လောက၌ ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုးရှိတယ်….ဘာတွေလဲ

Posted on

လောက၌ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုးရှိတယ်။ ဘာတွေလဲဆိုရင်

(၁) ဇီဝိတံ – အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်ဆိုတာ မသိဘူး။လောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ရဦးမလဲ ဆိုတာကို မသိနိုင်ဘူးတဲ့။

(၂) ဗျာဓိ – ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါ မှာဘာရော ဂါနဲ့သေမယ်ဆိုတာကို လည်း မသိနိုင်ပါဘူးတဲ့။

(၃) ကာလော – ကာလဆိုတာလူတစ်ယောက်ဟာ ဘဝခရီးအဆုံးသတ် မယ့်အချိန်ဟာ ဘယ်အချိန် လဲ? မနက်လား၊ နေ့လည်လား၊ ညလားပြောလို့မရဘူးတဲ့ပြောလို့မ ရလို့လဲပဲ ကိုယ့်ရှေ့မှာ ဘဝနိဂုံးချု ပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိကြပါ တယ်အမှတ်တ မဲ့နေရ င်တော့ မသိဘူးပေါ့အမှ တ်နဲ့နေမယ်ဆိုရင်တော့ အကုန်သိေ နမှာပဲ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာေ တွချည်းပါပဲ။

(၄) ဒေဟနိက္ခေပနံ – ကိုယ့်ရဲ့ရုပ်အေ လာင်းကို ဘယ်နေရာမှာ သဂြိုလ်မယ်၊ဘ ယ်နေရာမှာ မြှုပ်နှံမယ်ဆို တာကိုလည်း မသိနိုင်ဘူး တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စရောက်သွား တာလည်း ရှိတယ်။ တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း အနိစ္စရောက် သွားတာလည်း ရှိတယ်။ အမျိုးမျိုး ရှိကြတယ်ေ လအဲဒီတော့ ကိုယ့်ရဲ့အေ လာင်းကို ဘယ်နေရာမှာ မြှုပ်နှံမယ်၊ ဘယ်နေရာမှာ သဂြိုလ်မလဲ ဆိုတာကိုလည်း မသိနို င်ပါဘူးတဲ့။ နောက်မသိနိုင် တာတစ်ခုက ဘာလဲဆိုရင်

(၅) ဂတိ – လူတိုင်း လူတိုင်းဟာ ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။ ဂတိငါးပါးလို့ ခေါ်တာပေါ့။ Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။ အဲဒီ ငါးဌာနက ဘာတွေလည်း ဆိုလို့ရှိရင်

၁။ #နတ်ပြည် – ကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။ နောက်တစ်ခုက

၂။ #လူ့ပြည် – ပဲ။အကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တာက

၃။ #ပြိတ္တာ

၄။ #တိရစ္ဆာန်

၅။ #ငရဲ အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက် အနေနဲ့ ဘဝနိဂုံး အဆုံးသတ် သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ ပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရဘူး တဲ့။ သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့

သောတာပန်မဖြစ်သေးသမျှ ” နိယတဂတိ ” ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို သြားလို့မရေသးဘူးတဲ့ #ဘုရားအလောင်းကြီးတောင်မှ တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။ ငရဲကျတဲ့အခါ ကျ သွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့သေမယ်ဆိုတာကိုပြောလို့ မရလို့ပေါ့နော်။ ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်ကို ကြိုတင် မပြောနိုင်ကြပါဘူးတဲ့။ အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ အလွန်သနားစရာကောင်းပါတယ်။

သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။မြတ်စွာဘုရားက ဟောထားတယ် ” န သန်တိ ပုတ်တာ တာဏာယ ” တဲ့ “လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီ ဆိုရင် အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ မရှိဘူးတဲ့။ မိဘတွေအဖို့နော်” သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။

ဆွေတွေမျိုးတွေထဲမှာလည်း ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး ဒီလိုပြောတာ။

အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )

Zawgyi Version

ေလာက၌ႀကိဳတင္၍ မသိနိုင္ေသာအရာ (၅)မ်ိဳးရွိတယ္။ ဘာေတြလဲဆိုရင္

(၁) ဇီဝိတံ – အသက္ရွင္လ်က္ ဘယ္ေလာက္ေနရဦးမယ္ဆိုတာ မသိဘူး။ေလာကႀကီးမွာ ဘယ္ေလာက္ၾကာၾကာ အသက္ရွင္ေနထိုင္ရဦးမလဲ ဆိုတာကို မသိနိုင္ဘူးတဲ့။

(၂) ဗ်ာဓိ – ဘဝခရီးကို ေလွ်က္လွမ္းရတဲ့အခါ မွာဘာေရာ ဂါနဲ႕ေသမယ္ဆိုတာကို လည္း မသိနိုင္ပါဘူးတဲ့။

(၃) ကာေလာ – ကာလဆိုတာလူတစ္ေယာက္ဟာ ဘဝခရီးအဆုံးသတ္ မယ့္အခ်ိန္ဟာ ဘယ္အခ်ိန္ လဲ? မနက္လား၊ ေန႕လည္လား၊ ညလားေျပာလို ႔မရဘူးတဲ့ေျပာလို႔မ ရလို႔လဲပဲ ကိုယ့္ေရွ႕မွာ ဘဝနိဂုံးခ်ဳ ပ္သြားၾကတဲ့ပုဂၢိဳလ္ေတြ အမ်ားႀကီးရွိၾကပါ တယ္အမွတ္တ မဲ့ေနရ င္ေတာ့ မသိဘူးေပါ့အမွ တ္နဲ႕ေနမယ္ဆိုရင္ေတာ့ အကုန္သိေ နမွာပဲ မေမွ်ာ္လင့္ဘဲနဲ႕ ျဖစ္ေနၾကတာေ တြခ်ည္းပါပဲ။

(၄) ေဒဟနိေကၡပနံ – ကိုယ့္ရဲ႕႐ုပ္အေ လာင္းကို ဘယ္ေနရာမွာ သၿဂိဳလ္မယ္၊ဘ ယ္ေနရာမွာ ျမႇုပ္ႏွံမယ္ဆို တာကိုလည္း မသိနိုင္ဘူး တခ်ိဳ႕ဟာ ေကာင္းကင္ယံမွာ အနိစၥေရာက္သြား တာလည္း ရွိတယ္။ တခ်ိဳ႕ဟာ ပင္လယ္ထဲ ခရီးသြားရင္း အနိစၥေရာက္ သြားတာလည္း ရွိတယ္။ အမ်ိဳးမ်ိဳး ရွိၾကတယ္ေ လအဲဒီေတာ့ ကိုယ့္ရဲ႕အေ လာင္းကို ဘယ္ေနရာမွာ ျမႇုပ္ႏွံမယ္၊ ဘယ္ေနရာမွာ သၿဂိဳလ္မလဲ ဆိုတာကိုလည္း မသိနို င္ပါဘူးတဲ့။ ေနာက္မသိနိုင္ တာတစ္ခုက ဘာလဲဆိုရင္

(၅) ဂတိ – လူတိုင္း လူတိုင္းဟာ ဘဝလမ္းေၾကာင္းႀကီး (၅)ခုရွိတယ္။ ဂတိငါးပါးလို႔ ေခၚတာေပါ့။ Destination ခရီးလမ္းဆုံ ငါးဌာနရွိတယ္။ အဲဒီ ငါးဌာနက ဘာေတြလည္း ဆိုလို႔ရွိရင္

၁။ #နတ္ျပည္ – ကုသိုလ္ကံေတြ အက်ိဳးေပးလို႔ ေရာက္သြားနိုင္တဲ့ နတ္ျပည္ေပါ့ေနာ္။ ေနာက္တစ္ခုက

၂။ #လူ႕ျပည္ – ပဲ။အကုသိုလ္ကံေတြ အက်ိဳးေပးလို႔ ေရာက္သြားနိုင္တာက

၃။ #ၿပိတၱာ

၄။ #တိရစာၦန္

၅။ #ငရဲ အားလုံး ငါးမ်ိဳးရွိတယ္။

အဲဒီေတာ့ ပုထုဇဥ္တစ္ေယာက္ အေနနဲ႕ ဘဝနိဂုံး အဆုံးသတ္ သြားၿပီးတဲ့အခါမွာ ဘယ္ဘဝမွာ ျပန္လည္ေမြးဖြားမလဲဆိုတာ ေျပာလို႔မရဘူး တဲ့။ ေသဆုံးတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ အေျခအေနေတြေပၚမွာ မူတည္သြားတယ္တဲ့

ေသာတာပန္မျဖစ္ေသးသမွ် ” နိယတဂတိ ” ကိုယ္သတ္မွတ္ထားတဲ့ေနရာတစ္ခုကို ၾသားလို႔မေရသးဘူးတဲ့ #ဘုရားအေလာင္းႀကီးေတာင္မွ တိရစာၦန္ျဖစ္တဲ့အခါ ျဖစ္တယ္။ ငရဲက်တဲ့အခါ က် သြားတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ေသခါနီးအခ်ိန္မွာ ဘာေတြနဲ႕ႀကဳံၿပီး ဘာစိတ္နဲ႕ေသမယ္ဆိုတာကိုေျပာလို႔ မရလို႔ေပါ့ေနာ္။ ဘဝခရီးကို ေလွ်ာက္လွမ္းၿပီဆိုရင္ လူတိုင္းဟာ ဒီအခ်က္ကို ႀကိဳတင္ မေျပာနိုင္ၾကပါဘူးတဲ့။ အဲဒီေတာ့ ဘဝဆည္းဆာ ေရာက္ေနတဲ့ ပုဂၢိဳလ္တိုင္း ပုဂၢိဳလ္တိုင္းကို ၾကည့္လိုက္မယ္ဆိုရင္ အဲဒီအခ်ိန္မွာ အလြန္သနားစရာေကာင္းပါတယ္။

ေသအံ့မူးမူးအခ်ိန္ေရာက္ေနၿပီဆိုရင္ ပတ္ဝန္းက်င္ကလည္း ကိုယ့္ကို ကယ္တင္မေပးနိုင္ေတာ့ဘူး။ျမတ္စြာဘုရားက ေဟာထားတယ္ ” န သန္တိ ပုတ္တာ တာဏာယ ” တဲ့ “ေလာကမွာ ေသျခင္းတရားနဲ႕ ရင္ဆိုင္ရၿပီ ဆိုရင္ အကာအကြယ္ေပးနိုင္တဲ့ သားသမီးဆိုတာ မရွိဘူးတဲ့။ မိဘေတြအဖို႔ေနာ္” သားသမီးေတြအတြက္လည္းပဲ ကယ္တင္ေပးနိုင္တဲ့မိဘဆိုတာ မရွိဘူးေနာ္။

ေဆြေတြမ်ိဳးေတြထဲမွာလည္း ဒီလိုဘဝဆည္းဆာအခ်ိန္ ေရာက္ေနၿပီဆိုရင္ေတာ့ ကယ္တင္ေပးနိုင္တဲ့သူ တစ္ေယာက္မွမရွိဘူး ဒီလိုေျပာတာ။

အဂၢမဟာပ႑ိတ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ( ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး )

Leave a Reply

Your email address will not be published. Required fields are marked *