၇ ရက် သားသမီးများအတွက် တစ်သက်တာ ဂဏန်းဗေဒင်ဟောကိန်း (2) ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

Posted on

အနောက်တို င်းရာသီ ခွင်မှာတော့ သြဂုတ်လ (၂၉)ရက်ဟာ “ကန်ရာသီခွင်” ထဲမှာ ကျရောက်နေတယ်။ ကန်ရာသီဟာ အနုပညာသ ည်တွေ ပေါ်ထွန်းတ တ်တဲ့ ရာသီလည်း ဖြစ်နေပြန် (၂၉)ဂဏန်းကလည်း (၂)ဂဏန်း သမားတွေမှာ အတော် ထက်မြက်တဲ့ ဂဏန်းဖြစ် တယ်။

ဒါပေမယ့် (၂၉)ဂဏန်းဟာ တနင်္လာ(စန်း)နဲ့ အင်္ဂါဂြိုဟ် တို့ရဲ့ အတွဲ ဖြစ်နေလေတော့ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စအရှုတ်အထွေးတွေကို အတော် အားပေး တတ်တဲ့ ဂဏန်း ဖြစ်နေပြန်တယ်။ (၁)ဂဏန်းဟာ “နေမင်း” ရဲ့ သင်္ကေတ ဖြစ်တယ်၊ (၂)ဂဏန်းက “လမင်း” ရဲ့ သင်္ကေတဖြစ်တယ်ဆိုတာ (၂)ဂဏန်းဟာ တနင်္လာဂြိုဟ်ရဲ့ သင်္ကေတဘဲ။

နေမင်းဟာ ပူပြင်းမှုကို သရုပ်သကန်ဖော်ပြပြီး လမင်းကတော့ အေးချမ်းမှုရဲ့ သရုပ်သကန် ကို ဖော်ပြတယ်လေ။ နောက်ပြီး နေမင်းဟာ ဖခင် နဲ့တူတယ်။ လမင်းဟာ မိခင်နဲ့တူတယ်။ နေမင်းဟာ အားကောင်းတဲ့ အဖိုဓာတ်ဖြစ်ပြီး လမင်းကတော့ အားကောင်းတဲ့ အမဓာတ်ဖြစ်တယ်လေ။

ဒါကြောင့် (၁)ဂဏန်းသမားတွေဟာ စိတ်ဓာတ်ပြင်းထန်သလောက် (၂)ဂဏန်သမားတွေက စိတ်ဓာတ်နူးညံ့တယ်။ ပျော့ပြောင်းတယ်။ မိခင်ဆန်တဲ့စိတ်ရှိတယ်။ မိသားစုကို ခင်တွယ်စိတ်များတယ်။ သံယောဇဉ်ကြီးတယ်။ စိတ်ကူးယဉ်မှု များတယ်။ တွေးတော ဆင်ခြင်မှုများတယ်။ စိတ်ကူးဉာဏ် အလွန်ကွန့်မြူးတတ်တယ်။ တီထွင်ကြံဆတတ်တယ်။

ဒါကြောင့် (၂)ဂဏန်း သမားတွေဟာ အနုပညာရှင်တွေ၊ တွေးခေါ်မျှော်မြင်ရေးပညာရှင်တွေ၊ ပန်းချီဒီဇိုင်းပညာရှင်တွေ၊ တီထွင်သူတွေ အများဆုံးဖြစ်လာတတ်ကြတယ်ဗျ။ သူတို့ဟာ ပုံတူကူးချတာထက် ကိုယ်ပိုင် ဆန်းသစ်တီထွင်မှုကို ပိုပြီး နှစ်ခြိုက်တတ်ကြ တယ်။ ဒါကြောင့် (၂)ဂဏန်းသမားဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်တို့၊ ဘရစ်တနီစပီးယား တို့ဟာ သူများနဲ့ မတူတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ဆန်းသစ်အောင်မြင် လာကြတာဘဲဖြစ်တယ်။

(၂)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာတွေကတော့-

(၂)ဂဏန်းသမားတွေဟာ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းမှာ စိတ်ပိုင်းဖက်ကို ပိုမို အလေးသာသူတွေဖြစ်တယ်။ စိတ်ကူးယဉ် တတ်တယ်။ စိတ်ကူးကောင်းတယ်။ တီထွင်ကြံဆ တတ်တယ်။ အတွေးအခေါ်မြင့်မားတယ်။ စိတ်နဲ့ပတ်သက်တဲ့ ပညာရပ် တွေကို

ဝါသနာပါတယ်။ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကိုလည်း စိတ်ဝင်စားတယ်။ လောကီပညာရပ်တွေကိုလည်း စိတ်ဝင် စားမှု များတယ်။ စာကောင်းပေကောင်းတွေကို ဖတ်ရှုရတာ ဝါသနာပါတယ်။

(၂)ဂဏန်းသမားေ တွဟာ စိတ်ကူးစိတ်သန်းေ ကာင်းပေမယ့် လက်တွေ့ အကောင်အထ ည်ဖော်ရာမှာတော့ အားနည်း သူတွေဖြ စ်တယ်။ သူတို့ရဲ့ စိတ်ကူးေ ကာင်းတွေဟာ လေထဲမှာ ဆောက်တဲ့အိမ်လို လွင့်ပြယ်ပျောက်ပျက်သွားရတာ ပိုများ တယ်။

(၂)ဂဏန်းသမားတွေဟာ စိတ်ကူးကောင်း သလောက်သာ လက်တွေ့ အကောင်အထ ည်ဖော်နိုင်ရ င်ထိပ်တန်းအောင်မြင် သူတွေဖြစ် မှာပါ။ ဒါပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်တဲ့သူက ပိုများပါတယ်။ (၂)ဂဏန်းသမားတွေဟာ ဇွဲ၊ ဝီရိယလည်း နည်း သူတွေဖြစ်ပြီး အလုပ် တစ်ခုကို ပြီးဆုံးအောင်မြင်သည်အထိ မလုပ်တတ် ကြဘဲ တိုးလို့တန်းလန်းနဲ့တွင် ရပ်နေတတ် ကြပါတယ်။

သူတို့ဘဝမှာ တစ်ပိုင်းတစ်စနဲ့ မပြီးပြတ်သေးဘဲ ပစ်ထားတဲ့ လုပ်ငန်း၊ အစီအစဉ်၊ စီမံကိန်းတွေဟာ ရှုပ်ပွလို့သာ နေပါတော့တယ်။ အစပိုင်းမှာတော့ ကောက်ရိုးမီးလို တစ်ဟုန်းဟုန်း ဖြစ်တတ်ပြီး နောက်ပိုင်းမှာ မီးသေသွားတတ်ပါတယ်။ သူတို့ဟာ လူချမ်းသာမှုထက် စိတ်ချမ်းသာမှုကို ပိုမိုအလေးထားသူတွေဘဲဖြစ်ပါတယ်။ စိတ်ဆင်းရဲတာကို လုံးဝခံနိုင်ရည် မရှိပါဘူး။

(၂)ဂဏန်းသမားတွေဟာ စိတ်ဓာတ်ကျဆင်းလာရင် ကျန်းမာရေးပါ ကျဆင်းလာတတ်ပါတယ်။ စိတ်ဓာတ် တက်လွယ်၊ ကျလွယ်ဖြစ်ပြီး စိတ်ကျရောဂါကို ခံစားရလွယ်သူတွေ ဖြစ်ပါတယ်။ (၂)ဂဏန်းသမားတွေဟာ စိတ်ပျော့သလို၊ လူလည်း ပျော့ပါတယ်။ အပင်ပန်း၊ အဆင်းရဲဓာတ်ကို မခံနိုင်ကြတတ်ဘူး။

လူကသာ “လေးလုံးခြောက်ဖက်” ဝဝဖြိုးဖြိုး ဖြစ်ချင်ဖြစ်မယ်။ အပင်ပန်းဒဏ် မခံနိုင်ကြသူတွေက ပိုများပါတယ်။ (၂)ဂဏန်းသမားတွေဟာ စိတ်နုပြီး အလွန် အကဲဆတ်သူများ ဖြစ်ကြတယ်။ စိတ်လှုပ်ရှားလွယ်တယ်။ တုန့်ပြန်မှု လျှင်မြန်တယ်။ သူတို့ စိတ်လှုပ်ရှားလာရင် ဂဏှာမငြိမ်ဖြစ်လာတဲ့ အမူအယာကို ဖုံးဖိမရနိုင်အောင် ဖြစ်တတ်တယ်။ ဟန်ဆောင်မကောင်းကြဘူး။ စိတ်ကောက်လွယ်တယ်။

စိတ်ထိခိုက် လွယ်တယ်။ အမှတ်သညာ ကြီးတယ်။ ပြီးပြီး ပျောက်ပျောက် သဘောမထားနိုင်ကြဘူး။ (၂)ဂဏန်းသမားတွေဟာ တစ်ဖက်သားကို အလွန်သနားလွယ်သူတွေဖြစ်တယ်။ ကိုယ်ခြင်းစာတရားရှိတယ်။ မရှိ ရှိတာနဲ့ ကူညီတတ်တယ်။ ဒါပေမယ့် ကပ်စေးနဲ မိရင်လည်း သူမတူအောင် ကပ်စေးနည်းတတ်တယ်။

(၂)ဂဏန်းသမားတွေကို ကြည့်လိုက်ရင် သိပ်ပျော်ပျော်ရွှင်ရွင် တက်တက်ကြွကြွဖြစ်နေသူ ရှားပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အဆွေးသမား၊ အငေးသမားလို ဖြစ်နေတယ်။ သူတို့အကြောင်း မသိရင် မာနကြီးသလို၊ လူမှုဆက်ဆံရေး မကောင်းသလို ထင်ရတယ်။ ဒါကြောင့် သူတို့ဟာ ဆက်ဆံရေးမကောင်းသူ၊ တစ်ကိုယ် ကောင်းဆန်သူတွေလို့ မကြာခဏ အထင်မှားခံရတတ်တယ်။

(၂)ဂဏန်းသမားတွေဟာ အပေါင်းအသင်း နဲ့ ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာ အလွန်သစ္စာရှိတာများတယ်။ သူ့ဖက်ကသာ စ,မဖောက်ရင် ကိုယ့်ဖက်က စ,မဖောက်တတ်ကြဘူး။ ဒါပေမယ့် သူတို့ဟာ မကျေနပ်မှုတွေများလာရင် အလွန်အရွဲ့တိုက်ပြီးလုပ်တတ်သူတွေလည်းဖြစ်တယ်။

(၂)ဂဏန်းသမားတွေဟာ ယေဘူယျအားဖြင့် မျှတသူတွေဖြစ်ပေမယ့် သူတို့ အစွန်းရောက်မိပြီဆိုရင် ကျန်တဲ့နေ့ဖွားတွေ လိုက်မမှီအောင်ဖြစ်ရတတ်တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးကို မွှေးခဲ့တဲ့ “အဒေါ့ဖ်ဟစ်တလာ” ဟာဆိုရင် (၂ဝ)ရက်ဖွား (၂)ဂဏန်းသမားဖြစ်တယ်။

သူနဲ့အတူတွဲခဲ့တဲ့ အီတလီအာဏာရှင် မွတ်ဆိုလိုနီဟာလည်း (၂၉)ရက်ဖွား (၂)ဂဏန်း သမားဖြစ်တယ်။ တကယ်တော့ (၂)ဂဏန်းသမားတွေဟာ လူကြောက်တတ်ပါတယ်။ လူတောသူတောထဲ သိပ်မဝင်ဆန့်ကြပါဘူး။ လူထု ခေါင်းဆောင်ဖြစ်ခဲ့တဲ့ (၂)ဂဏန်းသမား တွေဟာလည်း ဟန်ဆောင်ပြီးသာပြောဆိုလုပ်ကိုင်နေရပေမယ့် လူကြောက်တတ် သူများဖြစ်ပါတယ်။ လူတွေအများကြီးနဲ့ သိပ်ပြီး မဆက်ဆံလိုကြပါဘူး။

အပေါင်းအသင်းနည်းပြီး အပေါင်းအသင်းကို ရွေးချယ် ပေါင်းသင်းတတ်ကြပါတယ်။ သူတို့ ဘဝင်မကျရင် အဲဒီလူဆီက ရွှေထွက်မယ်ဆိုရင်တောင် ဟန်ဆောင်ပန်ဆောင် ပေါင်းလေ့ မရှိကြပါဘူး။ (၂)ဂဏန်းသမားမှန်ရန် အနောက်တိုင်းဆေးပညာမှာ “Phobia” လို့ခေါ်တဲ့ တစ်ခုခုအပေါ်မှာ အကြောက်ကြီးတဲ့ အစွဲအလန်းမျိုးရှိကြပါတယ်။ တစ်ချို့က လူကြောက်တယ်။ တစ်ချို့က အမြင့်ကြောက်တယ်။ တစ်ချို့ သွေးမြင်ရင် ကြောက်တယ်။ ဒီထဲမှာ ထူးထူးဆန်းဆန်း နှင်းဆီပန်းမြင်ရင်ကြောက်တာတို့။ တွယ်အပ်ချိတ်ကို မြင်ရင် ကြောက်တာတို့ လည်း တွေ့ဘူးပါတယ်။

(၂)ဂဏန်းသမားတွေဟာ အေးအေးချမ်းချမ်းနေလိုကြတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာလည်း အောင်မြင်ကျော်ကြားချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းထန်တတ်ပါတယ်။ ဒီဖြစ်စဉ် နှစ်ခုကြားမှာ ပဋိပက္ခဖြစ်နေတဲ့ (၂)ဂဏန်းသမားတွေ တော်တော်များပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အေးချမ်းမှုဘက်ကို လိုက်သွားတတ်ကြတဲ့ သူတွေက ပိုများပါတယ်။

(၂)ဂဏန်းသမားတွေဟာ စိတ်ဆင်းရဲမှုကို မခံနိုင်သူတွေဖြစ်လို့ စိတ်ဓာတ်ကျဆင်းရင် ကျန်းမာရေးပါ ကျဆင်း လာလေ့ရှိပါတယ်။ စိတ်ကျရောဂါ၊ ညဘက် အိပ်မပျော်တဲ့ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေဟာ (၂)ဂဏန်းသမားတွေဟာအများဆုံးဖြစ်လေ့ရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။ နောက်တစ်ခုက (၂)ဂဏန်းသမားတွေဟာ Accident ဖြစ်လွယ်ပါတယ်။

ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ကိစ္စတွေဟာလည်း (၂)ဂဏန်းသမားတွေမှာ အများဆုံး ဖြစ်လေ့ ရှိပါတယ်။ စိတ်ရောဂါတွေလည်း ဖြစ်လွယ်ပါတယ်။ (၂)ဂဏန်းသမားတွေဟာ သနားကြင်နာလွယ်ပြီး ကိုယ်ခြင်းစာတရားမြင့်မားသူတွေဖြစ်တတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ သနားတာကနေစပြီး သဒ္ဓါလွန်ရာကနေ တဏှာကျွံတတ်ပါတယ်။

မိမိထက် နိမ့်ကျသူများနှင့် အင်မတန်ညိစွန်း လွယ်ပါတယ်။ အချစ်ရေးမှာ ရွေးစရာ (၂)ယောက်ရှိလာရင် အားနည်းတတ်သူဘက်ကို ပိုမို အလေးသာတတ်ပါတယ်။ ဒါပေမယ့်လို့ (၂)ဂဏန်းသမားတွေဟာ စိတ်ဆတ်ပြီး၊ သည်းခံမှုနည်းသူတွေ ဖြစ်သူမို့ အိမ်ထောင်ရေး အလွန် ကောင်းမွန်သူ ရှားပါတယ်။

သူတို့ရဲ့ သည်းမခံနိုင်ဘဲ ရုတ်တရက် ပေါက်ကွဲပြီး လုပ်မိလုပ်ရာလုပ်ခြင်းများကြောင့် ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ အိမ်ထောင်တွေ ပျက်စီးတတ်ပါတယ်။ (၂)ဂဏန်းသမားတွေဟာ မဟာဘုတ်မှာ အကြွင်း မကောင်းရင် မမျှော်လင့်ဘဲ အိမ်ထောင်ဆက်များတတ်ပါတယ်။

သူတို့ဟာ စိတ်နု၊ စိတ်ဆတ်ပြီး မခံချင်စိတ်ကြီးမားကြသူများမို့ လူအများနဲ့ ဆက်ဆံ လုပ်ကိုင်ရတဲ့ လုပ်ငန်းများနဲ့ မသင့်တော်လှပါဘူး။ သူများရဲ့ လက်အောက် မှာ လုပ်ရရင်လည်း သင့်တော်မှုမရှိပါဘူး။ ကိုယ်ပိုင်လုပ်ငန်းများနဲ့သာ သင့်လျှော်ကြပါတယ်။

သူတို့ဟာ လမင်းရဲ့ အမှတ်အသားဖြစ်တာကြောင့် လပြည့်၊ လကွယ် ရှိသလို သူတို့ဘဝဟာလည်း နိမ့်မြင့်တက်ကျ များတတ်ပါတယ်။ တက်တဲ့အခါတက်၊ ကျတဲ့ အခါကျ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် (၂)ဂဏန်းသမားအတော်များများဟာ အိုဇာတာတော့ ကောင်းကြပါတယ်။

လူလတ်ပိုင်း (ဒုတိယအရွယ်)မှာ အလွန်နိမ့်မြင့် တက်ကျများတတ်ပါတယ်။ (၂)ဂဏန်းသမားတွေဟာ စိတ်နုသူများ၊ အကဲဆတ်သူများ၊ စိတ်အမှတ်ကြီးသူများလို့ သတ်မှတ်နိုင်ပေမယ့် သူတို့ရဲ့ အတွင်းစိတ်က နူးညံ့ပျော့ပြောင်းတာမို့ ချော့လိုက်၊ မြှောက်လိုက်ရင်လွယ် အလွယ်တကူ စိတ်ပျော့ကျသွားသူ များလည်း ဖြစ်ပါတယ်။ စိတ်ဆတ်ပေမယ့် အာဃာတ ကြီးသူများတော့ မဟုတ်ပါဘူး။

(၂)ဂဏန်းသမားတွေရဲ့ သီးခြားဂုဏ်အင် လက္ခဏာတွေကတော့-

“ထီးတည်းဂဏန်း” လို့ခေါ်တဲ့ (၂)ရက်ဖွားများဟာ ပေါင်းရသင်းရ အလွန်ခက်တဲ့လူတွေဖြစ်ပါတယ်။ ဆက်ဆံရေး မကောင်းလှပါဘူး။ ပညာမာနလည်း ကြီးကြပါတယ်။ ကပ်စေးနဲသူတွေလို့လည်း အပြောခံရတတ် ပါတယ်။ လက်ပေါက်ကပ် တယ်။ လူ့ဂွစာတွေဖြစ်တတ်တယ်။

ချော့ပေါင်း၊ မြှောက်ပေါင်းရင်တော့ အလွန်အဆင်ပြေတတ်ကြသူတွေလည်းဖြစ်ပါတယ်။ (၁၁)ရက်ဖွားကြတော့ ထူးခြားတာက (၁)ဂဏန်း (၂)လုံးပူးနေလို့ တနင်္ဂနွေနေမင်းရဲ့ ဂုဏ်အင်တွေလည်း ပေါင်းစပ်ပါဝင် နေတယ်လို့ ပြောနိုင်ပါတယ်။ (၁၁)ရက်ဖွားတွေဟာ တီထွင်စွမ်းအားမြင့်မားပြီး၊ အတွေးအခေါ်ကောင်းကြပါတယ်။ လက်တွေ့မှာတော့ အားနည်းပါတယ်။ ဘာသာရေးကို လေးစားလိုက်နာ သူတွေဖြစ်တယ်။

မိရိုးဖလာ ဘာသာရေး ယုံကြည်မှုထက် ပိုမိုမြင့်မားတဲ့ ဘာသာရေးအတွေးအခေါ်တွေရှိသူဖြစ်တယ်။ ကြီးပွားတိုးတက် လိုစိတ်ရှိေ ပမယ့် လက်တွေ့ အကောင်အထ ည်မဖေါ်နိုင် တာကြောင့် ကြီးပွားသင့်သလောက် မကြီးပွားသူတွေဖြစ်တယ်။

(၂ဝ)ရက်ဖွားများ ကြပြန်တော့ အစွန်းရောက်လွယ်တယ်။ လောဘသက္ကာယ ကြီးမားတယ်။ အတ္တစိတ် ကြီးမားတယ်။ မိသားစု၊ ဆွေမျိုး၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံသားဆိုတဲ့ အစွဲအလန်း ကြီးမားတယ်။ လူမှုရေးစိတ်ဓာတ်ပိုရှိတယ်။ လူချစ်လူခင်လည်းများမယ်။ ဒါပေမယ့် Current of Destiny လို့ခေါ်တဲ့ ကံကြမ္မာ အဆုံးသတ်ဂဏန်းမကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်။ ဘဝအဆုံးသတ်မကောင်းတတ်ဘူး။

(၂၉)ရက်ဖွားများကတော့ တစ်မူထူးတာက စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာလိုစိတ်ရှိတယ်။ လောဘကြီးတယ်။ ဒါကြောင့်လည်း မကြာခဏ စီးပွားပျက်စီးတတ် တယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စအရှုတ် အထွေးများတယ်။ လိင်စိတ်ဆန္ဒ ပြင်းထန်တတ်တယ်။ ဒီအတွက် နာမည်ပျက်၊ အရှက်ကွဲရတာ၊ သိက္ခာကျရတာမျိုးတွေ ရှိတတ်တယ်။ ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့လွဲမယ်။

အိမ်ထောင်နှစ်ဆက်ဖြစ်လွယ်မယ်။ (မရိုသေစကား- အငယ်အနှောင်း ဖြစ်လွယ်မယ်)။ မတော်တဆထိခိုက်လွယ်ပြီး သွေးထွက်သံယိုဖြစ်လွယ်မယ်။ သူ့မှာလည်း Current of Destiny မကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်။ ဆန့်ကျင်ဘက်လိင်တွေအပေါ်မှာ ဆွဲဆောင်မှုများမယ်။ ကျန်တဲ့ (၂)ဂဏန်းသမားတွေနဲ့ ယှဉ်ရင် အပေါင်းအသင်းနဲ့ အိမ်ထောင်ဘက်အပေါ်မှာ သစ္စာတည်ကြည်မှု နည်းမယ်။

မိတ်ဘက် နဲ့ အိမ်ထောင်ဘက်တွေကတော့

(၂)ဂဏန်းသမားတွေဟာ (၁)ဂဏန်း၊ (၅)ဂဏန်း၊ (၇)ဂဏန်းတွေနဲ့ မိတ်ဘက်ဖြစ်ပါတယ်။ ရန်ဘက်ကတော့ အဓိကက (၈)ဂဏန်းပါဘဲ။ (၈)ဂဏန်းဟာ (၂)ဂဏန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်။ (၄)ဂဏန်းဟာလည်း (၂)ဂဏန်းအတွက်မကောင်းဘူး။ ဒါကြောင့် (၂)ဂဏန်းသမားတွေဟာ (၄)ဂဏန်း(၈)ဂဏန်း သမားတွေနဲ့ မိတ်ဘက် မဖြစ်ဘူး။ ကိုယ့်ရဲ့အသက်ဟာ ပေါင်းခြင်း (၄) နဲ့ (၈) ကျတဲ့ နှစ်တွေ၊ (၄)နဲ့(၈)အတွဲတွေ၊ မြန်မာ့ရိုးရာ သက္ခတ် ဗေဒင်မှာ စနေနဲ့ ဗုဒ္ဓဟူး သက်ရောက်နှစ်တွေမှာ သတိထားရတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ်စာရင်းလေးတွေကတော့

အဒေါ့ဖ်ဟစ်တလာ (၂ဝ)ရက်ဖွား၊ သူရဲ့ ဝါဒဖြန့်ချိရေးမှူး ဂျိုးဇက်ဂိုးဘဲလ် က (၂၉)ရက်ဖွား၊

အီတလီအာဏာရှင် မြတ္ဆိုလိုနီ (၂၉)ရက်ဖွား၊

အေမရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီက (၂၉)ရက်ဖွား၊

သောမတ်အက်ဒီဆင်က (၁၁)ရက်ဖွား၊

အမေရိကန်လူရွှင်တော်ကြီး ဘော့ဟုတ်က (၂၉)ရက်ဖွား၊

အဆိုကျော် ဘရစ်တနီစပီးယားက (၂)ရက်ဖွား၊

မိုက်ကယ်ဂျက်ဆင်က (၂၉)ရက်ဖွား၊

မော်တော်ကား တာရာတွေကို တီထွင်ခဲ့တဲ့ ချားလ်ဂွတ်ရီးယားက (၂၉)ရက်ဖွား၊

နာမည်ကြီး မော်ဒယ် စင်ဒီကရောဖို့ဒ် က (၂ဝ)ရက်ဖွား၊

လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တဲ့ ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မာရှိုးက (၂၉)ရက်ဖွား၊

ဘောလုံးစတား ဒေးဗစ် ဘက်ဟမ်းက (၂)ရက်ဖွား၊

နောက်ဘောလုံးစတား ဒီဒီရာ ဒေရာ့ဘာက (၁၁)ရက်ဖွား၊

အမေရိကန်နိုင်ငံ စတိုးဆိုင်များ ပိုင်ရှင် ဂျွန်ဝါနာမိတ်ကားက (၁၁)ရက်ဖွား၊

ဟောလီးဝုဒ်မင်းသား ဂျူဒ်လောက (၂၉)ရက်ဖွား၊

မလေးရှားဝန်ကြီးချုပ် မိုဟာသီယာမိုဟာမက် က (၂ဝ)ရက်ဖွား၊

အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ က (၂)ရက်ဖွား၊

ဆိုဗီယက် ယူနီယံနိုင်ငံရဲ့ နောက်ဆုံးခေါင်းဆောင် မီးခေးလ် ဂေါ်ဗာချော့က (၂)ရက်ဖွား၊

ပါကစ္စတန်အကြီးအကဲဟောင်း မူရှာရက်ဖ်က (၁၁)ရက်ဖွား၊

လုပ်ကြံခံရတဲ့ အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီက (၂ဝ)ရက်ဖွားတို့ ဖြစ်သည်။ Crd

ဆရာမစီမှာ အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမူရေး၊ စီးပွားရေး သိုက်ဆက် အကြားအမြင် မေးမြန်းချ င်သူများအေ သးစိတ်မေးမြန် နိုင်ပါပြီ #ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင် လက္ခဏာ

Leave a Reply

Your email address will not be published. Required fields are marked *