ပရိသတ် ကြီးရေ စုစုဝေ ကတော့ Gym Trainer တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့ ပြီးနောက်မှာ ဂျာမနီ နိုင်ငံသားတစ်ဦးဖြစ်တဲ့ Mikis Weber နဲ့ တွဲဖက်ကာ လိုက်ဖက်တဲ့ စုံတွဲ အဖြစ် ပရိသတ်တွေက လက်ခံခဲ့ ကြတာပါ။ တိုက်ခိုက် ပြောဆိုမှုတွေ များစွာ ကြုံတွေ့ခဲ့ ရပေမယ့် အခုဆိုရင် သူမအနေနဲ့ ခင်ပွန်းသည် Mikisရဲ့ မွေးရပ်မြေသို့ လိုက်လံ နေထိုင် လျက်ရှိတာပါ။
ဒါ့အပြင် ရင်သွေးလေးကိုလည်း လွယ်ထား ရတာ ဖြစ်ပြီး ဒီနေ့ ဧပြီလ၂၈ရက်နေ့ မှာတော့”သားလေးကို ဒီမနက် 4 နာရီမှာ ချောချော မွေ့မွေ့နဲ့ အောင်မြင်စွာ မွေးဖွားပြီးပါပြီရှင့် 🤱”ဆိုတဲ့ စာလေးနဲ့ ချစ်တဲ့ ပရိသတ် တွေကို အသိပေးခဲ့ တာပါ။
ယောကျာ်း ဖြစ်သူရဲ့ မွေးရပ်မြေကို လိုက်သွားပေမယ့် ယောက္ခမ ဆွေမျိုးတွေက လိုလေသေး မရှိဂရုစိုက် ခံရတဲ့ စုစုဝေ တစ်ယောက် သားဦးလေးကိုလည်း ချောမွေ့စွာ မွေးဖွား နိုင်ခဲ့တာပါ။ ပရိသတ် တွေလည်း ချစ်စရာ သားဦးလေး ရရှိခဲ့တဲ့ Mikis Weberနဲ့ စုစုဝေတို့အတွက် ဝမ်းသာစကားနဲ့ ဂုဏ်ပြု ပေးခဲ့ ကြပါ ဦးနော်။
Zawgyi