၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော် အမြတ်ရခဲ့တဲ့ ဖိုးကံကောင်း

Posted on

ဘေထုပ်ေ ရာင်းဝ ယ်ခြင်းကို နိုင်ငံြ ခားမှာတော့ thrift shopping လို့ခေါ်ပြီး အဝတ်အစား၊ အသုံးအဆော င်တွေကို ကျရင်တော့ vintage ပစ္စည်းတွေ လို့ ခေါ်ပါတယ်။ အမှန်တော့ ဘေထုပ် ဝတ်ခြင်းဟာ ရှက်စရာမေ ကာင်းပါဘူး။ ဟောလိဝုဒ်စ တားတွေ မှာတောင်မှ vintage အဝတ်အစား အသုံးအေ ဆာင်တွေကို ကြိုက်လွန်းလို့ တမင်ဈေးကြီးပေး ဝယ်ကြတဲ့လူတွေ ရှိပါတယ်။

၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော် အမြတ်ရခဲ့တဲ့ ဖိုးကံကောင်း

Thrift shopping လုပ် တဲ့အခါ နာမည်ကျော် ဇိမ်ခံတံဆိ ပ်တွေရဲ့ ရှေးတုန်းက ထုတ်ခဲ့ပြီး နောက်ပိုင်းမူရင်း ဆိုင်တွေ မှာတောင် ပြန်ရဖို့မလွယ်ကူတဲ့ ပစ္စည်းဟောင်းတွေ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အသုံးအဆော င်တွေကို ရှာတွေ့နိုင်သလို တန်ကြေးကြီးတဲ့ ပစ္စည်းေ တွကိုလည်း ဈေးအရမ်းသ က်သာစွာ ရရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံအချို့မှာတော့ ဘေထုပ်တန်းဆိုတာ သပ်သပ်ရှိပြီး vintage ပစ္စည်းတွေကို ကြိုက်နှ စ်သက်တဲ့ လူတွေမှတ မင်အချိန်ပေးကာ သွားတတ်ကြပါတယ်။

ဘေထုပ်အကျီေ င်္တွဝယ် တဲ့အခါ အိပ်ကပ်ထဲမှ ဒေါ်လာေ တွပါလာတာမျိုး လက်ဝတ်ရတ နာပါလာတာမျိုးတွေ ကြားဖူးကြမယ်ထင်ပါတယ်။ အရင်ပိုင်ရှင်က မေ့ပြီးအိတ်ထဲထည့်မိတဲ့အခါ ပြန်ရောင်းတော့ ပစ္စည်တွေကို အကော င်းအတိုင်း ပြန်တွေ့တတ်ပါတယ်။

၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော် အမြတ်ရခဲ့တဲ့ ဖိုးကံကောင်း

မလေးရှားနို င်ငံမှ အသက် (၂၉) နှစ်အရွယ် Adam Wan ဟာလည်း ဘေထုပ်ထဲမှ ဆုကြေးပေါက်ခဲ့တဲ့ အမျိုးသားတစ်ဦးပါ။ Adam ဟာ Kelantan မှ Kampung Tualang Salak နားမှာ ဘေထုပ်ဆိုင်ဖွင့်ဖို့အတွက် စီစဉ်ေ နတာပါ။ ဘေထုပ်ဝယ်တဲ့အခါ အထုပ်လိုက်တစ်ခါတည်း ဈေးဖြတ်ဝယ်ရတာမို့ အပေါက်အပြဲအနာအဆာတွေ ပါ,မပါ၊ ပစ္စည်းအကောင်းစားတွေပါ, မပါကတော့ ကိုယ့်ကံနဲ့ဆို က်ပါတယ်။ Adam ကတော့ (၂၅) ဒေါ်လာပေးကာ ဘေထုပ်နှစ်ထုပ်ကို ဒိုင်ဆီကနေဝယ်လာခဲ့ပါတယ်။

ဒါပေမဲ့ Adam ကတော့ ပစ္စည်းကော င်းပါတာထ က်ကို ပိုပြီးကံကောင်းသွားတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပါတယ်။ သူဝယ်လိုက်တဲ့ ဘေထုပ်ထဲကကုတ်အကျီင်္ထဲမှာ ပိုက်ဆံအိတ် တစ်အိတ်ကို ရှာတွေ့ခဲ့တာပါ။ ပိုက်ဆံအိတ်ကိုဖွင့်ကြည့် လိုက်တဲ့အ ချိန်မှာတော့ ဂျပန်ယန်း (၅) သိန်း (၅) သောင်းကိုရှာတွေ့ခဲ့ပါတယ်။ ယန်း(၅)သိန်း (၅)သောင်းဆိုတာ မလေးရှားရင်းဂစ် (၂) သောင်းနှင့်ညီမျှပြီး ဒေါ်လာ (၄,၈၆၃) ထောင်ကျော်လောက်ရှိပါတယ်။

၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော် အမြတ်ရခဲ့တဲ့ ဖိုးကံကောင်း

ပိုက်ဆံတွေကို ရှာတွေ့တွေ့ချင်း အရမ်းမအံ့သြပေမယ့် ပိုက်ဆံရေ ပြီးတဲ့ အချိန်မှာတော့ အရမ်းများ တဲ့ပမာဏကြောင့် တော်တော်လေးကအံ့သြခဲ့ရပါတယ်။ ပိုက်ဆံအချို့ကိုတော့ မလေးရှားငွေနဲ့ ပြန်လဲလှယ်ကာ စီးပွားရေးအတွက် သုံးသွားမှာဖြစ်ပြီး အနည်းငယ်ကိုတော့ လာဘ်ဆော င်တဲ့အနေနဲ့ သိမ်းထားမယ်လို့ Adam ကဆိုပါတယ်။

ဒီအကြောင်းကို အများသူငါမုဒိဓာပွားနိုင်အောင် ဓာတ်ပုံနှင့်တကွ Facebook ပေါ်မှာတင်ထားခဲ့ပါတယ်။ လူအများစုကတော့ ပိုက်ဆံရှာတွေ့ခဲ့တဲ့ ကုတ်အကျီင်္နဲ့ ပိုက်ဆံထည့်ထားတဲ့ အိတ်တို့ကို ဈေးကြီးပေးဝယ်နေကြပေမယ့် Adam ကတော့ မရောင်းဘဲ သိမ်းထားမှာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ Comment များထဲတွင် Datuk Mohamad Shukri မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး Adam ဟာ ငွေကိုရှာတွေ့ခဲ့တာမှန်ပေမယ့် ထိုငွေများဟာ သူများဟာဖြစ်တာကြော င့်ပိုင်ရှင်ကိုရှာသင့် ကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ပါက ရဲလက်သို့အပ်သင့်ကြောင်း ဝင်ရောက်ပြောထားပါသေးတယ်။

၂၅ ဒေါ်လာရင်းပြီး ဝယ်ခဲ့တဲ့ဘေထုပ်ကနေ ဒေါ်လာ ၄ ထောင်ကျော် အမြတ်ရခဲ့တဲ့ ဖိုးကံကောင်း

Adam ကတော့ ဒီဘေထုပ် ထည်များဟာ ဂျပန်မှတစ်ဆင့်လာ တာဖြစ်တဲ့ အတွက် မလေးရှားမှ အမည်မသိ၊ နေရာမသိဂျပန်နိုင်ငံမှ လူတစ်ယောက်ကို ရှာဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ အခြားဘေထုပ်ရော င်းဝယ်သမားများလည်း ပစ္စည်းများယ ခုလိုတွေ့တဲ့အခါ မိမိကံထူးလို့တွေ့တယ်ဆိုပြီး ယူဆကြောင်းနဲ့ ရဲလက်အပ်ဖို့ဆိုတာ ဒီပိုက်ဆံတွေနဲ့ အစိုးရနဲ့ နည်းနည်းမှ မသက်ဆို င်ကြောင်း ပြန်တုန့်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *