက်လို့ ဒီအိုင်ဒီယာလေးကိုလည်း မှတ်ထားသင့်ပါတယ်နော်။
(၁၉)

အရမ်းကြိုက်နှစ်သက်တဲ့ အိပ်လေးဖြစ်နေလို့ မလွှင့်ပစ်ရက်ပါဘူး… ဒါကြောင့်ပြန်ပြင်လိုက်တဲ့အခါ နဂိုထက်တောင် လှပသွားပါတယ်။ ကဲအိတ်အဟောင်းတွေကို လွှင့်ပစ်မလား၊ ပြန်ပြင်ကြမလား။
(၂၀)

ကော်ဖီအိုးအဟောင်လေးကို စိတ်ကူးစိတ်သန်းကောင်းစွာနဲ့ ဒီလိုမျိုးလေး ပြင်ဆင်လိုက်ပါတယ်။ အရမ်းလှပတဲ့ အပင်လေးတွေ၊ ကျောက်စရစ်ခဲလေးတွေနဲ့ မျက်လုံးအေးစေတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။
(၂၁)

သတ္တုအပိုင်းအစတွေကို သုံးပြီး စက်ရုပ်ကြီးတစ်ခု တည်ဆောက်ခဲ့တဲ့သူဖြစ်ပါတယ်။ စိတ်ကူးနဲ့တီထွင် မှုတွေကတော့ လက်ဖျားခါလောက်ပါရဲ့..။
(၂၂)

ခုလိုခေတ်ကြီးထဲမှာ အသုံးမဝင်တော့တဲ့ Floppy Disk တွေကို ခုလို နံရံမှာ အလှဆင်လိုက်တော့ လှမနေဘူးလားနော်။ အသုံးမဝင်လို့ လွင့်ပစ်ရမယ့်အတူတူ အသုံးဝင်တဲ့အရာတစ်ခု ဖန်တီးလို့ရသွားတာပေါ့။
အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ဒီထဲကနည်းတစ်ခုခုကို လိုက်သုံးမလား။ ပစ္စည်းတစ်ခုပျက်သွားပြီ ဆိုတာနဲ့ ချက်ချင်း လွှင့်ပစ်မလား။ ဒါမှမဟု တ်ပြန်ပြင်ပြီးသုံးမလား…အဟော င်းတွေကို တစ်ဖန်အ သစ်ပြန်လည် ဆန်းသစ်ပြီး ငွေကိုချွေ တာကြမလားဆိုတာ စိတ်ကြိုက်ရွေးချယ်နိုင်ကြပါစေနော်…။
လေးစားစွာဖြင့် SNS