Wave Money ထုတ်လို့ရ တယ်ဆိုပြီး post တွေ တင်ပေးနေတဲ့သူတွေကို သတိ ထားပါ….

Posted on

Wave Money ထုတ်လို့ရ တယ်ဆိုပြီး post တွေတင်ေ ပးနေတဲ့သူတွေကို သတိ ထားပါ သူတို့ကို ထုတ်လို့ရလား သွားမေးရင် ဘယ်လောက်ထု တ်ချင်တာလ ည်းဆိုပြီး မေးပါလိမ့်မယ်

ကိုယ်က ၅ သိန်း ၁၀ သိန်း ပြောလိုက်တာနဲ့ Wave Money Level ဘယ်လောက်လည်းဆိုပြီး မေးပါလိမ့်မယ်

Wave Money က level 2 ဆိုရင် တစ်ရက်ကို ၃ သိန်းထိပဲပေးထုတ်တာဆိုတော့ Level 3 ကိုတင်ခိုင်းပါလိမ့်မယ်

Wave Money Level 3 တင်ချင်ရင် သူပေးတဲ့ဖုန်းနံပါတ်ကို Viber ကနေစာပို့ပြီးတင်လို့ရတယ်ဆိုပြီး ဖုန်းနံပါတ်တစ်ခုပေးပါလိမ်မယ်

အဲ့ဒီဖုန်းနံပါတ်ကို Viber ကနေသွားပြောပြီဆိုရင် Wave Money Level 3 တင်မယ်ဆိုရင် Wave Money ဖွင့်ထားတဲ့ နာမည် ဖုန်းနံပါတ်တောင်းပါလိမ့်မယ်

ပြီးရင် သူတို့က ကိုယ်ဖုန်း ဆီပို့တဲ့ One Time password ကို သူတို့ဆီ ပြန်ပို့ပေးပါဆိုပြီး တောင်းပါလိမ့်မယ်

ဘယ်သူက ဘာကိစ္စကြောင့်ပဲတောင်းတောင်း OPTနဲ့ pinနံပါတ် လုံးဝမပြောရပါ

ဘယ်တော့မှ မပို့မိပါစေနဲ့ ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Wave Account ကသူတို့ဆီရောက်သွားပါလိမ့်မယ်

ငွေရှားနေတဲ့အချိန် အလိမ်အညာတွေ ပေါတယ်

Zawgyi Version







Crd

Leave a Reply

Your email address will not be published. Required fields are marked *