အိမ်ဆော က်ချင်သူများ အိမ်တစ်လုံးေ ဆာက်မယ်ဆို သိထားသင့်တဲ့ အချက် (၈)ချက်။
Posted on
၁။ ကိုယ်လိုချင်တဲ့ အိမ်အနေအထားကိုအရင်ဦးဆုံးရွေးချယ်ပါ…၂။အခန်းဖွဲ့စည်းပုံ ဘယ်ပုံစံလိုချင်လဲ စဉ်းစားပါ…၃။အိမ်ဆောက်တဲ့အခါ ဘယ်လိုအုတ်သုံးစေချင်သလဲ ဥပမာ ဘိလပ်မြေအုတ်လား။မြေအုတ်လား။ CLC လားသေချာ ဆုံးဖြတ်ပါ။
၄။ဘိလပ်မြေက ထိုင်ဆင်လား။ ကြံ့နီလား ။အပါချီလား အယ်ဖာလားအစရှိသဖြင့်ရွေးချယ်ပါ…၅။အဆောက်အဦးက သံကူကွန်ဂရစ်အမျိုးအစား(RCC)အဆောက်အဦး လိုချင်တာလား။ သံတိုင်ထောင်ပြီး အုပ်ညှပ်တဲ့ (Ss)စတီးစွက်ချာလိုချင်တာလား။ သစ်သားတိုင်ထောင်ပြီး အုပ်ညှပ်တဲ့( BNK)ဘင့် နော်ကယ် အမျိုးအစားကို လိုချင်တာလား။ဟော်လို ထောင်ပြီ ကျောက်ပြား ကာတဲ့အိမ်လိုချင်တာလား။
၆။ အိမ်အတွင်းပိုင်းအလှဆင် ဦးမှာလား ဥပမာ – ကြမ်းခင်ကို ကြွေပြား ခင်းမှာလား ပါကေးခင်းမှလား ပေါလစ်တင်မှာလား (တမံသလ င်လုပ်ခြင်း ကိုပြောပါသည်) အတွင်းနံရံ ကိုရော ကြွေပြားကပ်မှာလား ဘယ်နှစ်ပေ အမြင့်အထိကပ်မှာလဲ ပြတင်းပေါက် အောက်နှုတ်ခမ်းလား မျက်နှာကျက် အထိ အပြည့်ကပ်ချင်သလား
ကြွေပြားက ကြမ်းခင်းကို တစ်ပေ ပတ်လည်ခင်းမလား ၂ပေပတ်လည် ခင်းမလား တရုတ်ပြားလား ထိုင်းကြွေပြားလား ဗီယက်နမ် ကြွေပြားလား နံရံမှာရော ၈..လက်မ ၁ဝလက်မလား ၈ လက်မ တစ်ပေလား ၂ပေ ၁ပေလား ၂ပေပတ်လည် ကပ်မှာလားစဉ်းစားရပါမယ်
၇။အဆောက်အဦးေ ဆာက်မယ့်မြေေ နရာက အုတ်သဲ ကျောက် ကား ဝင်လို့ရနိုင်လားဘယ်လိုအခက်အခဲ ရှိနိုင်မလဲ မြေကြီး ပျော့လား မာလား မြေပျော့ ရင် ဖောင်ဒေးရှင်းအနက်ပေများမယ် မြေမာရင် မြေကြီး ကြံ့ခိုင်ရင် အနက်ပေသက်သာမယ် အစရှိသဖြင့် စဉ်းစားပါ
၈။အုပ်သဲကျောက်ဒိုင်နဲ့ အိမ်ဆောက်မယ့်နေရာနီးသလားဝေးသလား အိမ်ဆောက်ပစ္စည်းဈေးနှုန်းကရော ဈေးကြီးသလားဈေးသက်သာလား ဈေးကြီးရင် PAE ဈေးကလဲ တက်သွားမှာဆိုတော့လေ
ဒီအချက်(၈)ချက်ကိုသေချာစဉ်းစားပြီးမှ ဒါတောင် ပြောရရင် အများကြီးရှိသေးတယ်တယ်နော် ပိဋိကတ် သုံးပုံဖတ်ရ သလိုနေမှာစိုးလို့ လို အပ်မယ် ထင်တာေ လလောက်ပဲ အရင်ပြောလိုက်တာပါပြီးတော့ ငွေ ဘယ်လော က်သုံးမလဲပေါ့နော် (တစ်ပဲပေးပြီး လှည်းတ စ်လေး)လိုချင် လို့လဲ မရဘူးလေ သ က်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရော က်မှုရှိတာကိုဂဲသေးေ သးလေး ရေအိုင်ထဲ ပစ်ချပြီး ပင် လယ်ပြင်က လိူင်းလုံးကြီးတွေလို ဂယက်ထစေခြင်ရင်တော့ ဟိုလူပြောသလိုပဲ (မိုက်လိုက်တာ သမီးရယ်)လို့ပဲပြောရတော့မယ်😁😁😁။
သိန်းတစ်ရာတန်မယ် အိမ်ကိုဆော က်တော့မ ယ်ဆိုရင် လက်ထဲမှာ ၁၃၀…၁၄ဝလောက် ဆောင်ထားပါ ပြီးတော့ အိ မ်ဆောက် တဲ့အိမ်ရှင်နဲ့ ကန်ထရိုက်ယူ တဲ့သူနဲ့ ခိုင်မာတဲ့ စာ ချုပ် (အချက်အလက် ပြည့်စုံတဲ့ စာချူပ်)​။
Online ပေါ်မှာ အလုပ်အပ်တာဖြ စ်တဲ့အတွက် တစ်ယောက်နဲ့တ စ်ယောက် အတွင်းသိ အစင်းသိတော့ မဖြစ်နိုင်ပါဘူး သတိထားပါ ငွေမလွန်ပါစေနဲ့။
Onlineပေါ်မှာ တင်ပြီး အိမ်ပုံစံလေးနဲ့ အကျယ်ပေလေးနဲ့ ဒီအိမ်ဘယ်လောက် ရှိလဲ ဈေးမေးတဲ့နေရာမှာ လိုင်းပေါ်က ပြန်ဖြေတဲ့ ကန်ထရိုက်ဆရာတွေက အကြားအမြင်ရနေတာ မဟုတ်တော့ အလျား အနံကို မြောက်ပြီး လက်ရှိဆောက်လုပ်ရေး paeဈေးနဲ့မြောက်ပြီး ပြောလိုက်တာပါ
တကယ်တမ်းမြေပြင်မှာ ဆောက်တဲ့အခါ အိမ်ရှင်လိုချင်တဲ့အနေအထားနဲ့ သုံးမယ့် ပစ္စည်းပေါ် မူတည်ပြီး ဈေးက အနိမ့်အမြင့်ရှိနိုင်ပါတယ် မြန်မာပြည်တွင်းမှာတောင်မှ ဧရာဝတိတိုင်းဘက်မှာ ဆောက်မယ်အိမ်နဲ့ အညာမြေမှာဆောက်တဲ့အိမ်များဟာ ဖောင်ဒေးရှင် ရဲ့ လုပ်ဆောင်ပုံခြင်း မတူညီပါဘူး။ comment မှာ မေးနေတဲ့ အတွက် အသေးစိတ်လဲ
သိရအောင် သူ့စကားအသွားအလာလဲ သိရအောင် စိတ်ဓာတ်နဲ့ ပြောဟန်ဆိုဟန် ပြောတဲ့ လေသံအနိမ့်အမြင့် အလုံးစုံ သိရဖို့အတွက် ဖုန်းနံပါတ် တောင်းပြီ ဖုန်းဆက်ကြည့်လိုက်ပါ
အိမ်တစ်လုံးတောင်ဆောက်မှာပဲ ဖုန်းဘေလေး တစ်ထောင် နှစ်ထောင်ကို တွန့်တိုမနေပါနဲ့ ကိုယ်သိချင်တာ ပြည့်ပြည့်စုံစုံပြောပြီး ပြည့်ပြည့်စုံစုံ သိရတာနဲ့ ဘေးကုန်တာနဲ့ တန်ပါတယ်ဗျာ အဲလို ဖုန်းဆက်လိုက်လို့ အဲဒီ ကန်ထရိုက်နဲ့ အိမ်ဆောက်မယ် အလုပ်အပ်မယ်လို့ ပြောပီးရင်လဲ ကတိမဖျက်ပါနဲ့
အကြောင်းကြောင်းကြောင့် ကတိပျက်နိုင်ရင်လဲ ကတိ မတည်နိုင်ရတဲ့ အကျိုးအကြောင်းကို သူကျေနပ်တဲ့အထိ့ အလေးအ နက်ပြန်ဖြေရှင်းလိုက်ပါ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေနဲ့ ရှင်သန်ပါ အမုန်းမပွားပါနဲ့အသက်တွေလဲ ကြီးပြီပဲ ဗျာ လူတစ်ယောက်နဲ့ စကား ၁၀ မိနစ်လောက်ပြောကြည့် သိပါတယ်
စာရှည်သွာပြီ အခုလို ဆုံးအောင်ဖတ်ကတည်းက သင်ဟာ အကြောင်းအရာတစ်ခုကို စေ့စပ်သေချာစွာ လေ့လာတတ်တဲ့သူ အဖြစ် အသိအမှတ်ပြုပါတယ် ကျေးဇူးပါ #credit
Zawgyi Version
ဒီအချက်(၈)ချက်ကိုသေချာစဉ်းစားပြီးမှ ဒါတောင် ပြောရရင် အများကြီးရှိသေးတယ်တယ်နော် ပိဋိကတ် သုံးပုံဖတ်ရ သလိုနေမှာစိုးလို့ လို အပ်မယ် ထင်တာေ လလောက်ပဲ အရင်ပြောလိုက်တာပါပြီးတော့ ငွေ ဘယ်လော က်သုံးမလဲပေါ့နော် (တစ်ပဲပေးပြီး လှည်းတ စ်လေး)လိုချင် လို့လဲ မရဘူးလေ သ က်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရော က်မှုရှိတာကိုဂဲသေးေ သးလေး ရေအိုင်ထဲ ပစ်ချပြီး ပင် လယ်ပြင်က လိုင်းလုံးကြီးတွေလို ဂယက်ထစေခြင်ရင်တော့ ဟိုလူပြောသလိုပဲ (မိုက်လိုက်တာ သမီးရယ်)လို့ပဲပြောရတော့မယ်😁😁😁။
Leave a Reply
Your email address will not be published. Required fields are marked *