သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်လည်း အောင်မြင်နေသူလေး တစ်ယောက် ဖြစ်တဲ့ မေ

ချစ်စရာအလွန် ကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရုံသာမက ချိုသာကြည်လင်အေးမြတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အဆိုတော် တစ်ယောက်အဖြစ်လည်းလက်ရှိ အောင်မြင်နေ သူလေးတစ်ယောက် ဖြစ်ပါတယ်။

ရိုက်ကူးခဲ့သမျှ ဇာတ်ကားတိုင်းမှာ လည်း ပရိသတ် အားပေးမှုရရှိသလို ထွက်သမျှ သီချင်းတိုင်း ကလည်း အောင်မြင်ခဲ့တဲ့ ‘မေ’ကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကို လျှော့ချ သွားခြင်းမရှိပဲ ပရိသတ်တွေအတွက် အသစ်အသစ် တွေကို ဆက်လက် ဖန်တီးပြီး လှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ “Journey “ဆိုပြီး သူမရဲ့ ထွက်ပြီးသမျှ သီချင်းတွေကို ဇာတ်လမ်းလို ပြန်ဖန်တီးနေတဲ့အပေါ် အကောင်းမမြင်ပဲ ရိသဲ့သဲ့ပြောနေကြသူတွေအတွက် အခုလိုပဲ တုံ့ပြန်လာပါတယ်။

“ထွက်ပြီးသားသီချင်း‌တိုင်းကိုလည်း ဇာတ်လမ်းလိုတွေ ရူးပြီး ပြန်ရိုက်နေတာ မဟုတ်ပါဘူး.ကိုယ့်ရဲ့ ပရိသတ်အစစ်တွေအတွက် အမှတ်တရ ‘Album’ လေးလုပ်ချင်လို့။

’24’ရက်နေ့မှာ ထွက်ရှိ မယ့် “The Journey” သီချင်းကလည်း အရင် အရှေ့ကသီချင်းတွေနဲ့ သေသေချာချာ ‘Concept’ တွေချိတ်ပြီးရိုက် ထားလို့ပါ အားလုံးသေချာ  စဉ်းစားစီစဉ်ပြီးမှ ရိုက်ခဲ့တာပါ။

အရမ်း ဝမ်းနည်းတာတစ်ခုက ‘Covid’ ဖြစ်သွားတဲ့ကာလ အချိန်မှာ အခြားကိစ္စတွေအတွက် ငွေကြေးအရရော ‘Album’ လေးဆက်မလုပ်ဖြစ်တော့တာပါ။

ဒါပေမယ့်လည်း  အခုလို ‘Facebook’ ကနေပဲတင်ရ တော့လည်း ပရိသတ်တွေအားလုံးနဲ့ ‘Comment’ တွေအပြန်အလှန်ပေး၊စကားတွေပြောရတာ လည်း ပျော်မိပါတယ်။”

“နောက်ထပ် ဝမ်းနည်းရတာက ‘Facebook Page’ တွေက ပုံစံအသစ်တွေ၊ပုံစံအဟောင်းတွေ ဖြစ်သွားတဲ့ကြားမှာ ‘Engagement’ တွေကလည်း ကျနေတဲ့ အချိန်ဖြစ်နေတာပါ။

တင်သမျှ ပို့စ် တွေကို လူတွေ သိပ်မမြင်ရ ဖြစ်နေပြီး ပရိသတ်တွေရှိ အရောက်နည်းနေတာကိုတော့  ဝမ်းနည်းရပါတယ်။ ဒီ “Journey ” အတွက် ကျွန်မအများကြီး စိတ်ပင်ပန်းရပါတယ်။ လွန်ခဲ့တဲ့ ၉လ လောက်ကတည်းက လုပ်နေတာပါ။

အချစ်သီချင်း တစ်ပုဒ် ချိုချိုလေး ဖန်တီးလိုက်ရင် ပရိသတ်ကြိုက် ကြမှာသိပါတယ်။ ဘာလို့ဒီလိုတွေ ခက်ခက်ခဲခဲ စဉ်းစားပြီးလုပ်ခဲ့လဲ? ကျွန်မဖြတ်သန်းခဲ့တဲ့ဘဝရဲ့  အစိတ်အပိုင်းတစ်ချို့ကို ကျွန်မ   ပရိသတ်အစစ်တွေကို ဇာတ်လမ်း(သီချင်း)ထဲကနေ ပြောပြချင်တာပါ။

တချို့ ရိသဲ့သဲ့ အပြောတွေ အတွက် ကျွန်မ ခံစားရပါ၏။ မပျက်သော မေတ္တာများဖြင့် မေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာပါတယ်။

ပရိတ်သတ်ကြီးရေ ‘မေ’ကတော့ ထွက်ပြီးသားသီချင်းတွေကို ဇာတ်လမ်းလိုပြန်ရိုက်ခဲ့တဲ့အပေါ် ရူးပြီးလုပ်တယ်ဆိုပြီး ရိသဲ့သဲ့အပြောတွေကို ခံစားရကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်သော  နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May’s fb

Unicode

Add a Comment

Your email address will not be published. Required fields are marked *