B6 မဟုတ်သော B6 ကဒ်ပျော့

Posted on

သင်ဟာအေ ကြာင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရော က်လေ့ရှိတဲ့သူဆို B6 ကဒ်ပျော့ (B6 မဟုတ်) နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ

အဝေးပြေး ကားဘေးမှာ ကားမူးပြေဆေး B6 ဘီစစ် ဆိုပြီးလိုက်ရောင်းနေတဲ့ ဆေးကဒ်ပျော့အကြည်ရောင်ထဲက ဆေးအဝါရောင်အလုံးလေးတွေကို သင်ဝယ်သောက်ဘူးကောင်း ဝယ်သောက်ဘူးပါလိမ့်မယ်။

ကားမူးပြေဆေးဆို‌တာတော့မှန်ပါတယ်။ ဒါပေမယ့် B6 လို့ပြောလိုက်ရင်တော့ တက်တက်စင်အောင်လွဲ‌ပါတော့တယ်။ သူရဲ့ နာမည် အစစ်အမှန်ကတော့ Dimenhydrinate ဖြစ်ပါတယ်။ သူဟာ Motion sickness လို့ခေါ်တဲ့ ကားမူး လှေမူးတာ အတွက်တော့ အသုံးဝင်တဲ့ဆေးပါ။

ကား ရထား သငေ်္ဘာ မထွက်ခင် နာရီဝက်အလိုလောက်မှာ ကြိုသောက်ထားရင် ခရီးထွက်တဲ့အခါ မူးရမယ့်အစား မှေးခနဲ မှေးခနဲ သာဖြစ်ပြီး အန်ချင်တာကိုလည်း သက်သာစေပါတယ်။

B6 ရဲ့နာမည်အရင်းကတော့ Vitamin B6 or Pyridoxine ဖြစ်ပါတယ်။ သူဟာလဲ အမူးအမော်သက်သာစေဖို့ အထောက်အကူပြုပါတယ်။ ဒီဆေးနှစ်ခုရဲ့ပုံပန်းသွင်ပြင်ကလည်း စာမပါရင် ချွတ်စွတ်တူပါတယ်။ နှစ်ခုလုံးက အဝါရောင်အလုံးသေးသေးလေးတွေပါ။

သူတို့နှစ်ခုရဲ့ကြားမှာသိသင့်တဲ့ကွာခြားချက်

တကယ်တမ်း ဒီဆေးနစ်ခုတာ အမူးအမော်သ က်သာတာရယ် အဝါလုံးချင်းတူတာရယ်ကလွဲရင် ဘယ်နေရာမှ မတူပါဘူး။ ရေမှာပျော်ဝင်နိုင်တဲ့ B6 ဟာများများသောက်ရင် ရူးရူးဝါလာတာကလွဲလို့ဘာမှ အန္တရာယ်မရှိပါ။

သို့သော် ဇာတ်လိုက်ကြော်ကြီး B6 ကဒ်ပျော့ (B6 မဟုတ်) Dymenhydrinate ‌ကတော့ များများသောက်မိရင် ဂစ်ဂစ် ဂစ်ဂစ်နေအောင် တက်တတ်ပါတယ်။

ရပ်ကွက်ထဲကပြဿနာ

ကားစီး ရထားစီး ခရီးသည်တွေ အနေနဲ့ကတော့ တစ်လုံးလောက်ထပ်ပိုသောက်တာ ရှားတဲ့အတွက်ပြသနာမဖြစ်ပေမယ့် တကယ်ပြသနာဖြစ်လာတာကတော့ ရပ်ကွက်ထဲက ဆေးဆိုင် ဆေးခန်းတွေကိုပါ ဒီအခေါ်အဝေါ်ကရောက်လာပြီး တကယ့် ဘီစစ်သောက်ရမယ့်သူတွေကပါ ဒါကို B6 အစစ်အမှန်ထင်ပြီးသောက်လာကြတာပါ။

အထူးသဖြင့် TB ရောဂါရှိသူတွေလို ဘီစစ်အစစ်အမှန်ကို ဆွဲသောက်‌‌နေ‌‌ရသူတွေဟာ ဒါကိုမှားပြီးသောက်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ အန္တရာယ်မဖြစ်ရင်တောင် လိုအပ်တဲ့ အာရုံကြောအားဖြည့်စေတဲ့ အကျိုးအာနိသင်ကို ဆုံးရှုံးပါတယ်။

ဒါကြောင့် သောက်သုံးတဲ့သူတွေဟာလဲ ဒါဟာ B6 မဟုတ်ဘူးဆိုတာကို သိပြီးရှောင်ကြင်သင့်သလို ဆေးဆိုင်တွေ ဆေးခန်းဆေးပေးသူတွေ အနေနဲ့လည်း B6 ကဒ်ပျော့ ပေးပါလို့ လာဝယ်သူတိုင်းကို ရော့အင့်လို့မရောင်းလိုက်ပဲ ဒါဟာ B6 မဟုတ်ကြောင်း‌တော့ရှင်းပြပေးသင့်ပါတယ်။

B6 အစစ်အမှန်ဟာ ဘူးလိုက်လာလေ့ရှိပြီး ဈေးနှုန်းလဲပိုသက်သာလေ့ရှိပါတယ်။ B6 အစစ်အမှန်ကိုသောက်သုံးနိုင်ကြပါစေ

Zawgyi Version

သင္ဟာအေ ၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေဝး ေျပးကြင္းကိုေရာ က္ေလ့ရွိတဲ့သူဆို B6 ကဒ္ေပ်ာ့ (B6 မဟုတ္) နဲ႕ ရင္းႏွီးၿပီးသားျဖစ္မွာပါ

အေဝးေျပး ကားေဘးမွာ ကားမူးေျပေဆး B6 ဘီစစ္ ဆိုၿပီးလိုက္ေရာင္းေနတဲ့ ေဆးကဒ္ေပ်ာ့အၾကည္ေရာင္ထဲက ေဆးအဝါေရာင္အလုံးေလးေတြကို သင္ဝယ္ေသာက္ဘူးေကာင္း ဝယ္ေသာက္ဘူးပါလိမ့္မယ္။

ကားမူးေျပေဆးဆို‌တာေတာ့မွန္ပါတယ္။ ဒါေပမယ့္ B6 လို႔ေျပာလိုက္ရင္ေတာ့ တက္တက္စင္ေအာင္လြဲ‌ပါေတာ့တယ္။ သူရဲ႕ နာမည္ အစစ္အမွန္ကေတာ့ Dimenhydrinate ျဖစ္ပါတယ္။ သူဟာ Motion sickness လို႔ေခၚတဲ့ ကားမူး ေလွမူးတာ အတြက္ေတာ့ အသုံးဝင္တဲ့ေဆးပါ။

ကား ရထား သေဘၤာ မထြက္ခင္ နာရီဝက္အလိုေလာက္မွာ ႀကိဳေသာက္ထားရင္ ခရီးထြက္တဲ့အခါ မူးရမယ့္အစား ေမွးခနဲ ေမွးခနဲ သာျဖစ္ၿပီး အန္ခ်င္တာကိုလည္း သက္သာေစပါတယ္။

B6 ရဲ႕နာမည္အရင္းကေတာ့ Vitamin B6 or Pyridoxine ျဖစ္ပါတယ္။ သူဟာလဲ အမူးအေမာ္သက္သာေစဖို႔ အေထာက္အကူျပဳပါတယ္။ ဒီေဆးႏွစ္ခုရဲ႕ပုံပန္းသြင္ျပင္ကလည္း စာမပါရင္ ခြၽတ္စြတ္တူပါတယ္။ ႏွစ္ခုလုံးက အဝါေရာင္အလုံးေသးေသးေလးေတြပါ။

သူတို႔ႏွစ္ခုရဲ႕ၾကားမွာသိသင့္တဲ့ကြာျခားခ်က္

တကယ္တမ္း ဒီေဆးနစ္ခုတာ အမူးအေမာ္သ က္သာတာရယ္ အဝါလုံးခ်င္းတူတာရယ္ကလြဲရင္ ဘယ္ေနရာမွ မတူပါဘူး။ ေရမွာေပ်ာ္ဝင္နိုင္တဲ့ B6 ဟာမ်ားမ်ားေသာက္ရင္ ႐ူး႐ူးဝါလာတာကလြဲလို႔ဘာမွ အႏၲရာယ္မရွိပါ။

သို႔ေသာ္ ဇာတ္လိုက္ေၾကာ္ႀကီး B6 ကဒ္ေပ်ာ့ (B6 မဟုတ္) Dymenhydrinate ‌ကေတာ့ မ်ားမ်ားေသာက္မိရင္ ဂစ္ဂစ္ ဂစ္ဂစ္ေနေအာင္ တက္တတ္ပါတယ္။

ရပ္ကြက္ထဲကျပႆနာ

ကားစီး ရထားစီး ခရီးသည္ေတြ အေနနဲ႕ကေတာ့ တစ္လုံးေလာက္ထပ္ပိုေသာက္တာ ရွားတဲ့အတြက္ျပသနာမျဖစ္ေပမယ့္ တကယ္ျပသနာျဖစ္လာတာကေတာ့ ရပ္ကြက္ထဲက ေဆးဆိုင္ ေဆးခန္းေတြကိုပါ ဒီအေခၚအေဝၚကေရာက္လာၿပီး တကယ့္ ဘီစစ္ေသာက္ရမယ့္သူေတြကပါ ဒါကို B6 အစစ္အမွန္ထင္ၿပီးေသာက္လာၾကတာပါ။

အထူးသျဖင့္ TB ေရာဂါရွိသူေတြလို ဘီစစ္အစစ္အမွန္ကို ဆြဲေသာက္‌‌ေန‌‌ရသူေတြဟာ ဒါကိုမွားၿပီးေသာက္ေနမယ္ဆိုရင္ အဆင္မေျပပါဘူး။ အႏၲရာယ္မျဖစ္ရင္ေတာင္ လိုအပ္တဲ့ အာ႐ုံေၾကာအားျဖည့္ေစတဲ့ အက်ိဳးအာနိသင္ကို ဆုံးရႈံးပါတယ္။

ဒါေၾကာင့္ ေသာက္သုံးတဲ့သူေတြဟာလဲ ဒါဟာ B6 မဟုတ္ဘူးဆိုတာကို သိၿပီးေရွာင္ၾကင္သင့္သလို ေဆးဆိုင္ေတြ ေဆးခန္းေဆးေပးသူေတြ အေနနဲ႕လည္း B6 ကဒ္ေပ်ာ့ ေပးပါလို႔ လာဝယ္သူတိုင္းကို ေရာ့အင့္လို႔မေရာင္းလိုက္ပဲ ဒါဟာ B6 မဟုတ္ေၾကာင္း‌ေတာ့ရွင္းျပေပးသင့္ပါတယ္။

B6 အစစ္အမွန္ဟာ ဘူးလိုက္လာေလ့ရွိၿပီး ေဈးႏႈန္းလဲပိုသက္သာေလ့ရွိပါတယ္။ B6 အစစ္အမွန္ကိုေသာက္သုံးနိုင္ၾကပါေစ Credit;

Leave a Reply

Your email address will not be published. Required fields are marked *