အားပေးခဲ့ကြပေမဲ့ တချို့သောပရိတ်သတ်တွေ မသိခဲ့ရတဲ့ မင်းသမီးကြီး ခိုင်ခင်ဦး အား သရုပ်ဆောင်ခွင့်(၅)နှစ် ပိတ်ပင်ခံရတဲ့ အကြောင်းအရင်း…

Posted on

အခုတစ် ခါမှာ ဆိုရင် ပရိတ်သတ် တွေ သိချင် နေကြတဲ့ မင်းသမီးကြီး ခိုင်ခင်ဦးအား သရုပ်ဆောင်ခွင့်(၅)နှစ် ပိတ်ပင်ခံရတဲ့ အကြောင်းအ ရင်းကို အခုလို ပြောပြပေး သွားမှာပဲ ဖြစ်ပါတယ်နော်။

နဝတ စစ်အစိုးရလက်ထက်တုန်းက သ‌ရုပ်ဆောင် ခိုင်ခင်ဦးကို မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စား ဆင်ယင်မှုများနှင့် စတိတ်ရှိုး ဖျော်ဖြေပွဲ များတွင် အများပြည်သူ ကြည့်ရှု ၍ မသင့်အောင် ရိုက်ကူးပြ သတယ် ဆိုပြီးတော့ အနုပညာပ ညာလုပ်ငန်းများ မပြုလုပ်ရန် တားမြစ် ခဲ့ပါတယ်၊ ၁၉၉၀-ခုနှစ်က ရန်ကုန်စတိတ် ရှိုး ဖျော်ဖြေ ပွဲတစ်ခုမှာ သီဆို ဖျော်ဖြေ ခဲ့တဲ့ ဗီဒီယိုကြောင့် ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုမှာ အင်္ကျီလက်တစ် ဖက် ပုခုံးက ပြုတ်ကျ နေတာကို ဗီဒီယို ရိုက် ကူးသူက ရည်ရွယ်ချက် ရှိရှိ အနီးကပ် ဆွဲယူ ရိုက်ကူးတာတွေ တွေ့ရ ပါတယ်။ ( ဒီကိစ္စနောက် ကွယ်မှာ နိုင်ငံရေးပ ယောဂလည်း ပါတယ်လို့ တချို့က ပြောကြပါတယ်။ ) ၂၀၂၀-ခုနှစ်က အင်တာဗျူး တစ်ခု မှာတော့ အနုပညာလုပ်ခွင့် ( ၅ ) နှစ် ပိတ်ပင် ခဲ့ပေမယ့်၊ ( ၂ ) လ ထဲနဲ့ အဆင်ပြေပြေ ကျေအေး ပေးခဲ့ တယ်လို့ သရုပ်ဆောင် ခိုင်ခင်ဦး က ဖြေပါတယ်။

သို့သော် အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ခိုင်ခင်ဦးကို အနုပညာ လောကထဲမှာ သိပ်မတွေ့ရ တော့ပါဘူး။ ခိုင်ခင်ဦး ဟာ 1982-ခုနှစ်က “မေတ္တာအသင်္ချေ” ဇာတ်ကားဖြင့် အကယ်ဒမီဆု(ဇာတ်ပို့) ရရှိ ခဲ့ပါတယ်နော်။

Zawgyi





Leave a Reply

Your email address will not be published.