ခရစ္စမတ်လို့ အမည်ပေးထားတဲ့ ဂဏန်းနီကျွန်း မှာ ခြေချစရာ နေရာမရှိိ အောင် သန်းနဲ့ချီတဲ့ ဂဏန်းနီများ

Posted on

ချစ်ပရိသတ် ကြီးတို့ အံ့သြ သွားစေမဲ့ အိန္ဒိယ သမုဒ္ဒရာနှင့် သြစတြေးလျ ရေပိုင်နက် အတွင်းမှာရှိတဲ့ ‘ခရစ္စမတ်’လို့ အမည်ပေးထားတဲ့ ဂဏန်းနီကျွန်း အကြောင်းကို    ခရစ္စမတ်နားနီးလေး ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အဲ့ဒီ ကျွန်းကြီးကို (၁၆၄၃) ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး ဧရိယာ အကျယ်အဝန်း ကတော့ (၁၃၅) စတုရန်း ကီလိုမီတာ တည်ရှိပါတယ်။

ကျွန်းရဲ့ (၆၃) ရာခိုင်နှုန်းသော ဂဏန်းနီများကို သစ်တော အတွင်း ဂေဟ စနစ်အဖြစ် သြစတြေးလျနိုင်ငံရှိ အမျိုးသား ဥယျာဉ်က ထိန်းသိမ်းစောင့်ရှောက် ထားတာ ဖြစ်ပါတယ်။

ဤ  ကျွန်းကြီးမှာ ဂဏန်းနီ တစ်မျိုးတည်း မဟုတ်ဘဲ အခြားသော မျိုးစိတ် (၁၄) ခုလည်းရှိနေပါ သေးတယ်။ ဂဏန်းနီမျိုးစိတ်ကတော့ အများဆုံးလို့ ပြောရမှာပါ။ အဲ့ ဂဏန်းနီတွေက သာမာန် အချိန်များမှာ သစ်တော အတွင်းရှိ ကျွင်းများတွင် နေထိုင်ကြသော်လည်း

မိုးရာသီရောက်ရင်တော့ ပင်လယ် ပြင်သို့ ဥ ဥရန် ထွက်ခွာကြတာ ဖြစ်ပါတယ်။ နှစ်စဉ် ပင်လယ်ပြင်သို့ ထွက်ခွာ ကြတဲ့ ဂဏန်းကောင် ရေဟာ သန်း( ၁၂၀)နီးပါး ရှိပါတယ်။

ပင်လယ်ပြင် သို့ ထွက်ခွာရင်းနဲ့ လမ်းမှာတင် သေဆုံးကြတဲ့ ဂဏန်းနီ များလည်း ရှိပါတယ်။ ကြိုးစားဖြတ် ကူးရတဲ့ ဂဏန်းနီ လေးတွေပါ။

ကျွင်းတွေကနေ (၅) မိုင် ကျော်လောက် ကုန်းလမ်း ခရီးကို သွားကြရသဖြင့် သစ်တောအတွင်းမှာရှိတဲ့ ပုရွက် ဝါတို့၏ တိုက်ခိုက် ခံရမှုနှင့် ရေဓာတ် ဆုံးရှုံးပြီး သေဆုံးခဲ့ ကြတာ  ဖြစ်ပါတယ်။

ဂဏန်းအထီးများဟာ ပင်လယ် အတွင်းသို့ ရောက်တာနဲ့ အမ များနဲ့ မိတ်လိုက် ကြပြီး သစ်တောသို့ ပြန်ကြပါတယ်။ အမများ ကတော့ ပင်လယ်တွင်းမှာ သန်းနဲ့ချီသော ဂဏန်းပေါက် များကို ပေါက်ဖွားကာ

‘ခရစ္စမတ်ကျွန်း’သို့ မသေဘဲ ကျန်ရှိတဲ့ အဖိုတွေနဲ့ အတူ ပြန်လည် ရောက်ရှိလာကြပါတယ်။အဲ့လို ဂေဟစနစ်ဖြင့် သစ်တော အတွင်းမှာ ပုံမှန် လည်ပတ်လျက် ရှိနေပါတယ်။

ဖတ်ရှုအားပေးသော ချစ်ပရိသတ်ကြီး လည်း ဗဟုသုတများ စွာ ရရှိပြီး သာယာပျော်ရွှင် သောနေ့လေးပိုင်ဆိုင်နိုင် ကြပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

unicode

Leave a Reply

Your email address will not be published. Required fields are marked *