၃၇နှစ်လုံး ညီအစ်ကိုလိုနေခဲ့ကြပြီး အခုနောက်ဆုံးအခြေနေမှာဦးဖိုးဖြူရဲ့ရင်နာစရာအဖြစ်ပျက်ကိုပြောပြလာတဲ့ ဦးဇာဂနာ

Posted on

တစ်နိုင်ငံ လုံးက ပရိသတ် တွေ ချစ်ခင် အားပေး ကြတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ဦးဖိုးဖြူ ဟာ မနေ့က မတ်လ (၁၁) ရက်နေ့ ကပဲ ကွယ်လွန် သွားခဲ့ ပြီ ဖြစ်ပါတယ်။ ဦးဖိုးဖြူ ဟာ မြပုဏ္ဏမာ အငြိမ့်မှာ လူရွှင်တော် အဖြစ် ဆောင်ရွက်ခဲ့ သလို သရဲလေး ကောင် ပြဇာတ် မှာလည်း အောင်မြင်ခဲ့ သူ တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ဖိုးဖြူရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သလို နှစ်ပေါင်း များစွာ လုပ်ဖော် ကိုင်ဖက် တစ်ယောက်လည်း ဖြစ်တဲ့ ဇာဂနာ က သွားလေသူ အတွက် ယူကြုံး မရ ဖြစ်နေ တာကို တွေ့ရပါတယ်။

ဇာဂနာက “မြပုဏ္ဏမာစထူထောင်တော့ ၁၉၈၅။၃ရနှစ်လုံးလုံး၊ ညီရင်းအကိုလို လက်တွဲခဲ့ကြ၊ အခက်အခဲ မှန်သမျှ အတူတကွ ရင်ဆိုင်ခဲ့ကြတာ။ သေမင်းနဲ့ သုံးကြိမ် တိုင်တိုင်၊ စစ်ခင်းခဲ့ရာက၊ ခုတော့ ကျဆုံးခဲ့ရပြီ။ လူတိုင်းကို စတတ်၊ နောက်တတ်၊ ဂိုးထည့်တတ်သူကြီး၊ အသက်ရှူရပ်တော့ နောက်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်း ပေမဲ့၊ မပြည့်ခဲ့။ ပြုသမျှ ကုသိုလ်အတွက် အမျှဝေ ပါတယ် ကိုဖြူ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြော လာပါတယ်။

ဇာဂနာ ကတော့ (၃၇) နှစ်တိုင်တိုင် သူငယ်ချင်းလို လုပ်ဖော် ကိုင်ဖက်လို ခင်မင် ရင်းနှီးခဲ့ ရတဲ့ ဖိုးဖြူ အတွက် နောက်နေ တာပဲ ဖြစ်ပါစေလို့ ဆုတောင်းခဲ့ ပေမယ့် ဆုတောင်း မပြည့်တဲ့အကြောင်းကို ဝမ်းနည်းစွာနဲ့ ရင်ဖွင့် လာခဲ့ တာပဲဖြစ်ပါတယ်။

Zawgyi

တစ္နိုင္ငံ လုံးက ပရိသတ္ ေတြ ခ်စ္ခင္ အားေပး ၾကတဲ့ လူရႊင္ေတာ္ ဟာသ သ႐ုပ္ေဆာင္ ဦးဖိုးျဖဴ ဟာ မေန႔က မတ္လ (၁၁) ရက္ေန႔ ကပဲ ကြယ္လြန္ သြားခဲ့ ၿပီ ျဖစ္ပါတယ္။ ဦးဖိုးျဖဴ ဟာ ျမပုဏၰမာ အၿငိမ့္မွာ လူရႊင္ေတာ္ အျဖစ္ ေဆာင္ရြက္ခဲ့ သလို သရဲေလး ေကာင္ ျပဇာတ္ မွာလည္း ေအာင္ျမင္ခဲ့ သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန႔ မွာေတာ့ ဖိုးျဖဴရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္သလို ႏွစ္ေပါင္း မ်ားစြာ လုပ္ေဖာ္ ကိုင္ဖက္ တစ္ေယာက္လည္း ျဖစ္တဲ့ ဇာဂနာ က သြားေလသူ အတြက္ ယူၾကဳံး မရ ျဖစ္ေန တာကို ေတြ႕ရပါတယ္။

ဇာဂနာက “ျမပုဏၰမာစထူေထာင္ေတာ့ ၁၉၈၅။၃ရႏွစ္လုံးလုံး၊ ညီရင္းအကိုလို လက္တြဲခဲ့ၾက၊ အခက္အခဲ မွန္သမၽွ အတူတကြ ရင္ဆိုင္ခဲ့ၾကတာ။ ေသမင္းနဲ႔ သုံးႀကိမ္ တိုင္တိုင္၊ စစ္ခင္းခဲ့ရာက၊ ခုေတာ့ က်ဆုံးခဲ့ရၿပီ။ လူတိုင္းကို စတတ္၊ ေနာက္တတ္၊ ဂိုးထည့္တတ္သူႀကီး၊ အသက္ရႉရပ္ေတာ့ ေနာက္ေနတာပဲ ျဖစ္ပါေစလို႔ ဆုေတာင္း ေပမဲ့၊ မျပည့္ခဲ့။ ျပဳသမၽွ ကုသိုလ္အတြက္ အမၽွေဝ ပါတယ္ ကိုျဖဴ။” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေျပာ လာပါတယ္။

ဇာဂနာ ကေတာ့ (၃၇) ႏွစ္တိုင္တိုင္ သူငယ္ခ်င္းလို လုပ္ေဖာ္ ကိုင္ဖက္လို ခင္မင္ ရင္းႏွီးခဲ့ ရတဲ့ ဖိုးျဖဴ အတြက္ ေနာက္ေန တာပဲ ျဖစ္ပါေစလို႔ ဆုေတာင္းခဲ့ ေပမယ့္ ဆုေတာင္း မျပည့္တဲ့အေၾကာင္းကို ဝမ္းနည္းစြာနဲ႔ ရင္ဖြင့္ လာခဲ့ တာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.