အိမ်ကနေ Online Class တက်မယ့် ကလေးငယ်များအတွက် ကြိုတင်ပြင်ဆင် ပံ့ပိုးပေးသင့်သည့် နည်းလမ်းများ
Posted on
♦သင့်တော်သော Device ( Tablet, Laptop, TV) စသည်တို့သည် ကောင်းမွန်စွာ အလုပ်လုပ်ပါစေ။ Internet လိုင်းကောင်းနေစေရန်လည်း သတိပြုပါ..
♦ကလေးတို့သည် ဖန်သားပြင်တွင် သင်ယူမှု ပြုရချိန်တွင် ထူးဆန်းသော တုံ့ပြန်မှုများကို အစပိုင်း သင်ခန်းစာအချိန်များတွင် ကလေးတိုင်းလိုလို ပြုလုပ်ကြပါသည်။ စိတ်မပူပါနှင့်.. အရင်လို သူငယ်ချင်းများ၊ ဆရာမများကို မတွေ့ရဘဲ၊ ဖန်သားပြင်ကြီးပေါ်မှ မြင်နေရခြင်းမှာ ကလေးငယ်အတွက် အနည်းငယ်ထူးဆန်းနေပါလိမ့်မည်။
အတန်းနှင့် အသားကျလာသောအခါ ကလေးအတော်များများသည် ယခင်စာသင်ခန်းတွင် သင်ယူနေရသလို ပျော်ရွှင်စွာ ပါဝင်လာသည်ကို မြင်တွေ့ရပါလိမ့်မည်။
♦ကလေးတို့ သင်ယူမှုပြုလုပ်ရန်နေရာသည်နောက်ခံအသံများ ဝင်ရောက်မှု နည်းသော နေရာဖြစ်ပါစေ။
♦ကလေးဘေးမှ စကားများ တတွတ်တွတ်ပြောဆိုခြင်းကို သတိပြုစေလိုပါသည်။ (ဥပမာ- ဆရာမနှင့် အပြိုင် စာသင်ကြားခြင်းများ မပြုပါနှင့်။)
♦ဆရာမစာသင်နေချိန်တွင် ကလေးလိုအပ်မည်ထင်သော အကူအညီအချို့ကို ပေးရန်သာ အသင့်အနေအထားဖြင့် ကလေးဘေးတွင် ရှိနေပေးပါ။
♦သင်ခန်းစာ မစမှီတွင် မျက်နှာသစ်၊ အဝတ်လဲ၊ စားစရာများ ကြိုတင်ကျွေးထားပါ။ စာသင်ချိန်တွင် သင်ခန်းစာများကို ကောင်းစွာ အာရုံစိုက်နိုင်ရန် စာသင်နေချိန် အစားအစာများ အတင်းကျွေး ခြင်းကို သတိပြုစေလိုပါသည်။
♦မိဘများမှ ဆရာမကို စာသင်နေချိန်တွင် မေးခွန်းများအတင်းမေးခြင်းကို သတိပြုစေလိုပါသည်။ မေးလိုသော မေးခွန်းကို ရေးမှတ်ထားပါ။ စာသင်ချိန်ပြီးဆုံးမှသာ ဆရာမကို မေးလိုသည့်မေးခွန်းများ မေးပါ။ ကလေးအားလပ်ချိန်မှသာ သင်ခန်းစာများကို ပြန်လည်ဆွေးနွေးပါ။ ဆရာမစာသင်နေချိန်တွင် မိမိကလေးကို အတင်းသင်ကြားမှု မပြုပါနှင့်။
♦online class (zoom, messenger တို့မှ တစ်ဆင့်တက်ရောက်ခြင်းဖြင့်) ကလေးငယ်သည် သူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ်သွားခြင်း၊ သင်ခန်းစာများကိုလည်း ဆက်လက်လေ့လာနိုင်ခြင်း၊ ကိုယ်ကာယ လှုပ်ရှားမှုများလည်း ပြုလုပ်ရလို့ ကလေးငယ်ကို အိမ်မှာ TV ရှေ့၊ ဖုန်းတို့နဲ့ အချိန်တွေ ကုန်စေမယ့်အစား သူငယ်ချင်းများဖြင့်online class တွင်တွေ့ဆုံစေပါ။
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူမှုများ ဆက်လက်ပြုလုပ်နိုင်ဖို့ ကျွန်မတို့ ကလေးတွေ အတွက် အတူတူကြိုးစားကြပါစို့ 💪 Credit to original uploader…
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *