I-Phone တစ်လုံးရဲ့ Serial Number ကြည့်ပြီး အိုင်ဖုန်း ဗေဒင်ဟောကြမယ် …

Posted on

I-Phone ရဲ့ Serial Number ကိုသိရုံနဲ့ Ph မမြင်ရတန်း Ph ရဲ့ အမျိုးအစား နဲ့ အရောင် / ဘယ်နခုနှစ်ထုတ်လဲ / ဘယ်စက်ရုံက ထုတ်တာလဲ စတာတွေကို သိနိုင်မဲ့နည်းလေးကို မျှဝေပေးပါအုံးမယ်ဗျ …☺️

Serial Number ဖတ်တက်တော့ဘာရလဲ …??🤔

Brand New ပဲဝယ်ဝယ် second ပဲဝယ်ဝယ် ဂျင်းစိမ်းတွေ ဂျိုလ်ဂျက်တွေ မကြောက်ရတော့ဘူး ဖားရိုက်မခံရတော့ဘူးပေါ့ …အဓီကက ပညာရပါတယ်ဗျ …ကျွန်တော့်မှာ အကျင့်တခုရှိတယ်ဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ အကြောင်းကို ဂက နန မသိပဲ ကိုင်ရမှာရှက်တယ် မလုံဘူးစိတ်ထဲ …🙂

အဲ့အတွက် အသေးစိတ် အကုန်သိအောင်လေ့လာတယ်…ပညာဆိုတဲ့အမျိုးကလဲ ကုန်တယ်လို့မှ မရှိတာ …မအားတဲ့အတွက် လေ့လာဖို့အချိန် သိပ်မပေးနိုင်ဘူး အဲ့အတွက် အနားယူရမဲ့အချိန်တွေထဲက ဖဲ့ပြီး လေ့လာတယ် ဝါသနာပါတဲ့ Ph / ကား / ဆိုင်ကယ် / Laptop ….အစုံပေါ့ …လူလဲ လိုင်းပေါင်းစုံနဲ့ မထသ ကြီးကိုဖြစ်လို့… 😂

ios နဲ့ပတ်သက်တဲ့အကြောင်းတွေ ကျွန်တော် မတင်ဖြစ်တာ နှစ်နဲ့ချီနေပြီ …😅 iPh ကို Model Number ကြည့်ပြီး Region ခွဲနည်း …IMEI Number နဲ့ Info စစ်နည်း …Refur ခွဲနည်း စသည်ဖြင့် ဆြာ့ဆြာတွေ က မျိုးစုံတင်ပေးခဲ့ကြပေမယ့် …Serial Number ကြည့်ပြီးခွဲနည်းကို တင်ထားတာ မတွေ့လို့ ကျွန်တော်တင်ပေးလိုက်တာပါဗျ …😁

Serial Number ဆိုတာဘာလဲ …???

အလွယ်ပြောရရင် ထုတ်လုပ်သူတွေက Product ရဲ့ Detil ကို အလွယ်တကူ သိနိုင်ဖို့အတွက် နံပတ်စဉ် နဲ့ အက္ခရာလေးတွေကို စုစည်းထားတဲ့ Code ကိုဆိုလိုတာဖြစ်တယ် … အမှန်က အဲ့ထက်အများကြီး လေးနက်ပါတယ် ဘာတွေလုပ်လို့ရတယ်ဆိုတာ နောက်မှ ထပ်တင်ပေးပါအုံးမယ်ဗျ …

အဲ့ Code ကိုကြည့်တာနဲ့ Product ရဲ့ detil ကို ၏ / သည် မရွှေးသိနိုင်တယ် ဘယ်နရက်နေ့က ဘယ်စက်ရုံကထုတ်ခဲ့တာလဲ ဘာအရောင်လဲ စသည့်ဖြင့်ပေါ့ …

လူပိန်း နားလည်အောင် ဥပမာပေးရရင် … မှတ်ပုံတင်သဘောပေါ့ဗျာ …12/ ဆို ရန်ကုန် 13/ ဆို ရှမ်းပြည်နယ် 12/နောက်က 👉 မဂတ ဆို ရန်ကုန် မင်္ဂလာတောင်ညွှန့် 13/နောက်က 👉 တကန ဆို ရှမ်းပြည်နယ် တောင်ကြီး ….အဲ့လိုသဘောပေါ့ နံပတ်နဲ့ အက္ခရာလေးတွေကြည့်ပြီး ဘယ်မြို့နယ်က ဘာညာပေါ့… 😂

iPh / iPad / ipod / air pod / air tag / mac / tv / watch / home pod ….စတာတွေထဲကမှ iPh အကြောင်းလေး အရင်တင်ပေးမယ်ဗျ ကျန်တာတွေက နောက်အချိန်ရရင်ထပ်တင်ပေးပါအုံးမယ်ဗျ …😁

iPh မှာ Serial Number က Gen 3 ခုရှိသွားပြီးဗျ …😇 1st gen က 2007 to 2010 ( iPh 1 to 3gs ), 2nd gen က 2010 to 2020 ( iPh 4 to 12pro max ), 3rd gen က 2021 နောက် ( iPh 13 series )

1st Gen မှာဆို Serial Number က 11 လုံပါတယ်ဗျ 2nd Gen မှာကျတော့ 12 လုံးဖြစ်သွားပြီး 3rd Gen မှာကျတော့ 10 လုံးဖြစ်သွားပြန်ရော…ဖတ်နည်း နဲ့ Code ဖွဲစည်းပုံတွေက မတူကြဘူးဗျ …

ဒီနေ့ တင်ပေးမှာက စျေးကွက်ထဲ ပေါများတဲ့ 2nd Gen အကြာင်းပါဗျ …😁 ဥပမာ အနေ နဲ့ ကျွန်တော့်ရဲ့ 12 Pro max လေးရဲ့ Serial Number ကို ဖတ်ပြပေးပါမယ် …

12 pro max S/N 👉 G6TDN4770D5R 👈

2nd Gen ဖြစ်တဲ့အတွက် စုစုပေါင်း 12 လုံးပါပါတယ်ဗျ …😁 ပထမဆုံး 2 လုံး ဖြစ်တဲ့ G6 က Assembly Plant id ပါဗျ …သူကို တပ်ဆင်တဲ့ စက်ရုံးပါ ( အဲ့မှာတခုပြောစရာရှိတာက Assembly လို့သုံးထားတဲ့အတွက်Manufactured နဲ့ Def မတူပါဘူးနော် iPh ရဲ့ Parts တွေက manufacturers from around the world ပါနော် အသေးစိတ် ဆက်ရှင်းပြနေရင် လိုရင်းပျောက်ပြီး စာရှည်မှာဆိုးလို့ ပါ ) ☺️

G6 က ဘယ် Factory ကလဲဆိုတာ အောက်က Factory ရဲ့ Code ကိုကြည့်ပြီးသိနိုင်ပါတယ်ဗျ …Serial Number မှာပါတဲ့ Factory code နဲ့ Ph Setting ထဲက Model Number ထဲက region Code နဲ့ မတူပါဘူးနော် ရောသွားမှာ ဆိုးလို့ပါ …

Code Factory

FC – Fountain, Colorado, USA

XA – Elk Grove/Sacramento, California, USA

XB – USA

QP – USA

G8 – USA

RN – Mexico

CK – Cork, Ireland

VM – Foxconn – Pardubice, Czech Republic

SG – Singapore

MB – Malaysia

PT – Korea

CY – Korea

EE – Taiwan

QT – Taiwan

UV – Taiwan

FK – Foxconn – Zhengzhou, China

F1 – Foxconn – Zhengzhou, China

F2 – Foxconn – Zhengzhou, China

W8 – Shanghai, China

DL – Foxconn – China

DM – Foxconn – China

DN – Foxconn – Chengdu, China

YM – Hon Hai/Foxconn – China

7J – Hon Hai/Foxconn – China

1C – China

4H – China

WQ – China

WQ – China

F7 – China

C0 – Tech Com, Quanta Computer Subsidiary – China

G6 – Foxconn – Shenzhen, China

C3 – Foxconn – Shenzhen, China

C7 – Pegatron – Shanghai, China/Foxconn, Changhai, China (varying sources)

RM – Refurbished/remanufactured

F5K – Flextronics – USA

CK2 – Cork, Ireland

C02 – Tech Com, Quanta Computer Subsidiary – China

C07 – Tech Com, Quanta Computer Subsidiary – China

YM0 – Hon Hai/Foxconn – China

C17 – China

C1M – China

C2V – China

C2Q – China

E – Singapore

F – Fremont, California, USA/Fountain, Colorado,USA (varying sources)

ကျွန်တော့် Ph ရဲ့ Serial Number က ပထမ 2 လုံးက G6 ဆိုတော့ China Shenzhen ( Foxconn ) Factory ကထွက်တာပါ …
တတိယ အလုံးဖြစ်တဲ့ T က Assembly Line number ပါ …4 နဲ့ 5 လုံးမြှောက် နေရာက DN ကတော့ Production Date ပါ …အဲ့ D က ခုနှစ်ကို ရည်ညွှန်းပြီးတော့ N က အပတ်စဉ်ကို ရည်ညွှန်းပါတယ် ….အဲ့အတွက် DN ရဲ့ ဆိုလိုရင်းကိုသိဖို့ အောက်က list လေးသိဖို့လိုပါတယ် …👇

IPHONE ASSEMBLY DATE (DATE CODES IN SERIAL NUMBER) 2010-2029

C – 2010 1st half C – 2020 1st half

D – 2010 2nd half D – 2020 2nd half

F – 2011 1st half F – 2021 1st half

G – 2011 2nd half G – 2021 2nd half

H – 2012 1st half H – 2022 1st half

J – 2012 2nd half J – 2022 2nd half

K – 2013 1st half k – 2023 1st half

L – 2013 2nd half L – 2023 2nd half

M – 2014 1st half M – 2024 1st half

N – 2014 2nd half N – 2024 2nd half

P – 2015 1st half P – 2025 1st half

Q – 2015 2nd half Q – 2025 2nd half

R – 2016 1st half R – 2026 1st half

S – 2016 2nd half S – 2026 2nd half

T – 2017 1st half T – 2027 1st half

V – 2017 2nd half V – 2027 2nd half

W – 2018 1st halg W – 2028 1st half

X – 2018 2nd half X – 2028 2nd half

Y – 2019 1st half Y – 2029 1st half

Z – 2019 2nd half Z – 2029 2nd half

သူက 6လ တဖြတ်ပါ 1လကနေ 6 လထိကို ပထမနှစ်ဝက် 6 လကနေ 12 လထိကို ဒုတိယနှစ်ဝက် အဲ့လိုသတ်မှတ် ထားပါတယ် ဗျ ..

D ရဲ့ ခုနှစ် ကိုကြည့်လိုက်မယ်ဆိုရင် 2010 ဒုတိယနှစ်ဝက်လဲ ဖြစ်နိုင်သလို 2020 ဒုတိယနှစ်ဝက်လဲ ဖြစ်နိုင်ပါတယ်ဗျ …ကိုယ်ရော က်နေတဲ့ ခုနှစ်နဲ့ 2010 ဆို iPh 4 ထွက်တဲ့ Date ဆိုတော့ ကိုယ့် Model နဲ့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပေါ့ ….အဲ့အတွက် D ကို 2020 ဒုတိယနှစ်ဝက်လို့ရွှေးလိုက်တယ် …

4 လုံးမြှောက် D ရဲ့ ခုနှစ်ကိုဖတ်ပြီးသွားတော့ 5 လုံးမြှောက်ဖြစ်တဲ့ N ရဲ့ အပတ်စဉ်ကိုကြည့်ရအောင် … ခုနှစ်ကို 1st half နဲ့ 2nd half ခွဲထားတဲ့အတွက် အပတ်စဉ်ကြည့်တဲ့နေရာမှာလဲ အဲ့လိုပဲ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက် 2 ပိုင်းခွဲထားပါတယ်ဗျ …ကြည့်နည်းကတော့ လွယ်ပါတယ် ခုနှစ်ကြည့်တုန်းက ကိုယ့် Ph ရဲ့ ခုနှစ်က 1st half မှာ ထွက်ထားရင် အပတ်စဉ်ကိုလဲ 1st half မှာ ကြည့်ရုံပါပဲ 2nd half မှာ ထွက်ထားရင် 2nd half မှာ ကြည့်ရမှာပါ…😁

4 လုံးမြှောက် D ရဲ့ ခုနှစ်ကိုကြည့်ထားတုန်းက 2nd half မှာ ထွက်ထားတဲ့အတွက် အပတ်စဉ်ကိုလဲ 2nd half မှာ ကြည့်လိုက်ပါ N က October ရဲ့နောက်ဆုံးအပတ်ပါ …အဲ့အတွက် October 21 ကနေ 31 ကြားထဲက တရက်ရက်ပေါ့ …

1st Half👇 2nd half👇

January – 1 July – 1

January – 2 July – 2

January – 3 July – 3

January – 4 July – 4

February – 5 August – 5

February – 6 August – 6

February – 7 August – 7

February – 8 August – 8

March – 9 September – 9

March – C September – C

March – D September – D

March – F September – F

March – G September – G

April – H October – H

April – J October – J

April – K October – K

April – M October – M

May – N October – N

May – L November – L

May – P November – P

May – Q November – Q

May – R November – R

June – T December – T

June – V December – V

June – W December – W

June – X December – X

June – Y

ပထမအပတ်မကနေ ကိုးပတ်အထိကို 1 မှ 9 အထိ ဂဏန်းနဲ့ဖော်ပြပြီး 10 ပတ် ကနေ 27 ပတ်အထိကျတော့ C မက Y အထိ eng အက္ခရာ နဲ့ ဖော်ပြတယ် အဲ့ထဲမှာ A, E, I, O, U နှင့် S ကို မသုံးထားဘူး …

ကဲ DN ရဲ့ def: ကိုသိရပြီး D က 2020 N က October 21 နောက်ပိုင်း အဲ့တော့ DN က 2020 October ပေါ့ …😁ကဲ နောက် 6/7/8 လုံးမြှောက် ဂဏန်းလေး 3 လုံးကတော့ Unique Number ပါ Unique number နဲ့ UDID Number အကြောင်းနောက်မှ ဆက်တင်ပေးပါ့မယ် …😆

အဲ့တာပြီးတော့ 9/10/11 လုံးမြှောက်က Ph Model ကိုရည်ညွှန်းပါတယ် …အဲ့မှာလဲ Serial Number ထဲက Model code နဲ့ Ph ရဲ့ Body နောက်ကြောဖက်ရယ် Ph ဘူးခွံမှာ ပါတဲ့ Model Code နဲ့မတူပါဘူးဗျ ရောသွားမှာ ဆိုးလို့ပါ …😁 တချို့ တလေချွင်းချက်ရှိတဲ့အတွက်100% မဟုတ်ပေမယ့် 99% မှန်ပါတယ်ဗျ …👌

Serial Number 2nd Gen ရဲ့ Model Code👇

OD5 – iPh12 pro max

OD8 – iPh 12 pro

ODX – iPh 12

OGP – iPh 12 mini

N70 – iPh 11 pro max

N6X – iPh 11 pro

N72 – iPh 11

N73 – iPh 11

PLJ – iPh SE 2

KPH – iPh XS Max

KPF – iPh XS

KXK – iPh XR

JCL – iPhX

JCL – iPh 8 plus

JC6 – iPh 8

J5k – iPh 7 plus

HG7 – iPh 7

HTV – iPh SE

HFL – iPh 6s

G5M – iPh 6

FFG – iPh 5s

F8G – iPh 5

G07 – iPh 5c

DTF – iPh 4s

A4S – iPh 4

A4T – iPh 4

ကျွန်တော်နမူနာပြထားတဲ့ Ph ရဲ့ Serial Number က 9/10/11 လုံးမြှောက်မှာ OD5 ဖြစ်တဲ့အတွက် ကျွန်တော့် ph က 12 pro max ပါဗျ …12 လုံးမြှောက်ဖြစ်တဲ့ စာလုံးလေးကတော့ Colour ကိုရည်ညွှန်းပါတယ်ဗျ …အဲ့နေရာမှာ ပြောစရာရှိတာက Apple က Date / Model / Assembly Plant တွေကိုတာ အခုလို Code ပုံသေ သုံးပေ့မယ် Colour ကိုကျတော့ Model 1ခုကို Code တမျိုးသုံးထားတာတွေ့ရပါတယ်ဗျ …အဲ့အတွက် အသေးစိတ် Post 1ခုတင်ပေးမှရမဲ့အနေအထှားပါ အခုတောင် Post က အရမ်းရှည်သွားပြီးဗျ …😅

ဥပမာ အနေမဲ့ 11 Pro Max ရဲ့ Colour Code လေးကို ချပြထားပါတယ်ဗျ …

IPhone 11 Pro Max Phone Color Code 👇

K, P, F, V – Gold

W, G, L, Q – Midnight Green

D, J, N, T, Z – Silver

M, H, X – Space Gray

အနှစ်ချုပ် မှာကျွန်တော့် Ph ရဲ့ Serial Number ကို ဖတ်ရရင်… > G6TDN4770D5R < G6 = China Shenzhen { Foxconn } Factory T = Assembly line number DN = October 4 ပတ်မြှောက် 2020 477 = Unique Number OD5 = iPh 12 Pro Max R = Pacific Blue Serial Number 1st Gen ရဲ့ ဖတ်နည်း ကိုလဲ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ် ...😊 Serial Number 1st Gen 👉 YM7189GDVQH 👈 အဲ့မှာ ရှေ့နလုံးဖြစ်တဲ့ YM က manufacturing လုပ်တဲ့စက်ရုံးရဲ့ Location တတိယစာလုံးဖြစ်တဲ့ 7 က ထုတ်တဲ့ ခုနစ် 4 လုံးနဲ့ 5 လုံးမြှောက် 1 နဲ့ 8 က ထုတ်လုပ်တဲ့အပတ်စဉ် 6/7/8 လုံးမြှောက်က Ph ရဲ့ model Identificator ဖြစ်တယ် 3G လား 3GS လားစသည်ဖြင့်ပေါ့ ...9/10 လုံးမြှောက်က Ph ရဲ့ Colour ဖြစ်တယ် 11 လုံးမြှောက်က Ph ရဲ့ storage Memory ကိုရည်ညွှန်တာပါ 8gb လား 16gb လား စသည်ဖြင့်ပေါ့ ...😁 ဗဟုသုတ အနေနဲ့တာ 1st Gen ရဲ့ Serial Number အကြောင်း ကို ရှင်းပြပေးတာပါ ...စျေးကွက်ထဲတောင်မရှိသလောက်ရှားနေပြီးဖြသ်တဲ့ Old Model တွေကို ခွဲရာမှမလိုတော့တာ အဲ့ အတွက် ဘယ်ဂဏန်း / အက္ခရာက ဘာကိုရည်ညွှန်းတယ်ဆိုတာလောက်ပဲ ပြောပြပြီး အသးစိတ် Def: ဖွင့်မနေတော့ဘူးဗျ ...😅

Serial Number 1st Gen ရဲ့ Model Code 👇

VR0 (iPhone 2G Silver 4GB)

WH8 (iPhone 2G Silver 8GB)

0KH (iPhone 2G Silver 16GB)

Y7H (iPhone 3G Black 8GB)

Y7K (iPhone 3G Black 16GB)

3NP (iPhone 3GS Black 16GB)

3NR (iPhone 3GS Black 32GB)

3NQ (iPhone 3Gs White 16GB)

3NS (iPhone 3Gs White 32GB)

A4S (iPhone 4 Black 16GB)

A4T (iPhone 4 Black 32GB)

Apple ရဲ့ တခြား Products တွေရဲ့ Serial Number ဖတ်နည်းနဲ့ iPh ရဲ့ Serial Number 3rd Gen ဖတ်နည်း ကို အချိန်ရရင် ထပ်တင်ပေးပါအုံးမယ်ဗျ …😁 User ပါ ဆြာ့ဆြာ့ဂျီး မဟုတ်ပါ မှားရင်ထောက်ပြကြပါ ဖြည့်ဖတ်ပေးကြပါဗျ ..အညှင်းပွား အချင်းများရန် မရည်ရွယ်ပါ …အချိန်ပေးပြီး အဆုံးထိ ဖတ်ပေးတာ ကျေးဇူးပါဗျ …🙏☺️ @$#NMA

Leave a Reply

Your email address will not be published. Required fields are marked *