အိမ်ေ မွးခွေး/ကြောင်များကို မျောက်တွေ က ပြန်ပေးဆွဲ မှုများ ဆက်တိုက်ဖြစ်နေတဲ့ နိုင်ငံ

Posted on

မလေးရှား နိုင်ငံမှာ မျောက်တွေက အိမ်မွေးခွေးနဲ့ ကြောင်တွေကို အတင်းပြ န်ပေးဆွဲမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။

ဒါဟာ ကိုဗစ်ကြောင့် ခရီးသွားေ နရာတွေ ပိတ်ပင်ထားရခြင်းရဲ့ အကျိုးဆက်ဖြစ်ပြီး၊ ခရီးသွားတွေ မရှိတဲ့အတွက် မျောက်တွေကို အစာကျွေးမဲ့သူမရှိ ဖြစ်နေရာကနေ အခုလို ကြံမိကြံရာ ဖြစ်ကုန်တယ်လို့ ယူဆ ရပါတယ်။

မျောက်တွေဟာ အိမ်မွေးေ ခွးနဲ့ ကြောင်တွေကို ပြန်ပေးဆွဲပြီးနောက် ၎င်းတို့ကို လုံလောက်တဲ့ အစားအစာတွေ ပေးမှ ယင်း ပြန်ပေးဆွဲထားတဲ့ သတ္တဝါတွေကို ပြန်ပေးတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်ေ တွနဲ့ပ တ်သက်တဲ့ ဓာတ်ပုံတွေထဲ မှာတော့ မျောက်တစ်ကောင်ဟာ အိမ်ခေါင်တစ်ခု အထက်မှာ ခွေးပေါက်လေးတစ်ကောင်ကို ကိုင်ထားတာကို တွေ့ရပါတယ်။

ခွေးလေးနာမည်ကတော့ Saru လို့ သိရပြီး၊ ၎င်းကို ရက်တော်တော်ကြာမှ အသက်ရှင်လျှက် ပြန်ရခဲ့တာလို့ သိရပါတယ်။ အဲဒီခွေးလေးဟာ အစာရေစာ သတ်ပြတ်ပြီး သေလုမျောပါးတောင် ဖြစ်နေတယ်လို့ ပိုင်ရှင်က ပြောပါတယ်။ ဒီအြ ဖစ်အပျက်ဟာ Taman Lestari Putr မှာ စက်တင်ဘာ(၁၆)ရက်နေ့က ဖြစ်ခဲ့တာပါ။

မျောက်ဟာ ခွေးလေးကို လျှပ်စစ်မီး တိုင် ထိပ်ဖျားအထိ ခေါ်ဆောင်သွားပြီးနောက်၊ တောထဲကို ခိုဝင်ပျောက်ကွယ်သွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖို င်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အငြင်းပွားစရာ ကိစ္စဖြစ်နေပါတယ်။

ဒေသခံတွေရဲ့စကားအ ရတော့ အခုဆိုရင် မျောက်တွေဟာ အိမ်မီး ဖိုချောင်ထဲအထိ ဝင်ပြီး အစားအစာတွေ ခိုးပါသတဲ့။

ကြောင်တွေက လည်း မျောက်ေ တွအတွက် ပြန်ပေးဆွဲစရာ သ တ္တဝါတွေ ဖြစ်နေပြီး၊ ဒီရက်ပိုင်းမှာ အခုလို ထူးဆန်းတဲ့ ကိစ္စရပ်မျိုးတွေ ဆက်တို က်ဖြစ်နေတယ်လို့ သိရပါတယ်။ မျောက်တွေဟာ အရင်ကထက် ပိုပြီး ရန်လိုလာတာကြောင့်လည်း သက်ဆိုင်ရာ အဖွဲ့တွေကို တိုင်ကြားမှုတွေ ရှိလာနေပါတယ်။

ခွေးလေး Saru ကို ဖမ်းခေါ်သွားတဲ့ မျောက်ဆို ရင် ပန်းသီးနဲ့ ဆွယ်ယော င်ပြပြီး ခွေးလေးကို ပြန်တောင်း တာတောင် မပေးဘူးလို့ ပိုင်ရှင်ဖြစ်သူ ချယ်ရီက ပြောပါတယ်။

ဒီလိုပဲ အခြားအမျိုးသမီးတစ်ဦးက ပေါင်မုန့်ထုတ်နဲ့ မျှားခေါ်တာကိုလည်း မျောက်က ဂရုမစိုက်ပါဘူးတဲ့။ (၃)ရက်အကြာမှသာ အဲဒီေ ခွးလေးကို ကယ်တင်နိုင်ခဲ့တာလို့ သိရပါတယ်။

Zawgyi Version











Leave a Reply

Your email address will not be published. Required fields are marked *