ရုပ်ရည်ကြောင့် ချစ်သူရဲ့လမ်းခွဲ ခြင်းခံလိုက်ရလို့ ၁၉ နှစ်အရွယ်မှာတင် ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့တဲ့ မိန်းကလေး

ဗီယက်နမ်နိုင်ငံရဲ့ ”social media”  ဟာ ရုပ်ရည်ကြောင့် ချစ်သူ  ကောင်လေးနဲ့လမ်းခွဲခဲ့ပြီး အသက် ၁၉နှစ်အရွယ်  ကတည်းက ပလပ်စတစ်ဆာဂျူရီလုပ်ခဲ့တဲ့  ကောင်မလေးရဲ့   အကြောင်းကြောင့် ခေါင်းရှုပ်နေကြရပါတယ်။Dak Lakပြည်နယ်ရှိ လက်ရှိအသက်၂၁နှစ်အရွယ် Nguyen Tuong Vyအမည်ရှိတဲ့   မိန်းကလေးတစ်ဦးဟာ   လွန်ခဲ့တဲ့နှစ်   အနည်းငယ်က ပလပ်စတစ်  ဆာဂျူရီမလုပ်ရ သေးတဲ့သူမရဲ့မျက်နှာပုံကို social media မှာတင်လိုက် ပြီးနောက် ညတွင်းချင်း ဗီယက်နမ်  နိုင်ငံရဲ့ခေါင်းကြီး  ပိုင်းသတင်းအထိ ရောက်သွားခဲ့ပါတယ်။

Vyက သူမကို တစ်ချိန်လုံးချစ်တယ်လို့  တစ်ဖွဖွပြောနေပေမဲ့ သူ့သူငယ်ချင်းတွေနဲ့တော့ လုံးဝမမိတ်ဆက်ပေးခဲ့တဲ့ အထက်တန်းကျောင်းသူ အရွယ် အသက်၁၇နှစ်တုန်းထဲက  တွဲခဲ့တဲ့ကောင်လေးနဲ့  ပြတ်သွားပြီးနောက် သူမရဲ့အသွင်အပြင်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့။ကောင်လေးရဲ့သူငယ်ချင်းက ပါတီပွဲဖိတ်တော့ ပွဲထဲကလူတွေက သူမကို ဝိုင်းကြည့်ပြီး ကြည့်ကောင်းတဲ့ကောင်လေးက ဘယ်လိုတောင်ဆိုးရုပ်တဲ့ရည်းစားကို ရွေးချယ်နိုင်   ရတာလဲ လို့အတင်းပြောနေတာကို သူမမြင်တွေ့ခဲ့ရတဲ့ အကြောင်း ပြန်ပြောပြထားပါတယ်။

ချစ်သူ ကောင်လေးကလည်း သူမကို မကာကွယ်ပေးတဲ့အပြင် မိတ်မဆက်ပေးဘဲ  နေနေခဲ့ပါသေးတယ်တဲ့။အဲ့တာနဲ့ သူမလုံးဝစိတ်ထိခိုက်သွားခဲ့ရပြီး လမ်းခွဲဖို့ပြောတော့ ကောင်လေးက ချက်ချင်းတောင်  သဘောတူ ခဲ့သေးတာကြောင့် ၁၇နှစ်အရွယ်  ကောင်မလေးအတွက် အတော်လေးစိတ်နာစရာ   ကောင်းနေမှာပါ။လမ်းခွဲပြီးမကြာတော့ ကောင်လေးက  သူ့ထက်လှတဲ့   ကောင်မလေးနဲ့တွဲနေတာကို မြင်ခဲ့ရပြီး Vyဟာ သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို မုန်းသွားရုံသာမက သူတို့ကြောင့် တစ်ခုခု  လုပ်ဖို့စဉ်းစားခဲ့ရင်း အမေဖြစ်သူကို ပလပ်စတစ်ဆာဂျူရီလုပ်ဖို့ ပူဆာခဲ့ပြီး အမေဖြစ်သူလည်း သဘောတူကာ ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အထက်တန်းကျောင်းပြီးလို့  အသက်၁၉နှစ်မှာတော့ သူမဟာ   နှာခေါင်း၊ပါးစပ်၊နှုတ်ခမ်းနဲ့မေးစေ့စတာ   တွေကို ခွဲစိတ်ကုသပြောင်းလဲခဲ့ပါတယ်။ခုချိန်တော့ Vyဟာ လူအများရဲ့ချစ်ခြင်းကို ခံနေရပြီး”ကျွန်မရည်းစားဟောင်းကို လွန်ခဲ့တဲ့၄နှစ်ကတည်းက အပြင်မှာမတွေ့တော့ပေမဲ့ သူကတော့ social media မှာ ကျွန်မကို  အမြဲတောက်  ထောင့်စောင့်  ကြည့်နေပြီး ကျွန်မ   ဓာတ်ပုံတွေလည်း likeပေးနေသေးတယ်”လို့ဆိုထားပါတယ်။သူမက ရည်းစားဟောင်းကို ကျေးဇူးတင်  ကြောင်းလည်းဆိုထားပါတယ်။လူအများက Vyရဲ့ရည်မှန်းချက်နဲ့ သူမကိုယ်သူမတိုးတက်အောင်လုပ်လို တဲ့ဆန္ဒအပေါ် ချီးမွမ်းစကားပြောဆိုပေးခဲ့ကြပါတယ်။အသက် ၁၉နှစ်ကတည်းက ပလပ်စတစ်   ဆာဂျူရီလုပ်တယ်ဆိုတော့ နည်းနောတဲ့   သတ္တိမဟုတ်ပါလား ဒါပေမဲ့ စိတ်နာ  သွားတဲ့ဒဏ်က အကြောက်   တရားကိုတောင်မမူဘဲ ကျော်လွှားနိုင်ပါတယ်။

Mia (Mckzone Daily)

Source : odditycentral

Add a Comment

Your email address will not be published. Required fields are marked *