၇ ရက် သားသမီးများ အတွက် တစ်သက်တာ ဂဏန်းဗေဒင်ဟောကိန်း (၉) ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

Posted on

(9) ဂဏန်းဟာ သချာင်္ဗေဒမှာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ ဂဏန်းဖြစ်တယ်။ အင်္ဂါဂြိုဟ် ဟာ ရောမဒဏ္ဍာရီမှာ “စစ္နတ္ဘုရား”လို့ သတ်မှတ်ပြီး စစ်ပွဲများ၊ တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများ၊ သွေးထွက်သံယိုမှုများ၊ မီး , လျှပ်စစ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ၊ ဒါး၊ လှံများလို ချွန်ထက် တဲ့ ပစ္စည်းများ၊ စက်ကရိယာ ပစ္စည်းများနဲ့ ကပ်ရောဂါများ၊ ဘေးဆိုးအန္တရာယ်များ နဲ့ သက်ဆိုင်နေတဲ့ ဂဏန်းဖြစ်ပါတယ်။ ဒါကြောင့် ဇာတာတစ်စောင်မှာ အင်္ဂါဂြိုဟ် အားကောင်းတဲ့ သူများဟာ စစ်ဘက်၊ စက်မှုလက်မှုဘက်၊ ဆေးပညာဆိုင်ရာ(အထူးသဖြင့် ခွဲစိတ်ကုသခြင်း) တွေမှာ အကျိုးပေး၊ ထူးချွန်တတ်သူတွေ များတယ်။

ဒါပေမယ့် အင်္ဂါဂြိုဟ်ဟာ ကျန်တဲ့ ဂြိုဟ်တွေနဲ့ အမြင်အယှဉ် ဆက်သွယ်မှု မကောင်းပြန်ရင်လည်း ဘဝမှာ Accident တွေဖြစ်ခြင်း၊ သွေးထွက်သံယို ဖြစ်ခြင်း၊ ခွဲစိတ်ကုသခံရခြင်းတွေ ဖြစ်တတ်တယ်။ အင်္ဂါဂြိုဟ်ဟာ ယောကျင်္ားတွေကို ကိုယ်စားပြုတဲ့ “အဖို” သင်္ကေတ ဖြစ်ပြီး သောကြာဂြိုဟ်ကတော့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ “အမ” သင်္ကေတ ဖြစ်တယ်။ ရောမ ဒဏ္ဍာရီတွေမှာတော့ သောကြာဂြိုဟ်အရှင်မ “ဗီးနပ်စ်” အင်္ဂါဂြိုဟ် “မားစ်” ရဲ့ ကြင်ယာတော် ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။

(9)ဂဏန်းသမား တွေရဲ့ ထူးခြားချက်တွေကတော့-

များသောအားဖြင့် ပထမ အရွယ်မှာ ညံ့တတ်တယ်။ ကိုယ်မွေးပြီး မိဘတွေ အိမ်ထောင်ရေး၊ စီးပွားရေး ကသောင်းကနင်းဖြစ်တတ်တယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ကျန်းမာရေး အလွန်ညံ့တတ်တယ်။

အင်္ဂါဂြိုဟ် စိုးမိုးသူများ ပီပီ (9) ဂဏန်းသမားတွေဟာ “တုန်းဆိုတိုက်၊ ကျားဆိုကိုက်” သမားတွေ ဖြစ်တယ်။ စဉ်းစားတွေဝေ ချင့်ချိန်မှု နည်းတယ်။ စိတ်လောကြီးပြီး အရင်လို တတ်ကြသူများ ဖြစ်ကြတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းတယ်။ ရုပ်ဝါဒီ သမားတွေ များတယ်။ အပြိုင်အဆိုင်စိတ် ရှိတယ်။ အတိုက်အခံ ပြုလိုစိတ် ရှိတယ်။

ဘာသာရေးဖက်မှာ အားနည်း တတ်ကြတယ်။ ဒါပေမယ့် ဘာသာရေးဖက်ကို လုပ်မိပြီဆိုရင်လည်း အလွန်အကျွံ လုပ်တတ် ကြပြန်တယ်။ ပြင်းပြင်းထန်ထန် လုပ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရဟန်းသံဃာတော်တွေထဲမှာ (9)ဂဏန်းသမား အတော်များတယ်။

(9)ဂဏန်းသမားများဟာ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူများ ဖြစ်တာကြောင့် အငြင်းအခုန်သန်သူများ၊ ခိုက်ရန်ဖြစ်ပွား လွယ်သူများ၊ လူချစ်လူခင်မများသူများ အဖြစ် အများဆုံး တွေ့ရတတ်တယ်။ သူတို့ဟာ သူများအကြံပေးချက်၊ တိုက်တွန်းချက် များကို ထည့်သွင်းစဉ်းစားလေ့ မရှိဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ကိုယ်ယုံကြည်ကြသူများ ဖြစ်ကြတယ်။

ကိုယ့် ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အမှားတွေ့ကြရင်လည်း နောင်တရလေ့ မရှိကြပါဘူး။ နောင်တ ရရင်လည်း ကိုယ့်စိတ် ထဲမှာဘဲ ကိုယ်ထားပြီး သူများကို ဖွင့်ဟ မပြောတတ်ကြပါဘူး။ သူတို့ဟာ သူတို့ အမှားကို ဝန်ခံလေ့ မရှိတတ်ကြ တဲ့ လူစားမျိုးတွေဖြစ်တယ်။ “ကျွန်တော်/ကျွန်မ သိပ်မှားသွားပါတယ်” ဆိုတဲ့ စကားမျိုးကို (9)ဂဏန်းသမားတွေ ဆီက ကြားရခဲပါတယ်။

(9)ဂဏန်း သမားတွေထဲမှာ အစွန်းရောက်သူတွေ သိပ်များတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်ကျိုးလုံးဝဆို လုံးဝမကြည့်ဘဲ အများအကျိုး သက်သက်သာ ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ တစ်ချို့ကျပြန်တော့လည်း “ဘယ်သူသေသေ၊ ငတေမာပြီးရော” သမားတွေ ဖြစ်တတ်တယ်။

ဥပမာနှိုင်းယှဉ်ပြရရင် သူ့ဘဝတစ်ခုလုံးကို လူမှုရေး အကျိုးသက်သက် အတွက်နဲ့ ရှင်သန်သွားတဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာ (27)ရက်နေ့မှာ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဖြစ်ပြီး ၊ ပြည်သူ သန်းပေါင်းများစွာကို လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ဟောင်း “စတာလင်” ဟာလည်း (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် (18) ဂဏန်း နဲ့ (27)ဂဏန်းဟာ (9)ခြင်း တူပေမယ့် ကွာခြားချက်တွေ အများကြီး ရှိတာကို ဆက်ပြီး ဖတ်ရပါမယ်။

(9)ဂဏန်းသမားတွေဟာ ဘဝကို သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရသူတွေ မဟုတ်ကြပါ။ အမြဲတမ်း ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လူ လူချင်း ပြိုင်ဆိုင် တိုက်ခိုက်ခံရတဲ့ ပြဿနာတွေ ရှိသလို ရန်သူမျိုး(၅)ပါးဘေး၊ သဘာဝ ဘေးဥပဒ် ဘေးများနဲ့လည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံနိုင်ရည် မြင့်မားသူတွေဖြစ်ပြီး အဆိုးဆုံး အခြေအနေထဲမှာ တောင်မှ အကောင်းဆုံးဖြစ်လာမှာကို မျှော်လင့်ချက် အပြည့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ လွယ်လွယ် နဲ့ နောက်ဆုတ်တတတ်ကြသူများ မဟုတ်ဘူး။

သူတို့ဘဝဟာ ကိုယ့်ကို အတိုက်အခံပြုသူ ၊ အပြိုင်အဆိုင် ပြုသူတွေ အမြဲရှိတတ်တယ်။ ရန်သူ များတတ်တယ်။ နောက်ပြီး သူတို့ ကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေကို အတိုက်အခံ ၊ အပြိုင်အဆိုင် ပြုလိုစိတ် ပြင်းထန်သူတွေဖြစ်တယ်။ “ဂျိုကုပ်ရှိရာ၊ ဂျိုထောင်မလာ” ဆိုတဲ့ စကားလိုပါ။ (9)ဂဏန်း သမား အတော်များများဟာ ယဉ်ကျေးသိမ်မွေ့မှု သိပ်မရှိကြဘဲ “ငါ့ စကား၊ ငါ့နွားရ” ပြောတတ်ကြသူ၊ ဘေးကျကျ ပြောတတ်ကြသူများဖြစ်လို့ သူတို့ အကြောင်း မသိရင် အတော်ပေါင်းရ ခက်သားလား။

တစ်ချို့ စကားပြော ယဉ်ကျေးတဲ့ (9)သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် စကားပြောသာ မရိုင်း ပေမယ့် “အကြောကတော့ အတော်မာတယ်” ပြောရမယ်။ “ပျော့ပျော့လေး နဲ့ နံတဲ့ ကြောင်ချီး” သမားတွေပါ။ သူတို့ကို အကြံပေးလို့ မရဘူး။ သူတို့ လုပ်ချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေ။

num 9 : love =အချစ်ရေး၊ အိမ်ထောင်ရေး ဘဝမှာတော့ (9)ဂဏန်းသမားတွေဟာ ယောကျင်္ားတွေ နဲ့ မိန်းမတွေဟာ ပြောင်းပြန် အကျိုးပေးတတ်ကြပါတယ်။ ယောကျင်္ားလေး (9)သမားတွေဟာ ယေဘူယျ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ မိန်းကလေး (9)သမားတွေ ကျတော့ ယေဘူယျ အိမ်ထောင်ရေး ညံ့တတ် ကြပါတယ်။

သချင်္ာဗေဒမှာ (4)ဂဏန်း အခြင်းခြင်း အိမ်ထောင်မပြုသင့်သလို (9)ဂဏန်း အချင်းချင်းလည်း အိမ်ထောင်မပြုသင့်ပါဘူး။ အတွေ့ရများတာ ကတော့ (9)ဂဏန်း သမားခြင်း အိမ်ထောင်ပြုရင် အလွန် ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ စီးပွားရေး အလွန်ညံ့တတ်ပါတယ်။ လူချင်းကတော့ သင့်မြတ် အဆင်ပြေကြတာ များပါတယ်။

num 9 : health =

num 9 : life =(9)ရက်နေ့မှာ မွေးတဲ့ (9)ထီးတည်း သမားတွေကတော့ ငယ်စဉ်ဘဝမှာ ခက်ခဲကြမ်းတမ်းမယ်။ ကျန်းမာရေးမကောင်းဖြစ်မယ်။ ကိုယ်မွေးပြီး မိဘတွေ စီးပွားကျတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ ဖြစ်တတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။

ပြီးမှ ကောင်းလည်းခံ၊ ဆိုးလည်း ခံ ပေါ့။ သူတစ်ဖက်သားနေရာက ဝင်ပြီးစဉ်းစားတတ်တဲ့ စိတ်သဘောမျိုး နည်းတယ်။ ဆွေမျိုးများနဲ့ မသင့်မတင့် အလွန်ဖြစ်မယ်။ ဒီကြားထဲမှာ မိန်းကလေးဖြစ်ပြီး အင်္ဂါသမီး၊ စနေသမီးတို့ ၊ (၂)ကြွင်း ၊ (၃)ကြွင်း ၊ (၆)ကြွင်းဖွား တွေ ဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ပျက်ခြင်း၊ ကွဲခြင်း၊ မုဆိုးမဖြစ်ခြင်းများ အလွန်ဖြစ်လွယ်ပါတယ်။

(18)ရက်နေ့ မွေးတဲ့ (9)ဂဏန်းသမားကျတော့ ငယ်စဉ်ဘဝမှာ ဒုက္ခ၊ ဆင်းရဲ အလွန်များပြီး ချို့ချို့တဲ့တဲ့ နဲ့ ဘဝကို စ,တင်ရသူတွေ ပိုများပါတယ်။ ဒါပေမယ့် Current of Destiny လည်းကောင်းရင် ဒုတိယ၊ တတိယ အရွယ်တွေမှာ ကောင်းစားတတ်ပါတယ်။ ဒီနေရာမှာ (9)ထီးတည်း သမားတွေထက် နဲနဲ သာပါတယ်။

(18)ဂဏန်းသမားတွေရဲ့ အားနည်းချက်ကတော့ ကိုယ်ခြင်းစာတရားနည်းပါးတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အချို့ အလွန် ရက်စက်စွာ ပြုမူတတ်ခြင်းများ ဖြစ်တတ်ပါတယ်။ (အားလုံးတော့ မဆိုလိုပါ)။ Accident နဲ့ သဘာဝ ဘေးအန္တရာယ်များ ကြုံဆုံလွယ် တတ်ပါတယ်။

= (27) ရက်မွေးတဲ့ (9)ဂဏန်းသမားတွေကတော့ အားလုံးထဲမှာ အကောင်းဆုံးပါဘဲ။ များသောအားဖြင့် လူမှုရေးသမားများ၊ နိုင်ငံရေးသမားများ အဖြစ် တွေ့ရတတ်တယ်။ နာမည်ကျော် ဘုန်းတော်ကြီးတွေမှာလည်း တွေ့ရတတ်တယ်။ (ရဟန္တာ အရှင်မြတ်ကြီးဖြစ်တဲ့ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးဦးဝိမလ ဟာ (27)ရက်ဖွားဖြစ်ပါတယ်)။

ရဟန်း တော်တွေ ကျင့်အပ်တဲ့ ၀ိနည်းအရာမှာ မော်ကွန်းတင်ရမယ့် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းဆရာတော် “အရှင်ဇနကာ ဘိဝံသ” ဟာဆိုရင်လည်း (27)ရက်ဖွား သာသနာ့ အာဇာနည်ကြီးပါ။ ၀ိနည်း ကို အသက်နဲ့လဲပြီး စောင့်ရှောက် သွားသူပါ။ ဒီခေတ် ရဟန်းတော်များ အလွန်အတုယူဖွယ် ကောင်းလှပါတယ်။ crd

ဆရာမစီ မှာ အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမူရေး၊ စီးပွားရေး သိုက်ဆက် အကြားအမြင် မေးမြန်းချင်သူများ အသေးစိ တ်မေးမြန်နို င်ပါပြီ #ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင် လက္ခဏာ

Leave a Reply

Your email address will not be published.