အိမ်ထောင်ကျပြီးမှ အရင်ကထက် ပိုပိုပြီးလှလာတဲ့ မအေးသောင်း

Posted on

ပရိသတ် ကြီးရေ မအေးသောင်း လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်း ကတော့ မကြာသေးခင်က သူ့ရဲ့ ချစ်သူနဲ့ လက်ထပ်သွားခဲ့တာ ပရိသတ် တွေလည်း သိရှိပြီး သား ပါနော်။ ပုရိသ တွေရဲ့ သဲသဲလှုပ် ချစ်ခင် ခြင်းကို ခံရတဲ့ အေးသောင်းရဲ့ လက်ထပ်ပွဲ သတင်းကြောင့် ပုရိသတွေ အသဲကွဲခဲ့ ရပါသေးတယ်နော်။

အေးသောင်း ကတော့ လက်ရှိ အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ သူ့ရဲ့ ခင်ပွန်းနဲ့ ပတ်သက်တဲ့ ပိုစ့်လေးတွေ တင်ပြီး ပရိသတ်တွေက အပျိုကြီး တစ်ယောက်အိမ်ထောင် ကျပြီး ခင်ပွန်းကို အချစ်ပို နေတယ်လို့ စနောက်တဲ့ အခါမှာ သူကိုယ်တိုင်လည်း ပြန်လည် စနောက်ပြီး သူနဲ့ သူ့ပရိသတ်တွေ ကြားက ချစ်စရာ ကောင်းလှတဲ့ ဆက်သွယ်မှု လေးတွေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ ပါသေးတယ်။ ဒီနေ့ မှာတော့ မအေးသောင်း က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ သူ့ရဲ့ ပုံလေးတွေကို မျှဝေ ဖော်ပြ လာခဲ့ ပါတယ်။

ပုံလေးတွေ ထဲမှာတော့ မအေးသောင်းက အိမ်ထောင် ကျပြီး နောက်မှာ အိမ်ထောင် မကျခင်က ထက် တောင် ပိုပြီး အရွယ်တင် နုပျိုကာ လှပနေခဲ့ ပါသေးတယ်။ ပရိသတ် ကြီးရေ မအေးသောင်း ကိုတော့ သူ့ပရိသတ် တွေက အမျိုးသားက စိတ်ချမ်းသာအောင် ထားလို့ ဒီလောက် လှနေတာ လားလို့ စနောက်နေခဲ့ ကြပါသေးတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.