ပရိသတ် ကြီးရေ သရုပ်ဆောင် မောင် (စိန်ဖြိုးလှိုင်)နဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မင်းသမီး ချောလေး ရီရီပွင့်ဖြူ တို့စုံတွဲ လေး ကတော့ ဒီနေ့ မှာ သူတို့ နှစ်ဦး ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ ကျန်ရှိနေ သေးတဲ့ သူတို့ နှစ်ဦးရဲ့ Pre Wedding ဓာတ်ပုံ လေးတွေ ကို ချစ်ရတဲ့ ပရိသတ် တွေ အတွက် ထပ်မံ မျှဝေ လာခဲ့ ပါတယ်။
စိန်းဖြိုးနဲ့ ရီရီ တို့ ကတော့ ဒီတစ်ခါ တင်တဲ့ Pre Wedding ပုံလေးတွေ ကတော့ တကယ်ကို နောက်ဆုံး ရိုက်ကူး ထားတဲ့ ပုံလေးတွေ ဖြစ်ပြီး ဒီအချိန် ကာလမှာ မင်္ဂလာပွဲ လုပ်ဖို့ စီစဉ် ရတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် မင်္ဂလာပွဲ ကို (၃) (၄)ပွဲ မလုပ်ဘဲ (၁)ပွဲသာ လုပ်မှာ ဖြစ်လို့ အမှတ်တရ ဖြစ်တဲ့ Pre Wedding ဓာတ်ပုံတွေ ကိုတော့ တဝကြီး ရိုက်ဖိုက ဆုံးဖြတ်ချက် ချခဲ့ တာကြောင့် အခုလို Pre Wedding ပုံတွေ က များသွားခဲ့ ရတာပါတဲ့။
စိန်ဖြိုး နဲ့ ရီရီ တို့က မင်္ဂလာ ဧည့်ခံပွဲလေး ကိုတော့ မကြာခင်မှ ာကျင်းပ နိုင်ဖို့ စီစဉ် နေပါ တယ်တဲ့။ ပရိသတ်ကြီးတွေ ထဲက စိန်ဖြိုးနဲ့ ရီရီ တို့ကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် စိန်ဖြိုးနဲ့ ရီရီ တို့ရဲ့ Pre Wedding ပုံလေးတွေ ကို ပြန်လည် မျှဝေ ဖော်ပြ ပေးလိုက် ပါတယ်နော်။
Zawgyi