ချစ်ပရိသတ်ကြီးတို့ရေ အမျိုးသမီးတစ်ဦးဟာ သူမ ထက်အသက် (၃၇) နှစ်ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ ‘Facebook ‘စာမျက်နှာ ပေါ်မှာ လူမှားပြီး စကားပြောခဲ့ရာမှ ကောင်လေးနှင့် ခင်မင် ရင်းနှီးသွားခဲ့ပြီး ချစ်ကြိုက် သွားခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ ‘Kent’ ဒေသမှ အဆိုပါ အမျိုးသမီးရဲ့နာမည် ကတော့ ”Isabell Dibble” ဖြစ်ပြီး အသက်( ၆၂) နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
သူမ ဟာ ပြီးခဲ့တဲ့နှစ် မေလမှာ အသက် (၂၆) နှစ်အရွယ် ‘Bayram Boussada’ ဆိုတဲ့ အမျိုးသားကောင်လေးကို ‘Facebook’ မှာ စ ‘add’ ခဲ့ပြီး သူငယ်ချင်း ဖြစ်သွားခဲ့ ကြပါတယ်။
အစပိုင်းမှာတော့’ Isabell’ ဟာ ‘Bayram’ ကို သူမ တူနီးရှားမှာ အားလပ်ရက် ခရီးသွားခဲ့စဉ်က လူတစ်ယောက်နဲ့ အထင်မှားပြီး စကားသွား ပြောခဲ့ပါတယ်။
‘Bayram’ ကလည်း ‘Isabell’ အနေနဲ့ လူမှားနေတာ ဖြစ်ကြောင်း စကား အပြန်အလှန် ပြောဆို ကြရင်း နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ခဲ့ ကြပါတယ်။
အဲ့ဒီနောက် လူချင်း တွေ့ဆုံခဲ့ကြပြီး (၂၀၁၉) ခုနှစ် အောက်တို ဘာလမှာ ‘Bayram’ ဟာ’ Isabell’ ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး (၂၀၂၀) ခုနှစ် ဇန်နဝါရီလ မှာတော့ သူတို့နှစ်ဦးဟာ ‘Bayram’ နေထိုင်တဲ့ တူနီးရှားမှာ လက်ထပ်ခဲ့ကြပါတယ်။
‘Isabell’ က သူမရဲ့ အကြောင်းကို ပြန်လည် ပြောပြရာမှာတော့ ” ကျွန်မ နဲ့ ‘Bayram’ ဟာ ‘Facebook’ မှာ စတင်တွေ့ဆုံခဲ့ ကြပါတယ်။
ကျွန်မက ‘Bayram’ ကို လူမှားပြီး စကားသွား ပြောခဲ့ပေမယ့် ‘Bayram’ ကလည်း လူမှားနေတာဖြစ် ကြောင်း ပြန်လည် ပြောဆိုကြရင်း ခင်မင် ရင်းနှီးသွားခဲ့ပြီး နောက်ရက် တွေမှာတော့ နေ့တိုင်း စကားတွေပြောဖြစ်ခဲ့ ကြပါတယ်။
တခါတလေ မနက် (၃ )နာရီထိတောင် စကားတွေပြော ဖြစ်ခဲ့ကြပါတယ်။ အသက်ကွာ ခြားမှုကြောင့် ကျွန်မ သူ့ကိုသံသယ ဖြစ်စရာ တွေရှိပေမယ့်၊
သူ့အနေနဲ့ ကျွန်မကို ပိုက်ဆံတောင်းတာမျိုး လည်းမရှိသလို ဘာမှ တောင်းဆိုတာတွေ မရှိခဲ့ဘူး။ ရိုးသားတဲ့ကောင်လေး တစ်ယောက် ဖြစ်ပါတယ်။
သူက ကျွန်မသူ့ ဆီသွားနေမှာလား ဒါမှမဟုတ် သူက ကျွန်မဆီကို လာနေရမှာ လားဆိုတာ သူ့အတွက် အရေးကြီးမနေခဲ့ဘူး။ ကျွန်မက အင်္ဂလန် မှာရှိတဲ့ မိသားစုကိုမ ခွဲနိုင်တာကြောင့် အင်္ဂလန်မှာပဲ နေချင် ခဲ့ပါတယ် ” လို့ သူမက ပြောပြသွား ခဲ့ပါတယ်။
သူတို့ဟာ အင်္ဂလန်မှာ နေထိုင်ဖို့ စီစဉ် ထားခဲ့ကြပေမယ့် ‘ကိုရိုနာဗိုင်း’ရပ်ကပ်ဘေးကြောင့် လေကြောင်း လိုင်းများ ကန့်သတ်ထား ရာမှ လတ်တလော မှာတော့ တူနီးရှားမှာပဲ ဆက်လက် နေထိုင်နေ ကြပါတယ်။
ကဲ…ပရိသတ်ကြီး လည်း ဖေ့ဘွတ်သုံးရင်း အချစ်တွေတိုး ပွားပါစေလို့ဆုတောင်း ပေးလိုက် ပါတယ်။
Zawgyi