၇ ရက် သားသမီးများ အတွက် တစ်သက်တာ ဂဏန်းဗေဒင်ဟောကိန်း…(1) ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

Posted on

(၁)ဂဏန်း သမားတွေရဲ့ ယေဘူယျ လက္ခဏာ စရိုက်တွေကတော့-

(၁)ဂဏန်းသမား တွေဟာ ရုပ်ဝါဒ ဆန်တယ်။ လက်တွေ့ကျတယ်။ စိတ်ကူးသိပ်မယဉ်တတ်ဘူး။ နေရာတကာမှာ ဦးဆောင် လိုတယ်။ လွှမ်းမိုး လိုတယ်။ ကိုယ်ချ င်းစာတရား နည်းပါးတ တ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ အကြောက် အလန့်နည်းတယ်။ နေရာတကာ အပေါ်စီးကသာ နေလိုတယ်။

ရည်မှန်းချက် အလွန်ြ ကီးတယ်။ ဒါပေမယ့် သူတို့ရည်မှ န်းချက် ကြီးတာကို လူသိ သိပ်မခံဘူး။ လျို့ဝှက်ကြံစည်တတ်တယ်။ အချိန်အခါေ ကာင်း အခွင့်အရေးကော င်းစောင့်နိုင် ကြတယ်။ ကိုယ့်ဘဝတ က်လမ်းကို အမြဲကြံစည်နေတယ်။ စီးပွားအရှာ ကောင်းတယ်။ ဇွဲကောင်းတယ်။ စိတ်အပြောင်းအလဲနှေးတယ်။ တစ်ယူသန်ဆန်တတ်တယ်။

ရုပ်ပိုင်းဆို င်ရာမှာ တည်ငြိမ်တယ်။ တော်ရုံတန်ရုံ ခြောက်ရုံနဲ့ မကြောက်တ တ်သလို တော်ရုံတန်ရုံ မြှောက်ရုံနဲ့လည်း မမြောက် တတ်ဘူး။ (၄)ဂဏန်းသမားတွေနဲ့ ကွာခြားတာက သူတို့ဟာ ဘဝအပြောင်းအလဲ နှေးကွေးတယ်။ ရုတ်ချည်း တက်လိုက်ကျလိုက် ဖြစ်ခဲတယ်။

တက်မိရင် လည်း တော်တော်နဲ့ ပြန်မကျဘူး။ ကျမိရင်လ ည်း တော်တော်နဲ့ ပြန်မတက်တော့ ဘူး။ လူအ များနဲ့ ပေါင်းသင်းဆ က်ဆံတဲ့နေရာ မှာ အဆင်ေြ ပလေ့မရှိဘူး။ (ဘာဖြစ်လို့ လည်းဆိုတော့ ဘယ်သူမှ သူတို့လောက် သိတယ်၊ တတ်တယ်လို့ မထင်လို့၊ ဒီနေရာမှာေ တာ့ (၄)ဂဏန်းသမားတွေ နဲ့ သွားတူနေပါ တယ်)။

သူတို့ဟာ လူမှုပတ်ဝန်း ကျင်မှာ သီးခြား လိုဖြစ်နေတယ်။ အပေါင်းအသင်း ကို ရွေးချယ်ပေါ င်းလေ့ရှိတယ်။ အပေါင်းအသင်း မိတ်ဆွေ နည်းတတ်တယ်။

(၁)ဂဏန်းသမား အတော်များများဟာ အိမ်ထောင် ဘက်ကောင်းကို ရတာများတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်အိမ်ေ ထာင်ဘက်အေ ပါ်မှာ အလွန်လွှမ်း မိုးတတ်ပြီး ချစ်ခင်ြ ကင်နာစိတ် လည်း နည်းတတ်ကြတယ်။

တစ်ချို့ (၁)ဂဏန်း သမား ယောကျင်္ားေ တွဆိုရင် မိန်းမအပေါ်မှာ အလွန်အနိုင်ကျ င့်တတ်ေ လ့ရှိတယ်။(အထူးသဖြင့် (၂၈)ဂဏန်း) ဒါပေမယ့် သူတို့ဟာ တာဝန်ေ ကျပွန်တဲ့ လင်ကောင်း၊ မိခင်ဖခင်ကောင်းတွေ ဖြစ်တာများတယ်။ သူတို့ဟာ သူတို့အချ စ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မဖော်ပြတ တ်ပေမယ့် အိမ်ထောင် ဘက်နဲ့ သားသမီးတွေအပေါ်မှာတော့ အလွန်တာဝန်ေ ကျတတ်ကြသူ များ ဖြစ်ကြ ပါတယ်။

(၁)ဂဏန်းသ မားတွေဟာ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ေ နရာ၊ ဆေးပညာ၊ စစ်ဘက်ဆိုင်ရာတွေမှာဆိုရင် အလွန်ရာထူး တက်လွ ယ်ကြတယ်။ အောင်မြင်လွယ် ကြတယ်။ တစ်ချို့ဆို “မရွယ်ဘဲ စော်ကဲမ င်းဖြစ်” ဆိုတာလို မြင့်မားတဲ့ နေရာဌာန တွေကို မကြံရွယ်ဘဲ ရောက်လာတတ်ကြတယ်။

(၁)ဂဏန်းသ မားတွေရဲ့ အဆိုးဆုံး ဉာဉ်ကတော့ သူတို့ဖြစ်ချင်တာကို ဇွတ်အတင်းဖြစ်စေလိုကြတာဘဲဖြစ်ပါတယ်။ (၁)ဂဏန်း သမားတစ်ယော က် ပျက်စီးချိ န်တန်လာရင် အချိန်ဆွဲေ နရတာကို သည်းမခံ နိုင်တော့ဘဲ ဇွတ်အတင်း ထ,လုပ်ကြတဲ့ အချိန်မှာဘဲဖြစ် တတ်လေ့ရှိပါတယ်။

(၁)ဂဏန်းသ မားတွေဟာ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကို လွယ်လွ ယ်နဲ့ လက်ခံလေ့မရှိဘူး။ သူတို့ကို နှစ်သိမ့် ဖြောင်းဖြနိုင် သူဆိုလို့ (၂)ဂဏန်းသ မားတွေဘဲ ရှိတယ်။ ကောင်းကင်မှာ “နေ နဲ့ လ” ဟာ နှစ်ပါးစုံတွဲနေသလို (၁)ဂဏန်း သမားတွေဟာ (၂)ဂဏန်း သမားတွေနဲ့ အလွန်သင့်မြတ်ကြတယ်။

(၁)ဂဏန်းသမားတွေဟာ (၂)ဂဏန်းသ မားတွေကို ချစ်ခင်မြတ်နိုးလွယ်တတ်ကြတယ်။ စောင့်ရှောက်တတ်ကြတယ်။ (၂)ဂဏန်း သ မားတွေဟာလည်း (၁)ဂဏန်းသမားတွေ အပေါ်မှာ အလွန်သစ္စာ ရှိတတ်ပြီး ပျက်စီးအောင် လုပ်လေ့ မရှိ တတ်ကြဘူး။
(၁)ဂဏန်းသ မားတွေအတွက် အကောင်း ဆုံး မိတ်ဆွေ၊ ဘဝအဖော်မွန်ဟာ (၂)ဂဏန်းသမားဘဲဖြစ်ပါတယ်။

ဒုတိယအေ ကာင်းဆုံးက (၅)ဂ ဏန်းသမားနဲ့ (၇)ဂဏန်းသမား တွေဖြစ်တယ်။ (၁)နဲ့ (၄)ဟာ အဖို နဲ့ အမဓာတ်ဆိုပေမယ့် သိပ်မတည့် တတ်ဘူး။ (၁)ဂဏန်းသမားတွေကို အန္တရာယ် ပေးနိုင်တာက (၈)ဂဏန်းသမားနဲ့ (၉)ဂဏန်းသမားတွေ ဖြစ်ပါတယ်။

(၁)ဂဏန်း သမားတွေ အထူးသတိ ထားရမှာက လောဘသက္ကာ ယကြီးလွန်းတာ၊ အလွန်အမင်း တိုးတက်ကြီးပွား ချင်တာတွေ ဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားေ တွဟာ ရောင့်ရဲနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။

ဒီလို မရော င့်ရဲနိုင်မှုကြောင့် နော က်ဆုံး ကျဆုံးပျက်စီးခြင်း နဲ့ အဆုံးသတ်ရတတ်ပါတယ်။ အဲဒီ အထဲမှာ (၁)ရက်နေ့ မွေးဖွားသူများနဲ့ (၂၈)မွေးဖွားသူများ ဟာ အဆိုးဆုံးဖြစ်ပါတယ်။

(၁)ဂဏန်းသမားတွေဟာ ဘာသာရေးဘက်မှာ အားနည်းတတ်ကြတယ်။ ဘာသာရေးယုံကြည်မှုနည်းတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်လာပြီဆိုရင်လည်း သူများထက် ထူးအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်တယ်။

(၁)ဂဏန်းသမားတွေ နောက်ဆုံးသတိထားရမှာက သူတို့ဟာ နေမင်းရဲ့ အမှတ်အသားဖြစ်တဲ့အတွက် နေဆိုတာ အထွက်ရှိသလို၊ အ ဝင်ရှိပါတယ်။ နေမွန်းတ ည့်အချိန်မှာ ထွန်းေ တာက် ပူပြင်းသလောက် နောက်ဆုံးမှာ နေဝင်ချိန်ရောက်ပြီး သူတို့ရဲ့ အလင်းဓာတ်လည်း ပျောက်ရတတ်ပါတယ်။

ဒါကြောင့် (၁)ဂဏန်း သမားများဟာ ဘဝေ နဝင်ချိန်၊ တတိယ အရွယ်မှာ အထူးဂရုပြုပါ။ (လူတိုင်းမဟုတ်ပေမယ့် ) အကျနာတ တ်ပါတယ်။ အိုဇာတာ ညံ့တ တ်ပါတယ်။ Current of Destiny ဆိုတဲ့ နောက်ဆုံး မွေးသက္ကရာဇ် ခုနှစ်ဂဏန်းကောင်းလွန်း တဲ့သူများသာ တတိယအရွယ်အထိ ကောင်းစားတတ် ပြီး၊ မွေးခုနှစ်ဂဏန်းမကောင်းပါက အိုဇာတာအလွန်ညံ့တတ်တာ သတိပြုပါ။

(၁)ဂဏန်းသမားတွေထဲက ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကတော့-

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီး ဘီလ်ဂိတ် က(၂၈)ရက်ဖွား၊

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က( ၁၉ ရက်ဖွား)၊

ဟောလီဝုဒ် ရုပ်ရှင်မင်းသား ဘရုစ်ဝီလီ က(၁၉)ရက်ဖွား၊

ဝေလမင်းသမီး လေဒီဒိုင်ယာနာ က(၁) ရက်ဖွား၊

ဒုတိယကမ ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတွေရဲ စစ်ဦးကျိုး သွားစေတဲ့ ဆိုဗီယက် ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ က(၁)ရက်ဖွား၊

အင်အား ကြီးလှတဲ့ အမေရိကန်တပ်ေ တွကို နိုင်ငံထဲက မောင်း ထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း က(၁၉)ရက် ဖွား။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီ က(၁၉)ရက်ဖွား၊

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က(၁၉)ရက်ဖွား၊

လုပ်ကြံခံရတဲ့ အမေရိကန်သမ္မတ ကနေဒီရဲ့ ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီ က(၂၈)ရက်ဖွား။

အော်စကာဆုများပိုင်ရှင် ဟောလိဝုဒ်မင်းသမီး ဂျိုဒီ ဖော်စတာ က(၁၉)ရက်ဖွား၊

စစ်နဲ့ငြိမ်းချမ်းရေးဝတ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း က(၂၈)ရက်ဖွား။

အခုတလော အီရန်နိုင်ငံမှာ ရေပန်းစားနေတဲ့ သမ္မတ အာမက်ဒီနီဂျက် က(၂၈)ရက်ဖွား။

တင်းနစ် အလှမယ် မာရီယာရွာယာပိုဗာ က(၁၉)ရက်ဖွား။

တစ်ခေတ် တစ်ခါက အမေရိကန် ဟောလိဝုဒ် ဘုရင်မဖြစ်ခဲ့တဲ့ မာရီလင်မွန်ရိုး က(၁)ရက်ဖွား။

အမေရိကန်နိုင်ငံကို တုန်လှုပ်သွားစေတဲ့ အိုစမာဘင်လာဒင် က(၁ဝ)ရက်ဖွား။

ကြိုးပေးအသတ်ခံလိုက်ရတဲ့ အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန် က(၂၈)ရက်ဖွား။ Crd

ဆရာမစီမှာ အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမူရေး၊ စီးပွားရေး သိုက်ဆက် အကြားအမြင် မေးမြန်းချင် သူများအသေးစိတ်မြေး မန်နိုင်ပါပြီ #ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင် လက္ခဏာ

Leave a Reply

Your email address will not be published.