ညီအစ်မတွေ ကြား ကိုယ်ပိုင်တစ်လမ်းဖောက်ခဲ့တဲ့ စိုးမြတ်နန္ဒာအကြောင်းပြောပြလာတဲ့ မိခင်ကြီး

အနုပညာ  လောကရဲ့ နာမည်ကြီး   ညီအစ်မတွေ ဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနဲ့ စိုးမြတ်နန္ဒာ  ကတော့ အလှအပမှာ နာမည်ကြီးတဲ့အပြင်

သရုပ်ဆောင်တဲ့နေရာမှာ လည်းအလွန် ကောင်းမွန်တာကြောင့် ကောင်းသတင်းတွေနဲ့ ကျော်ကြားနေတာဘဲ  ဖြစ်ပါတယ်။

စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာ ညီအစ်မနှစ််ယောက် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ပြီး

ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာလည်း အောင်မြင်စွာနဲ့  ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ဘယ်အသက်အရွယ် ရောက်ရောက်သရုပ်ဆောင်ကောင်းတဲ့ ညီအစ်မနှစ်‌‌ယောက်အား အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိုးမြတ်သူဇာတို့ရဲ့ မိခင်ကြီး အန်တီ စိုးကြည်ဖြူက သမီးအငယ်ဆုံးလေး စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝ

အနုပညာ  ဖြတ်သန်းမှုပုံရိပ်တွေကို မျှဝေရင်း “သမီးငယ်က သမီးကြီး အမေရိကန်မှာ ငါးနှစ်နေချိန်မှာ မော်ဒယ်လ်ဂဲ ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်လာခဲ့တယ်။

အစ်မနဲ့မတူတဲ့ အိုက်တင်တွေနဲ့ လမ်းတစ်လမ်းဖေါက်ခဲ့တယ်။

ဒီသမီးနောက်မှာလဲကိုယ် တကောက်ကောက်ပဲပေါ့လေ” ဆိုပြီး

အစ်မဖြစ်သူ စိုးမြတ်သူဇာရဲ့ လမ်းစဉ်  ကိုမလိုက်ပဲ ကိုယ်ပိုင်တစ်လမ်းဖောက်ခဲ့တဲ့ စိုးမြတ်နန္ဒာရဲ့ အနုပညာ ပါရမီပါပုံကို အမှတ်တရပြောပြလာခဲ့ပါတယ်။

စိုးမြတ်နန္ဒာကတော့ ငယ်စဉ်ကတည်းက ဆံပင်တိုတို ကပ်ကပ်လေးတွေနဲ့  ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သလို

သူမရဲ့ အပိုအလိုမရှိ အိုက်တင် ပါးပါးလေးတွေကြောင့်လည်း အကယ်ဒမီ ဆုတွေများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ် ကြီးလည်း စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ကြည့်ရှုပြီး အရင်ကနေ့ရက်တွေကို ပြန်လည် သတိရသွားကြမယ် ထင်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း  သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Kyi Phyu’s fb

(Unicode)

Add a Comment

Your email address will not be published. Required fields are marked *