” ရွေးချယ်မှု “

Posted on

ကျွန်တော့်ရုံး မှာ ဦးမရမ်းသီးဆိုတဲ့ ညစောင့်ဒရဝမ်ကြီးတစ်ေ ယာက်ရှိတယ်။ အရမ်းချစ်စ ရာကောင်းတယ်။ အမြဲတမ်း ပြုံးနေပြီး လူတွေ့တာနဲ့ အလေးပြုတတ်တယ်။ နှုတ်ကလည်း အမြဲပြောတတ်တာက

“Good Day Sir”

ကျွန်တော်က တစ်နေ့တော့ သူ့ကို မေးမိတယ်

“ဦးမရမ်းသီး”

“ပြောပါဆပ်”

“ခင်ဗျားအင်္ဂလိပ်လိုကောင်းကောင်းတတ်သလား”

“မပြောနိုင်ဘူး၊ မရေးနိုင်ဘူးဆပ်။ ဒါပေမဲ့ ဆရာပြောတယ်နော် မရမ်းသီးကောင်းကောင်းနားလည်တယ်”

“ဘယ်မှာ သင်ခဲ့သလဲ”

“ဆပ် … အင်္ဂလိပ် သခင်ကြီးဆီမှာ ကျွန်တော် ၁၀ နှစ်လုပ်ခဲ့တယ်”

“ခင်ဗျားကြည့်လိုက်ရင် အမြဲ ပြုံးနေတာပဲနော်”

“သခင်ကြီးကပြောတယ် … ပြုံးနေပါတဲ့။ ပြုံးနေတဲ့သူဟာ ထမင်းမငတ်ဘူးတဲ့ဆပ်”

“ကောင်းတယ်ဗျာ ခင်ဗျားစိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီ”

“မိုးလင်းတယ်နော်ဆပ် … ကျွန်တော် စဉ်းစားတယ်။ နှစ်မျိုးပဲ။ ကောင်းကောင်း လုပ်မလား၊ ဆိုးဆိုး လုပ်မလား။ ကျွန်တော် ကောင်းတာပဲရွေးတယ်”

“ဟုတ်တာပေါ့ ကောင်းတာပဲ ရွေးသင့်တာပေါ့။ ဒါပေမဲ့ အမြဲ မကောင်းနိုင်ဘူးလေ။ ဆိုးသွားရင်ရော”

“ဆိုးတယ်နော်ဆပ် … တုံ့ပြန်မလား … သင်ခန်းစာယူမလား ကျွန်တော်ရွေးတယ်”

“ဘာရွေးသလဲ”
“သင်ခန်းစာယူတာပေါ့ဆပ်။ ဘာကြောင့် ဆိုးရသလဲပေါ့”

“ခင်ဗျားကို သူများတွေ ဆဲသွားလည်း ပြုံးနေတာပဲ”

“အရာရာကို ကျွန်တော်နားမလည်ဘူးဆပ်။ ဆဲတာကို ဆရာသိတယ်။ ဆရာခံစားတယ်။ ဆဲတာကို ကျွန်တော် နားမလည်ဘူး။ ဒါကြောင့် ကျွန်တော့်ကို နှုတ်ဆက်တယ်ပဲထင်တယ်”

“လွယ်တော့ မလွယ်ဘူးဗျာ … ခင်ဗျားလိုစိတ်မျိုးထားဖို့တော့ သိပ်မလွယ်ဘူး”

“ဘဝဆိုတာ ရွေးချယ်စရာတွေအများကြီးပါဆပ်။ အမှိုက်တွေကိုနော် ကျွန်တော်မရွေးဘူး။ မရမ်းသီး အမှိုက် မကောက်ဘူး။ အမှိုက်တွေ သိမ်းမထားဘူး။ အမှိုက်လို့ထင်ရင် အမှိုက်တောင်းထဲထည့်လိုက်တယ်ဆပ်”

“ဦးမရမ်းသီးရယ် ခင်ဗျားကိုတော့ လေးစားပြီ”

ဒီလိုနဲ့ ဦးမရမ်းသီး ပျောက်သွားတယ်။ တစ်ပတ်လောက်မတွေ့လို့ မေးကြည့်တော့ ကားတိုက်ခံရလို့ ဆေးရုံ တက်နေရတယ်တဲ့။ ကျွန်တော်လည်း သူ့ကို ဆေးရုံသွားပြီး သတင်းမေးတယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ။ ခေါင်းကိုထိ ထားလို့ ဆေးရုံတက်နေရတာ။ ခေါင်းမှာ ပတ်တီးကြီးနဲ့။

“ဦးမရမ်းသီးရယ် မသေကောင်း မပျောက်ကောင်း၊ နေကောင်းရဲ့လား”

“ကောင်းတယ်ဆပ်”

“ကားတိုက်တော့ အတော်ကြောက်သွားလား”

“ကားလမ်းကို ဖြတ်ကူးလိုက်တာ မထင်မှတ်ဘဲ လမ်းပြောင်းပြန် မောင်းလာတဲ့ကားက ဝင်တိုက်တာဆပ်”

“အို … ခုလို ပြန်တွေ့ရတာ ကောင်းလိုက်တာ။ ကြောက်သွားမှာပဲနော်”

“မကြောက်ဘူးဆပ်။ ကားတိုက်တယ်။ မှောက်သွားတယ်။ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်သွားတယ်။ ဒါပေမဲ့ဆပ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တယ်”

“ဦးမရမ်းသီး … ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ သတိရသလား”

“သတိရတယ်ဆပ် … ကောင်းကောင်း သတိရတယ်”

“ဘာပြန်မေးသလဲ”

“သေမလား … ရှင်မလား”

“ခင်ဗျား ဘာရွေးလိုက်သလဲ”

“ဆပ် … ကျွန်တော် သေလို့မဖြစ်ဘူး … ဒါကြောင့် ရှင်မယ်ဆိုပြီးရွေးခဲ့တယ်။ ပြန်ထတယ်နော် … ဆေးရုံရောက် လာတယ်”

“ဦးမရမ်းသီးရယ် … ခင်ဗျားကို လေးစားပြီဗျာ … ခင်ဗျား နောက်ဆုံးအချိန်အထိ ရွေးချယ်ခွင့်ရခဲ့တာပဲ”

“ဆပ် … လောကမှာ ရွေးချယ်စရာတွေ အမြဲရှိနေပါလိမ့်မယ်”

ကျွန်တော်ပြုံးလိုက်တယ်။ ဦးမရမ်းသီးက

“ဆရာနော် ပြုံးဖို့ ရွေးချယ်လိုက်တယ်။ သိပ်မှန်တယ်။ ခုချိန်မှာ ပြုံးခဲတဲ့ ဆရာ့မျက်နှာကို မြင်ချင်လိုက်တာလို့ မရမ်းသီး တောင့်တနေတာ”

Zawgyi Version

ကြၽန္ေတာ့္႐ုံး မွာ ဦးမရမ္းသီးဆိုတဲ့ ညေစာင့္ဒရဝမ္ႀကီးတစ္ေ ယာက္ရွိတယ္။ အရမ္းခ်စ္စ ရာေကာင္းတယ္။ အၿမဲတမ္း ၿပဳံးေနၿပီး လူေတြ႕တာနဲ႕ အေလးျပဳတတ္တယ္။ ႏႈတ္ကလည္း အၿမဲေျပာတတ္တာက

“Good Day Sir”

ကြၽန္ေတာ္က တစ္ေန႕ေတာ့ သူ႕ကို ေမးမိတယ္

“ဦးမရမ္းသီး”

“ေျပာပါဆပ္”

“ခင္ဗ်ားအဂၤလိပ္လိုေကာင္းေကာင္းတတ္သလား”

“မေျပာနိုင္ဘူး၊ မေရးနိုင္ဘူးဆပ္။ ဒါေပမဲ့ ဆရာေျပာတယ္ေနာ္ မရမ္းသီးေကာင္းေကာင္းနားလည္တယ္”

“ဘယ္မွာ သင္ခဲ့သလဲ”

“ဆပ္ … အဂၤလိပ္ သခင္ႀကီးဆီမွာ ကြၽန္ေတာ္ ၁၀ ႏွစ္လုပ္ခဲ့တယ္”

“ခင္ဗ်ားၾကည့္လိုက္ရင္ အၿမဲ ၿပဳံးေနတာပဲေနာ္”

“သခင္ႀကီးကေျပာတယ္ … ၿပဳံးေနပါတဲ့။ ၿပဳံးေနတဲ့သူဟာ ထမင္းမငတ္ဘူးတဲ့ဆပ္”

“ေကာင္းတယ္ဗ်ာ ခင္ဗ်ားစိတ္ဓာတ္ကိုေတာ့ ႀကိဳက္သြားၿပီ”

“မိုးလင္းတယ္ေနာ္ဆပ္ … ကြၽန္ေတာ္ စဥ္းစားတယ္။ ႏွစ္မ်ိဳးပဲ။ ေကာင္းေကာင္း လုပ္မလား၊ ဆိုးဆိုး လုပ္မလား။ ကြၽန္ေတာ္ ေကာင္းတာပဲေ႐ြးတယ္”

“ဟုတ္တာေပါ့ ေကာင္းတာပဲ ေ႐ြးသင့္တာေပါ့။ ဒါေပမဲ့ အၿမဲ မေကာင္းနိုင္ဘူးေလ။ ဆိုးသြားရင္ေရာ”

“ဆိုးတယ္ေနာ္ဆပ္ … တုံ႕ျပန္မလား … သင္ခန္းစာယူမလား ကြၽန္ေတာ္ေ႐ြးတယ္”

“ဘာေ႐ြးသလဲ”
“သင္ခန္းစာယူတာေပါ့ဆပ္။ ဘာေၾကာင့္ ဆိုးရသလဲေပါ့”

“ခင္ဗ်ားကို သူမ်ားေတြ ဆဲသြားလည္း ၿပဳံးေနတာပဲ”

“အရာရာကို ကြၽန္ေတာ္နားမလည္ဘူးဆပ္။ ဆဲတာကို ဆရာသိတယ္။ ဆရာခံစားတယ္။ ဆဲတာကို ကြၽန္ေတာ္ နားမလည္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ့္ကို ႏႈတ္ဆက္တယ္ပဲထင္တယ္”

“လြယ္ေတာ့ မလြယ္ဘူးဗ်ာ … ခင္ဗ်ားလိုစိတ္မ်ိဳးထားဖို႔ေတာ့ သိပ္မလြယ္ဘူး”

“ဘဝဆိုတာ ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးပါဆပ္။ အမွိုက္ေတြကိုေနာ္ ကြၽန္ေတာ္မေ႐ြးဘူး။ မရမ္းသီး အမွိုက္ မေကာက္ဘူး။ အမွိုက္ေတြ သိမ္းမထားဘူး။ အမွိုက္လို႔ထင္ရင္ အမွိုက္ေတာင္းထဲထည့္လိုက္တယ္ဆပ္”

“ဦးမရမ္းသီးရယ္ ခင္ဗ်ားကိုေတာ့ ေလးစားၿပီ”

ဒီလိုနဲ႕ ဦးမရမ္းသီး ေပ်ာက္သြားတယ္။ တစ္ပတ္ေလာက္မေတြ႕လို႔ ေမးၾကည့္ေတာ့ ကားတိုက္ခံရလို႔ ေဆး႐ုံ တက္ေနရတယ္တဲ့။ ကြၽန္ေတာ္လည္း သူ႕ကို ေဆး႐ုံသြားၿပီး သတင္းေမးတယ္။ ၿပဳံးၿပဳံး႐ႊင္႐ႊင္ပဲ။ ေခါင္းကိုထိ ထားလို႔ ေဆး႐ုံတက္ေနရတာ။ ေခါင္းမွာ ပတ္တီးႀကီးနဲ႕။

“ဦးမရမ္းသီးရယ္ မေသေကာင္း မေပ်ာက္ေကာင္း၊ ေနေကာင္းရဲ႕လား”

“ေကာင္းတယ္ဆပ္”

“ကားတိုက္ေတာ့ အေတာ္ေၾကာက္သြားလား”

“ကားလမ္းကို ျဖတ္ကူးလိုက္တာ မထင္မွတ္ဘဲ လမ္းေျပာင္းျပန္ ေမာင္းလာတဲ့ကားက ဝင္တိုက္တာဆပ္”

“အို … ခုလို ျပန္ေတြ႕ရတာ ေကာင္းလိုက္တာ။ ေၾကာက္သြားမွာပဲေနာ္”

“မေၾကာက္ဘူးဆပ္။ ကားတိုက္တယ္။ ေမွာက္သြားတယ္။ သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖစ္သြားတယ္။ ဒါေပမဲ့ဆပ္ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္တယ္”

“ဦးမရမ္းသီး … ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးဖို႔ သတိရသလား”

“သတိရတယ္ဆပ္ … ေကာင္းေကာင္း သတိရတယ္”

“ဘာျပန္ေမးသလဲ”

“ေသမလား … ရွင္မလား”

“ခင္ဗ်ား ဘာေ႐ြးလိုက္သလဲ”

“ဆပ္ … ကြၽန္ေတာ္ ေသလို႔မျဖစ္ဘူး … ဒါေၾကာင့္ ရွင္မယ္ဆိုၿပီးေ႐ြးခဲ့တယ္။ ျပန္ထတယ္ေနာ္ … ေဆး႐ုံေရာက္ လာတယ္”

“ဦးမရမ္းသီးရယ္ … ခင္ဗ်ားကို ေလးစားၿပီဗ်ာ … ခင္ဗ်ား ေနာက္ဆုံးအခ်ိန္အထိ ေ႐ြးခ်ယ္ခြင့္ရခဲ့တာပဲ”

“ဆပ္ … ေလာကမွာ ေ႐ြးခ်ယ္စရာေတြ အၿမဲရွိေနပါလိမ့္မယ္”

ကြၽန္ေတာ္ၿပဳံးလိုက္တယ္။ ဦးမရမ္းသီးက

“ဆရာေနာ္ ၿပဳံးဖို႔ ေ႐ြးခ်ယ္လိုက္တယ္။ သိပ္မွန္တယ္။ ခုခ်ိန္မွာ ၿပဳံးခဲတဲ့ ဆရာ့မ်က္ႏွာကို ျမင္ခ်င္လိုက္တာလို႔ မရမ္းသီး ေတာင့္တေနတာ”

Uploader, Kyu Kyu Kyawt Shin

Leave a Reply

Your email address will not be published. Required fields are marked *