အိမ်ထောင်ကျဖူးတဲ့ သူမရဲ့မန်နေဂျာနဲ့ချစ်ကြိုက်နေကြတယ်ဆိုပြီး တိုက်ခိုက်နေကြတဲ့ ကောလဟာလတွေကို ဖြေရှင်းလာတဲ့ မေပန်းချီ

Posted on

သရုပ်ဆောင်၊ မော်ဒယ်လ် မေပန်းချီ ကတော့ ဗီဒီယိုဇာတ်ကား တွေနဲ့ ရုပ်ရှင်ဇာတ်ကား တွေများစွာ ရိုက်ကူးရင်း အနုပညာ လောကမှာ အောင်မြင် လာခဲ့ သူတစ်ယောက်ပါ။ လူသိ များတဲ့ အနုပညာရှင် တစ်ယောက်ပီပီ လူပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံ နေရတဲ့ မေပန်းချီဟာ လူတွေရဲ့ ချီးကျူးမှုကို ခံရသလို ပြစ်တင် ပြောဆိုမှုတွေကိုလည်း ခံရ စမြဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း မေပန်းချီက အိမ်ထောင် ကျဖူးသူနဲ့ ချစ်ကြိုက် နေကြပြီ ဆိုတဲ့ ကောလဟာလတွေ ကြောင့် အခုလိုပဲ ဖြေရှင်းချက် ထုတ်လာခဲ့ ရပြန် ပါတယ်။

“ကျွန်မရဲ့ ဂျာကြီး ကို မြင်ဖူးချင်တဲ့ သူများကို အလင်းပြ တာ😝😃 ရုပ်လေးက မဆိုးရှာပါဘူး 😬😬 အိမ်ထောင် လဲ လပိုင်းလောက်ကျခဲ့ဖူးတယ်။ အခုတော့လူပျိုကြီးပေါ့😬 သူဘာလို့ လူပျိုကြီး ဖြစ်သွားတဲ့ သမိုင်းကြောင်းတော့ ကျွန်မမမှီလိုက်တော့ မမေးမိဘူး😃 သာမန် ဝန်ထမ်း တစ်ယောက် ဘောစိတော့ မဟုတ်ဘူး။ အမေရှိစဉ် ကရော မရှိ တော့တဲ့ အခုချိန် ထိပါ ကျွန်မတို့ကို အကောင်းဆုံး စောင့်ရှောက် ခဲ့တာ ယနေ့ အထိပဲ။ သေချာ တာတော့ ကျွန်မတို့ တစ်ဖွဲ့လုံး သူ့ကို ချစ်ကျတယ်။ လူတစ်ယောက်ကို ပြုတ်ကြ စေချင်တာ သပ်သပ်နဲ့ ကျွန်မ တို့ Bro ကို မထိခိုက် စေချင်” ဆိုပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။

မေပန်းချီက သူမနဲ့ စွပ်စွဲ ပြောဆို နေသူဟာ သူမကို အရင်ကတည်းက စောင့်ရှောက် ပေးပြီး အလုပ်တွေ ကိုလည်း ကူညီလုပ်ဆောင် ပေးနေတဲ့ သူမရဲ့ မန်နေဂျာသာဖြစ်တယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း အခုဆိုရင် မေပန်းချီရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်းသိ သွားလောက်ပြီ ထင်ပါတယ်။

Zawgyi

သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္ ေမပန္းခ်ီ ကေတာ့ ဗီဒီယိုဇာတ္ကား ေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကား ေတြမ်ားစြာ ႐ိုက္ကူးရင္း အႏုပညာ ေလာကမွာ ေအာင္ျမင္ လာခဲ့ သူတစ္ေယာက္ပါ။ လူသိ မ်ားတဲ့ အႏုပညာရွင္ တစ္ေယာက္ပီပီ လူေပါင္းစုံနဲ႔ ထိေတြ႕ ဆက္ဆံ ေနရတဲ့ ေမပန္းခ်ီဟာ လူေတြရဲ႕ ခ်ီးက်ဴးမႈကို ခံရသလို ျပစ္တင္ ေျပာဆိုမႈေတြကိုလည္း ခံရ စၿမဲ ျဖစ္ပါတယ္။ ဒီကေန႔ မွာလည္း ေမပန္းခ်ီက အိမ္ေထာင္ က်ဖူးသူနဲ႔ ခ်စ္ႀကိဳက္ ေနၾကၿပီ ဆိုတဲ့ ေကာလဟာလေတြ ေၾကာင့္ အခုလိုပဲ ေျဖရွင္းခ်က္ ထုတ္လာခဲ့ ရျပန္ ပါတယ္။

“ကြၽန္မရဲ႕ ဂ်ာႀကီး ကို ျမင္ဖူးခ်င္တဲ့ သူမ်ားကို အလင္းျပ တာ😝😃 ႐ုပ္ေလးက မဆိုးရွာပါဘူး 😬😬 အိမ္ေထာင္ လဲ လပိုင္းေလာက္က်ခဲ့ဖူးတယ္။ အခုေတာ့လူပ်ိဳႀကီးေပါ့😬 သူဘာလို႔ လူပ်ိဳႀကီး ျဖစ္သြားတဲ့ သမိုင္းေၾကာင္းေတာ့ ကြၽန္မမမွီလိုက္ေတာ့ မေမးမိဘူး😃 သာမန္ ဝန္ထမ္း တစ္ေယာက္ ေဘာစိေတာ့ မဟုတ္ဘူး။ အေမရွိစဥ္ ကေရာ မရွိ ေတာ့တဲ့ အခုခ်ိန္ ထိပါ ကြၽန္မတို႔ကို အေကာင္းဆုံး ေစာင့္ေရွာက္ ခဲ့တာ ယေန႔ အထိပဲ။ ေသခ်ာ တာေတာ့ ကြၽန္မတို႔ တစ္ဖြဲ႕လုံး သူ႔ကို ခ်စ္က်တယ္။ လူတစ္ေယာက္ကို ျပဳတ္ၾက ေစခ်င္တာ သပ္သပ္နဲ႔ ကြၽန္မ တို႔ Bro ကို မထိခိုက္ ေစခ်င္” ဆိုၿပီး ေျပာလာ တာပဲ ျဖစ္ပါတယ္။

ေမပန္းခ်ီက သူမနဲ႔ စြပ္စြဲ ေျပာဆို ေနသူဟာ သူမကို အရင္ကတည္းက ေစာင့္ေရွာက္ ေပးၿပီး အလုပ္ေတြ ကိုလည္း ကူညီလုပ္ေဆာင္ ေပးေနတဲ့ သူမရဲ႕ မန္ေနဂ်ာသာျဖစ္တယ္လို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ ႀကီးလည္း အခုဆိုရင္ ေမပန္းခ်ီရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ရွင္းရွင္း လင္းလင္းသိ သြားေလာက္ၿပီ ထင္ပါတယ္။

Leave a Reply

Your email address will not be published.