China ကို မြန်မာတို့က တရုတ် ဟု ခေါ်ရသည့် အကြောင်းအရင်း

Posted on

မြန်မာ့သမိုင်းကြော င်းတေ လျာက်မှာ တရုတ်နဲ့ ပတ်သက်တဲ့ အသုံအနှုန်းများ စွာရှိပါတယ်။ စိန့်၊ စိန့်တိုင်း၊ ဂန္ဓာလရာဇ်၊ တရုတ်၊ တရက်တို့ပေါ့။ ဒါတွေဟာ ပုဂံခေတ်ကတည်းက သုံးခဲ့ကြ တာပါ။

စိန့် (သို့) စိနလို့ ခေါ်တာက ချင်မင်းဆက်နဲ့ပတ်သက်တယ်။ ချင်ရှီဟွမ်တီ လက်ထက်လောက် ကတည်းက အိန္ဒိယနဲ့ကုန်သွယ်ရာက တရုတ်အုပ်စိုးတဲ့ မင်းဆက် Chin ကို အကြောင်းပြုပြီး Cinadesa စိနဒေသ (သို့) စိနရဋ္ဌ Cinna Rattha လို့ ခေါ်ခဲ့ကြတာ။

အဲ့လို အိန္ဒိယသားတို့အခေါ်က အနောက်ဘက်တခွင်ကို ပျံ့နှံ့လာပြီး အိန္ဒိယသားတို့အတိုင်း အသံဖလှယ်ကာ စိနလို့ခေါ်လာကြတာ။ အင်္ဂလိပ်လိုတော့ China လို့ ဖလှယ်ခဲ့တာပါ။ စိနဆိုတော့ ရွှံ့တိုင်းပြည်ပေါ့။ ကြွေထည်ကို ရည်ညွှန်းဟန်ပါပဲ။ ဒီလိုနဲ့မြန်မာ တို့ကလည်း အိန္ဒိယတိုင်းသားတို့အခေါ်အတိုင်း စိန့်တိုင်းပြည်လို့ ခေါ်ခဲ့ကြတာ။

ဂန္ဓာလရာဇ်ကတော့ ဘာသာအယူကနေ ဆင်းသက်လာဟန်ပါပဲ။ တရုတ်သြဇာခံ နန်စော (၆) နယ်ဆိုတာ ရှိတယ်။ ပိုးလမ်းမကြီးကနေ နန်စောတို့ကုန်သွယ်ရာမှာ ကာမပူရလို့ခေါ်တဲ့ ရှေးဟောင်း အိန္ဒိယဖြစ်တဲ့ အာသန်နယ်အထိရောက်တယ်။

အဲ့ဒီကနေ အိန္ဒိယယဉ်ကျေးမှုကို ဆက်ခံရာက အိန္ဒိယမြို့အမည်ကိုပါ ဆက်ခံလာဟန်ပါပဲ။ ဒါအပြင် ရှေးဟောင်း အိန္ဒိယရဲ့ ဂန္ဓာရတိုင်းနဲ့ နန်စော (၆) နယ်ဟာ ပထဝီဝင်အနေအထားပါ တူညီနေတာကြောင့် နန်စောတွေက သူတို့ဒေသကို ဂန္ဓာလရာဇ် ဆိုပြီး ဝိဂြိုလ်ပြုခေါ်ဝေါ်ရာက ဂန္ဓာလရာဇ်အမည်တွင်လာခဲ့တာ။ သူတို့ကိုယ်သူတို့လည်း အသောကအနွယ်တော်တွေ ဖြစ်တယ်လို့ဆိုကြပါတယ်။

နှစ်ပေါင်းများစွာ ကြာလာတော့ စိနရဋ္ဌကိုလည်း စောနယ်ဖြစ်တဲ့ ဂန္ဓာလရာဇ်နဲ့ ရောထွေးပြီး သုံးလာခဲ့ကြတာ။ ကုန်းဘောင်ခေတ်မှတ်တမ်းတွေမှာတော့ တရုတ်နိုင်ငံကို ဂန္ဗာလရာဇ်တိုင်း၊ ယူနန်နယ်ကို ဝိဒေဟတိုင်းလို့ ဗမာတွေက သုံးစွဲခဲ့တာလည်းရှိပါတယ်။

ကျနော်တို့ငယ်ငယ်က “တရုတ်တရက်” ဆိုတဲ့ေ ဝါဟာရကို မကြာခဏကြားခဲ့ရဖူးတယ်။ အရွယ်ရောက်လာတော့ ဒီဝေါဟာရဟာ ပျောက်ကွယ်သွားခဲ့တယ်။ သက္ကရာဇ် ၂ဝဝဝ လောက်ရောက်တော့ ပြန်ကြားလာရပြန်တယ်။ ဒီတခါပြောတာနဲ့ အရင်ကခေါ်ခဲ့တာနဲ့ အဓိပ္ပာယ်မတူတော့ဘူး။

ဒီတခါပြောကြတာက တရုတ်ပစ္စည်းသုံးရင် တရက်ပဲခံတယ်ဆိုတဲ့ သဘောနဲ့ “တရုတ်တရက်” လို့ အရပ်ထဲမှာ သရော်တဲ့သဘောနဲ့ခေါ်ကြတာ။ ရှေးလူကြီး တွေပြောခဲ့တဲ့ တရုတ်တရက် ဆိုတာ ဘာလဲဆိုတာရယ်၊ ဘာကြောင့်ဒီလိုခေါ်လဲဆိုတာကို သိချင်လာတယ်။

ဟုတ်တယ် အရင်ရှေးခေတ်က တရုတ်တရက်လို့ ခေါ်ခဲ့တဲ့ မှတ်တမ်းတွေဟာ ရှိခဲ့ပါတယ်။ မြန်မာတွေက “စိန” ဆိုတာကို အင်္ဂလိပ်က China လို့သုံးတယ်။ ရွှံ့တိုင်းပြည်ပေါ့။ ပုဂံခေတ်ကတော့ “စိန့်” လို့ ခေါ်ခဲ့ကြတာပါ။ အင်းဝခေတ်ရောက်မှ “စိန့်”လို့ မခေါ်တော့ပဲ “တရုတ်” လို့ ခေါ်ခဲ့ဟန်ရှိတယ်လို့ မြန်မာပညာရှင်များက သုံးသပ်ကြပါတယ်။

တရုတ်ဆိုတဲ့ ဝေါဟာရကလည်း အိန္ဒိယတို့နဲ့ အခြားသူတွေက Taruk ,Taruook ကနေ Tarok, Tayok ဖြစ်လာတာကိုပဲ အသံဖလှယ်ပြီး “တရုတ်” လို့ပဲ အင်းဝသားတွေက ခေါ်ခဲ့ကြတာလို့ ဆိုပါတယ်။ ၁၈ ရာစုထဲအရောက်မှာတော့ မြန်မာတွေက တရုတ်ကို “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုးသုံးစွဲခဲ့တယ်။ ဒါကြောင့် “ပေါက်ဖော်” ဆိုတဲ့ ဝေါဟာရက မြန်မာတွေပါးစပ်ထဲမှာ ၁၈ ရာစုမှရောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

အချို့မှတ်တမ်းတွေအရပြောရရင် မြန်မာတွေက မွန်ဂိုနဲ့ စိန့်တိုင်းသားတွေကို ကွဲကွဲပြားပြား မခွဲခြားတော့ဘဲ တရုတ်လို့ ရောထွေးစွာ ခေါ်ခဲ့ကြတာဖြစ်တယ်။ တကယ်တော့ မွန်ဂိုနဲ့စိန့်တိုင်းသားတို့ဟာ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုကအစ ကွဲပြားကြတယ်။

မွန်ဂိုတို့က တုရက်ရ် (Turk) လို့ခေါ်တဲ့ စိန့်တိုင်းသားတွေနဲ့ မတူညီဘူးလို့ သဘောပေါက်လာတာက ညောင်ရမ်းခေတ်ရောက်မှလို့ ဆိုပါတယ်။ အဲ့ဒီအရင်ကတော့ မြန်မာတွေက အရှေ့မြောက်ကလာတဲ့ လူတိုင်းကို သိမ်းကျုံးပြီး တရုတ်လို့ခေါ်ခဲ့ကြတာ။ ရှင်ဒိသာပါမောက်ကျောက်စာမှာ မွန်ဂိုတွေကို “တရုတ်” လို့သုံးထားတယ်။ ရှင်ဒိသာပါမောက်စစ်ပြေငြိမ်းရေးအတွက် တကောင်းကိုရောက်တော့ မွန်ဂိုတပ်ဖွဲ့ထဲမှာ “တုရက်ရ်” (Turk) လူမျိုးတွေပါတယ်။

တိဘက်လိုတော့ Drug ဒရုဂ် လို့ဆိုတယ်။ အချုပ်အားဖြင့်ပြောရရင်တော့ မွန် ဂိုတပ်ဖွဲ့ကြီးကို တရုတ်လို့ အသံဖလှယ်ခေါ်ရာက စိန့်၊ စိနတိုင်းကို တရုတ်လို့ ခေါ်ဆိုလာခဲ့ကြတာ။ မြန်မာတွေက အရှေ့မြောက်က ဝင်လာသူတိုင်းကို ခွဲခြားမနေတော့ဘဲ တရုတ်လို့ သိမ်းကျုံးခေါ်လိုက်တာပါပဲ။

ဒါဟာ ပုဂံခေတ်ကတည်းက ခေါ်ခဲ့တာ။ တကယ်တော့ စိန့်သားတွေနဲ့ မွန်ဂိုတွေဟာ မတူညီကြဘူး။ ဝတ်စား ဆင်ယင်ပုံ။ ဘာသာစကား၊ ယဉ်ကျေးမှုကအစ ကွဲတာ။ နောက်ပိုင်းတော့ စိန့်သားတွေကိုပဲ မြန်မာတို့က တရုတ်လို့ ခေါ်လာတယ်။

တရုတ်ကို မန်ချူးတို့ လွှမ်းမိုးလာတဲ့အချိန်မှာတော့ မြန်မာတွေက စိန့်သားနဲ့ မန်ချူးကို ခွဲခြားခေါ်လာတယ်။ စိန့်သားတွေကို တရုတ်လို့ခေါ်ပြီး မန်ချူးတွေကိုတော့ တရုတ်နဲ့ အသံထွက်နီးစပ်ရာကိုယူပြီး “တရက်” လို့ ခေါ်ခဲ့ရာက စတင်ခဲ့တာပါ။ မန်ချူးကို “တရက်” လို့ ခေါ်ခဲ့တာက ညောင်ရမ်းခေတ်က စတင်ခဲ့တာလို့ ဆိုကြပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ မြန်မာတို့က တရုတ်တရက် ဆိုပြီးတွဲခေါ်ခဲ့ကြတာ။

အခုတော့ တရက် ဆိုတာ ပျောက်လို့ အရှေ့မြောက်ဘက်နိုင်ငံကို တရုတ် (China) ဆိုတဲ့ ဝေါဟာတခုတည်းကိုပဲ အစဉ်တစိုက် အသုံးပြုလာကြပါတော့တယ်။ တချိန်က “တရုတ်တရက်”ဆိုတဲ့ အသုံးရှိခဲ့ကြောင်းနဲ့ တရုတ်ပစ္စည်း တရက်သာခံတယ်ဆိုတဲ့ သဘောနဲ့ အသုံးပြုခဲ့တာမဟုတ်ကြောင်း ဖော်ပြလိုက်တာပါ။

အခုတင်ပြခဲ့တာကတော့ သုတေသီတွေနဲ့ သမိုင်းလေ့လာသူတွေအတွက် အထောက်ကူဖြစ်မယ်ထင်လို့ ရှာဖွေတင်ပြလိုက်ရကြောင်းပါ။

ကိုးကား- တရုတ်-မြန်မာဆက်ဆံရေးအပိုင်း(၂) ထွန်းဇော်ဋ္ဌေး….ရေးသားသူ – ဆရာဌေး (DVB) ၊ သုတကဖေး

Zawgyi Version

ျမန္မာ့သမိုင္းေၾကာ င္းတေ လ်ာက္မွာ တ႐ုတ္နဲ႕ ပတ္သက္တဲ့ အသုံအႏႈန္းမ်ား စြာရွိပါတယ္။ စိန့္၊ စိန့္တိုင္း၊ ဂႏၶာလရာဇ္၊ တ႐ုတ္၊ တရက္တို႔ေပါ့။ ဒါေတြဟာ ပုဂံေခတ္ကတည္းက သုံးခဲ့ၾက တာပါ။

စိန့္ (သို႔) စိနလို႔ ေခၚတာက ခ်င္မင္းဆက္နဲ႕ပတ္သက္တယ္။ ခ်င္ရွီဟြမ္တီ လက္ထက္ေလာက္ ကတည္းက အိႏၵိယနဲ႕ကုန္သြယ္ရာက တ႐ုတ္အုပ္စိုးတဲ့ မင္းဆက္ Chin ကို အေၾကာင္းျပဳၿပီး Cinadesa စိနေဒသ (သို႔) စိနရ႒ Cinna Rattha လို႔ ေခၚခဲ့ၾကတာ။

အဲ့လို အိႏၵိယသားတို႔အေခၚက အေနာက္ဘက္တခြင္ကို ပ်ံ့ႏွံ႕လာၿပီး အိႏၵိယသားတို႔အတိုင္း အသံဖလွယ္ကာ စိနလို႔ေခၚလာၾကတာ။ အဂၤလိပ္လိုေတာ့ China လို႔ ဖလွယ္ခဲ့တာပါ။ စိနဆိုေတာ့ ႐ႊံ႕တိုင္းျပည္ေပါ့။ ေႂကြထည္ကို ရည္ၫႊန္းဟန္ပါပဲ။ ဒီလိုနဲ႕ျမန္မာ တို႔ကလည္း အိႏၵိယတိုင္းသားတို႔အေခၚအတိုင္း စိန့္တိုင္းျပည္လို႔ ေခၚခဲ့ၾကတာ။

ဂႏၶာလရာဇ္ကေတာ့ ဘာသာအယူကေန ဆင္းသက္လာဟန္ပါပဲ။ တ႐ုတ္ၾသဇာခံ နန္ေစာ (၆) နယ္ဆိုတာ ရွိတယ္။ ပိုးလမ္းမႀကီးကေန နန္ေစာတို႔ကုန္သြယ္ရာမွာ ကာမပူရလို႔ေခၚတဲ့ ေရွးေဟာင္း အိႏၵိယျဖစ္တဲ့ အာသန္နယ္အထိေရာက္တယ္။

အဲ့ဒီကေန အိႏၵိယယဥ္ေက်းမႈကို ဆက္ခံရာက အိႏၵိယၿမိဳ႕အမည္ကိုပါ ဆက္ခံလာဟန္ပါပဲ။ ဒါအျပင္ ေရွးေဟာင္း အိႏၵိယရဲ႕ ဂႏၶာရတိုင္းနဲ႕ နန္ေစာ (၆) နယ္ဟာ ပထဝီဝင္အေနအထားပါ တူညီေနတာေၾကာင့္ နန္ေစာေတြက သူတို႔ေဒသကို ဂႏၶာလရာဇ္ ဆိုၿပီး ဝိၿဂိဳလ္ျပဳေခၚေဝၚရာက ဂႏၶာလရာဇ္အမည္တြင္လာခဲ့တာ။ သူတို႔ကိုယ္သူတို႔လည္း အေသာကအႏြယ္ေတာ္ေတြ ျဖစ္တယ္လို႔ဆိုၾကပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ၾကာလာေတာ့ စိနရ႒ကိုလည္း ေစာနယ္ျဖစ္တဲ့ ဂႏၶာလရာဇ္နဲ႕ ေရာေထြးၿပီး သုံးလာခဲ့ၾကတာ။ ကုန္းေဘာင္ေခတ္မွတ္တမ္းေတြမွာေတာ့ တ႐ုတ္နိုင္ငံကို ဂႏၺာလရာဇ္တိုင္း၊ ယူနန္နယ္ကို ဝိေဒဟတိုင္းလို႔ ဗမာေတြက သုံးစြဲခဲ့တာလည္းရွိပါတယ္။

က်ေနာ္တို႔ငယ္ငယ္က “တ႐ုတ္တရက္” ဆိုတဲ့ေ ဝါဟာရကို မၾကာခဏၾကားခဲ့ရဖူးတယ္။ အ႐ြယ္ေရာက္လာေတာ့ ဒီေဝါဟာရဟာ ေပ်ာက္ကြယ္သြားခဲ့တယ္။ သကၠရာဇ္ ၂ဝဝဝ ေလာက္ေရာက္ေတာ့ ျပန္ၾကားလာရျပန္တယ္။ ဒီတခါေျပာတာနဲ႕ အရင္ကေခၚခဲ့တာနဲ႕ အဓိပၸာယ္မတူေတာ့ဘူး။

ဒီတခါေျပာၾကတာက တ႐ုတ္ပစၥည္းသုံးရင္ တရက္ပဲခံတယ္ဆိုတဲ့ သေဘာနဲ႕ “တ႐ုတ္တရက္” လို႔ အရပ္ထဲမွာ သေရာ္တဲ့သေဘာနဲ႕ေခၚၾကတာ။ ေရွးလူႀကီး ေတြေျပာခဲ့တဲ့ တ႐ုတ္တရက္ ဆိုတာ ဘာလဲဆိုတာရယ္၊ ဘာေၾကာင့္ဒီလိုေခၚလဲဆိုတာကို သိခ်င္လာတယ္။

ဟုတ္တယ္ အရင္ေရွးေခတ္က တ႐ုတ္တရက္လို႔ ေခၚခဲ့တဲ့ မွတ္တမ္းေတြဟာ ရွိခဲ့ပါတယ္။ ျမန္မာေတြက “စိန” ဆိုတာကို အဂၤလိပ္က China လို႔သုံးတယ္။ ႐ႊံ႕တိုင္းျပည္ေပါ့။ ပုဂံေခတ္ကေတာ့ “စိန့္” လို႔ ေခၚခဲ့ၾကတာပါ။ အင္းဝေခတ္ေရာက္မွ “စိန့္”လို႔ မေခၚေတာ့ပဲ “တ႐ုတ္” လို႔ ေခၚခဲ့ဟန္ရွိတယ္လို႔ ျမန္မာပညာရွင္မ်ားက သုံးသပ္ၾကပါတယ္။

တ႐ုတ္ဆိုတဲ့ ေဝါဟာရကလည္း အိႏၵိယတို႔နဲ႕ အျခားသူေတြက Taruk ,Taruook ကေန Tarok, Tayok ျဖစ္လာတာကိုပဲ အသံဖလွယ္ၿပီး “တ႐ုတ္” လို႔ပဲ အင္းဝသားေတြက ေခၚခဲ့ၾကတာလို႔ ဆိုပါတယ္။ ၁၈ ရာစုထဲအေရာက္မွာေတာ့ ျမန္မာေတြက တ႐ုတ္ကို “ေပါက္ေဖာ္” ဆိုတဲ့ ေဝါဟာရနဲ႕ အစားထိုးသုံးစြဲခဲ့တယ္။ ဒါေၾကာင့္ “ေပါက္ေဖာ္” ဆိုတဲ့ ေဝါဟာရက ျမန္မာေတြပါးစပ္ထဲမွာ ၁၈ ရာစုမွေရာက္လာခဲ့တာလို႔ ဆိုနိုင္ပါတယ္။

အခ်ိဳ႕မွတ္တမ္းေတြအရေျပာရရင္ ျမန္မာေတြက မြန္ဂိုနဲ႕ စိန့္တိုင္းသားေတြကို ကြဲကြဲျပားျပား မခြဲျခားေတာ့ဘဲ တ႐ုတ္လို႔ ေရာေထြးစြာ ေခၚခဲ့ၾကတာျဖစ္တယ္။ တကယ္ေတာ့ မြန္ဂိုနဲ႕စိန့္တိုင္းသားတို႔ဟာ ဘာသာစကား၊ ဝတ္စားဆင္ယင္မႈကအစ ကြဲျပားၾကတယ္။

မြန္ဂိုတို႔က တုရက္ရ္ (Turk) လို႔ေခၚတဲ့ စိန့္တိုင္းသားေတြနဲ႕ မတူညီဘူးလို႔ သေဘာေပါက္လာတာက ေညာင္ရမ္းေခတ္ေရာက္မွလို႔ ဆိုပါတယ္။ အဲ့ဒီအရင္ကေတာ့ ျမန္မာေတြက အေရွ႕ေျမာက္ကလာတဲ့ လူတိုင္းကို သိမ္းက်ဳံးၿပီး တ႐ုတ္လို႔ေခၚခဲ့ၾကတာ။ ရွင္ဒိသာပါေမာက္ေက်ာက္စာမွာ မြန္ဂိုေတြကို “တ႐ုတ္” လို႔သုံးထားတယ္။ ရွင္ဒိသာပါေမာက္စစ္ေျပၿငိမ္းေရးအတြက္ တေကာင္းကိုေရာက္ေတာ့ မြန္ဂိုတပ္ဖြဲ႕ထဲမွာ “တုရက္ရ္” (Turk) လူမ်ိဳးေတြပါတယ္။

တိဘက္လိုေတာ့ Drug ဒ႐ုဂ္ လို႔ဆိုတယ္။ အခ်ဳပ္အားျဖင့္ေျပာရရင္ေတာ့ မြန္ ဂိုတပ္ဖြဲ႕ႀကီးကို တ႐ုတ္လို႔ အသံဖလွယ္ေခၚရာက စိန့္၊ စိနတိုင္းကို တ႐ုတ္လို႔ ေခၚဆိုလာခဲ့ၾကတာ။ ျမန္မာေတြက အေရွ႕ေျမာက္က ဝင္လာသူတိုင္းကို ခြဲျခားမေနေတာ့ဘဲ တ႐ုတ္လို႔ သိမ္းက်ဳံးေခၚလိုက္တာပါပဲ။

ဒါဟာ ပုဂံေခတ္ကတည္းက ေခၚခဲ့တာ။ တကယ္ေတာ့ စိန့္သားေတြနဲ႕ မြန္ဂိုေတြဟာ မတူညီၾကဘူး။ ဝတ္စား ဆင္ယင္ပုံ။ ဘာသာစကား၊ ယဥ္ေက်းမႈကအစ ကြဲတာ။ ေနာက္ပိုင္းေတာ့ စိန့္သားေတြကိုပဲ ျမန္မာတို႔က တ႐ုတ္လို႔ ေခၚလာတယ္။

တ႐ုတ္ကို မန္ခ်ဴးတို႔ လႊမ္းမိုးလာတဲ့အခ်ိန္မွာေတာ့ ျမန္မာေတြက စိန့္သားနဲ႕ မန္ခ်ဴးကို ခြဲျခားေခၚလာတယ္။ စိန့္သားေတြကို တ႐ုတ္လို႔ေခၚၿပီး မန္ခ်ဴးေတြကိုေတာ့ တ႐ုတ္နဲ႕ အသံထြက္နီးစပ္ရာကိုယူၿပီး “တရက္” လို႔ ေခၚခဲ့ရာက စတင္ခဲ့တာပါ။ မန္ခ်ဴးကို “တရက္” လို႔ ေခၚခဲ့တာက ေညာင္ရမ္းေခတ္က စတင္ခဲ့တာလို႔ ဆိုၾကပါတယ္။ အဲ့ဒီေနာက္ပိုင္းေတာ့ ျမန္မာတို႔က တ႐ုတ္တရက္ ဆိုၿပီးတြဲေခၚခဲ့ၾကတာ။

အခုေတာ့ တရက္ ဆိုတာ ေပ်ာက္လို႔ အေရွ႕ေျမာက္ဘက္နိုင္ငံကို တ႐ုတ္ (China) ဆိုတဲ့ ေဝါဟာတခုတည္းကိုပဲ အစဥ္တစိုက္ အသုံးျပဳလာၾကပါေတာ့တယ္။ တခ်ိန္က “တ႐ုတ္တရက္”ဆိုတဲ့ အသုံးရွိခဲ့ေၾကာင္းနဲ႕ တ႐ုတ္ပစၥည္း တရက္သာခံတယ္ဆိုတဲ့ သေဘာနဲ႕ အသုံးျပဳခဲ့တာမဟုတ္ေၾကာင္း ေဖာ္ျပလိုက္တာပါ။

အခုတင္ျပခဲ့တာကေတာ့ သုေတသီေတြနဲ႕ သမိုင္းေလ့လာသူေတြအတြက္ အေထာက္ကူျဖစ္မယ္ထင္လို႔ ရွာေဖြတင္ျပလိုက္ရေၾကာင္းပါ။

ကိုးကား- တ႐ုတ္-ျမန္မာဆက္ဆံေရးအပိုင္း(၂) ထြန္းေဇာ္႒ေး….ေရးသားသူ – ဆရာေဌး (DVB) ၊ သုတကေဖး

Leave a Reply

Your email address will not be published. Required fields are marked *