925 ဆိုတာ ငွေ ဟုတ်လား မဟုတ်ဘူးလား ခဏခဏမှားနေသူများ အတွက်

Posted on

” အစ်ကိုရေ ငွေမဟုတ်ပဲ 925 ရှိလား ”

ဒီစကားကိုခဏခဏကြားရတာကြာပါပြီ .. Customerတော်တော်များများ မေးကြတဲ့မေးခွန်းလေးပါ .. သူတို့ စိတ်ထဲမှာ 925ဆိုတာကို တခြားသတ္တုတမျိုးလို့ ထင်နေကြတာပါ..

ငွေ(Silver)ကို လက်ဝတ်ရတနာအဖြစ်ပြုလုပ်တဲ့အခါ 100%လုပ်ဖို့က တချို့ဒီဇိုင်းတွေမှာ မလွယ်ကူပါဘူး..အရမ်းပျော့လွန်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်.. အဲ့ဒီ့အတွက် ငွေကိုတခြားသတ္တုနဲ့ရောစပ်ပေးရပါတယ်.. စပ်တဲ့နေရာမှာ နိုင်ငံအလိုက်စံနှုန်းတွေကွဲပြားပါတယ်.. တကမ္ဘာလုံးရဲ့စံနှုန်းအနေနဲ့သုံးနေတာကတော့ 925 Sterling Standardပါ.. ငွေကို 92.5%ထိရောစပ်ပြီး Copper ဒါမှမဟုတ် တခြားAlloyတခုခုနဲ့ရောရတာဖြစ်ပါတယ်.. အဲဒါကိုပဲ လူတွေက925ဆိုပြီး အလွယ်တကူခေါ်ကြတာပါ…

တကယ်ကတော့ 925ဆိုတာ တခြားသတ္တုမဟုတ်ပါဘူး.. ငွေပါပဲ .. ရောင်းတဲ့ဆိုင်တွေက မရှင်းပြကြလို့ လူတွေကြားမှာတော်တော်ကို အထင်မှားမှုတွေဖြစ်နေကြတာပါ… ဒီဇိုင်းပိုင်းကိုလိုက်ပြီး ဘယ်နိုင်ငံထုတ်Silverလဲဆိုပြီး ခွဲခြားသတ်မှတ်ကြပေမယ့် Qualityပိုင်းကတော့ တခုနဲ့တခုသိပ်မကွာကြပါဘူး…

အလွယ်တကူ Tarnish(မဲသွားခြင်း) မဖြစ်အောင်ဆိုပြီး Rhodium ဆိုတဲ့သတ္တုတမျိုးနဲ့စိမ်ပြီး အပေါ်ကနေ One Layer ခံကြတာလည်းရှိပါတယ်.. ဒါပေမယ့် တနှစ်ကျော်လောက်ကျရင်တော့ အရောင်ပြန်မှိန်သွားတဲ့အတွက် Re-plateပြန်လုပ်ပေးရပါတယ်..

Rhodiumရဲ့အားနည်းချက်ကတော့ ဈေးကြီးတာပါ.. ဒါကြောင့် နာမည်ကြီးဆိုင်တွေရဲ့ Silverwaresတွေက ဈေးကြီးနေရခြင်းဖြစ်ပါတယ်.. လက်ဝတ်လက်စားမှာပဲလုပ်နိုင်ပြီး သူထက်ကြီးတဲ့ပစ္စည်းဆိုမကိုက်တော့ပါဘူး…

92.5%ထက်ကျော်ပြီး လုပ်လို့မရဘူးလားဆိုတော့ရပါတယ်.. 100%နီးပါးလောက်နဲ့ကို တချို့ပစ္စည်းတွေမှာလုပ်လို့ရပါပြီ.. တိုးတက်လာတဲ့ ပန်းထိမ်ပညာတွေကြောင့် အရင်ကလုပ်လို့မရခဲ့တဲ့ဒီဇိုင်းပိုင်းမှာပါ ရနေပါပြီ.. အရမ်းပျော့လွန်းတဲ့အတွက် အကြမ်းပတမ်းတော့ခံနိုင်မှာမဟုတ်ပါဘူး.. ဒါကတော့ Knowledgeအနေနဲ့ ပြောပြတာပါ…

နိဂုံးချုပ်အနေနဲ့ကတော့ လူကြီးမင်းတို့ ငွေနဲ့925ကို မတူညီတဲ့သတ္တုအဖြစ် အထင်မမှားကြတော့ဘူးလို့ထင်ပါတယ်… ငွေဝယ်မယ်ဆို အဓိကကြည့်ရမှာက ရောစပ်တဲ့ငွေရာခိုင်နှုန်းပဲဖြစ်ပါတယ်.. မြန်မာပြည်မှာကတော့ မျိုးစုံပြောရောင်းနေတဲ့အတွက် ဆိုင်ကြီးတွေမှာဝယ်ရင် ပိုစိတ်ချရပါတယ်..

ကျွန်တော်တို့ ဦးညီလေးဆိုင်အနေနဲ့ကတော့ အကောင်းဆုံးငွေအရည်အသွေးနဲ့ပဲ အာမခံရောင်းချတဲ့အတွက် ဝယ်သူတွေအတွက်စိတ်ချရပါတယ်.. ငွေထည်နဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာများကိုလည်း လစဉ်တင်ပေးပါမယ်.. ဖတ်ရှုတဲ့အတွက် အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ~ 🙏🏻🙏🏻

Zawgyi

” အစ္ကိုေရ ေငြမဟုတ္ပဲ 925 ရွိလား ”

ဒီစကားကိုခဏခဏၾကားရတာၾကာပါၿပီ .. Customerေတာ္ေတာ္မ်ားမ်ား ေမးၾကတဲ့ေမးခြန္းေလးပါ .. သူတို႔ စိတ္ထဲမွာ 925ဆိုတာကို တျခားသတၱဳတမ်ိဳးလို႔ ထင္ေနၾကတာပါ..

ေငြ(Silver)ကို လက္ဝတ္ရတနာအျဖစ္ျပဳလုပ္တဲ့အခါ 100%လုပ္ဖို႔က တခ်ိဳ႕ဒီဇိုင္းေတြမွာ မလြယ္ကူပါဘူး..အရမ္းေပ်ာ့လြန္းတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္.. အဲ့ဒီ့အတြက္ ေငြကိုတျခားသတၱဳနဲ႕ေရာစပ္ေပးရပါတယ္.. စပ္တဲ့ေနရာမွာ နိုင္ငံအလိုက္စံႏႈန္းေတြကြဲျပားပါတယ္.. တကမာၻလုံးရဲ႕စံႏႈန္းအေနနဲ႕သုံးေနတာကေတာ့ 925 Sterling Standardပါ.. ေငြကို 92.5%ထိေရာစပ္ၿပီး Copper ဒါမွမဟုတ္ တျခားAlloyတခုခုနဲ႕ေရာရတာျဖစ္ပါတယ္.. အဲဒါကိုပဲ လူေတြက925ဆိုၿပီး အလြယ္တကူေခၚၾကတာပါ…

တကယ္ကေတာ့ 925ဆိုတာ တျခားသတၱဳမဟုတ္ပါဘူး.. ေငြပါပဲ .. ေရာင္းတဲ့ဆိုင္ေတြက မရွင္းျပၾကလို႔ လူေတြၾကားမွာေတာ္ေတာ္ကို အထင္မွားမႈေတြျဖစ္ေနၾကတာပါ… ဒီဇိုင္းပိုင္းကိုလိုက္ၿပီး ဘယ္နိုင္ငံထုတ္Silverလဲဆိုၿပီး ခြဲျခားသတ္မွတ္ၾကေပမယ့္ Qualityပိုင္းကေတာ့ တခုနဲ႕တခုသိပ္မကြာၾကပါဘူး…

အလြယ္တကူ Tarnish(မဲသြားျခင္း) မျဖစ္ေအာင္ဆိုၿပီး Rhodium ဆိုတဲ့သတၱဳတမ်ိဳးနဲ႕စိမ္ၿပီး အေပၚကေန One Layer ခံၾကတာလည္းရွိပါတယ္.. ဒါေပမယ့္ တႏွစ္ေက်ာ္ေလာက္က်ရင္ေတာ့ အေရာင္ျပန္မွိန္သြားတဲ့အတြက္ Re-plateျပန္လုပ္ေပးရပါတယ္..

Rhodiumရဲ႕အားနည္းခ်က္ကေတာ့ ေဈးႀကီးတာပါ.. ဒါေၾကာင့္ နာမည္ႀကီးဆိုင္ေတြရဲ႕ Silverwaresေတြက ေဈးႀကီးေနရျခင္းျဖစ္ပါတယ္.. လက္ဝတ္လက္စားမွာပဲလုပ္နိုင္ၿပီး သူထက္ႀကီးတဲ့ပစၥည္းဆိုမကိုက္ေတာ့ပါဘူး…

92.5%ထက္ေက်ာ္ၿပီး လုပ္လို႔မရဘူးလားဆိုေတာ့ရပါတယ္.. 100%နီးပါးေလာက္နဲ႕ကို တခ်ိဳ႕ပစၥည္းေတြမွာလုပ္လို႔ရပါၿပီ.. တိုးတက္လာတဲ့ ပန္းထိမ္ပညာေတြေၾကာင့္ အရင္ကလုပ္လို႔မရခဲ့တဲ့ဒီဇိုင္းပိုင္းမွာပါ ရေနပါၿပီ.. အရမ္းေပ်ာ့လြန္းတဲ့အတြက္ အၾကမ္းပတမ္းေတာ့ခံနိုင္မွာမဟုတ္ပါဘူး.. ဒါကေတာ့ Knowledgeအေနနဲ႕ ေျပာျပတာပါ…

နိဂုံးခ်ဳပ္အေနနဲ႕ကေတာ့ လူႀကီးမင္းတို႔ ေငြနဲ႕925ကို မတူညီတဲ့သတၱဳအျဖစ္ အထင္မမွားၾကေတာ့ဘူးလို႔ထင္ပါတယ္… ေငြဝယ္မယ္ဆို အဓိကၾကည့္ရမွာက ေရာစပ္တဲ့ေငြရာခိုင္ႏႈန္းပဲျဖစ္ပါတယ္.. ျမန္မာျပည္မွာကေတာ့ မ်ိဳးစုံေျပာေရာင္းေနတဲ့အတြက္ ဆိုင္ႀကီးေတြမွာဝယ္ရင္ ပိုစိတ္ခ်ရပါတယ္..

ကြၽန္ေတာ္တို႔ ဦးညီေလးဆိုင္အေနနဲ႕ကေတာ့ အေကာင္းဆုံးေငြအရည္အေသြးနဲ႕ပဲ အာမခံေရာင္းခ်တဲ့အတြက္ ဝယ္သူေတြအတြက္စိတ္ခ်ရပါတယ္.. ေငြထည္နဲ႕ပတ္သက္တဲ့ ဗဟုသုတရဖြယ္ရာမ်ားကိုလည္း လစဥ္တင္ေပးပါမယ္.. ဖတ္ရႈတဲ့အတြက္ အားလုံးပဲေက်းဇူးတင္ပါတယ္ခင္ဗ်ာ~ 🙏🏻🙏🏻

Leave a Reply

Your email address will not be published. Required fields are marked *